ဖေဖော်၀ါရီလ ၅ ရက် ပုပ်ဖရန်စစ်၏ လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်းသတင်း

ဖေဖော်၀ါရီလ ၅ ရက် ပုပ်ဖရန်စစ်၏ လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်းသတင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဖေဖော်၀ါရီလ ၅ရက် ဗုဒ္ဓဟူးနေ့မှာ လူထုပရိတ်သတ်နဲ့ ပုံမှန်အတိုင်းတွေ့ဆုံခဲ့ပါသည်။ အရှင်သူမြတ်ဟာ မင်္ဂလာတရား ၈ ပါး ကိုအပတ်စဉ်လူထုနဲ့တွေ့ဆုံခြင်းမှာဟောကြားနေတာမို့ ထိုနေ့ကလည်း ဆက်လက်ပြီး အတွင်းစိတ်ဖြင့် ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏ ဟူသည့်ကျမ်းချက်ကို ဆက်လက်ထောက်ရှုကာ ဘုရားစကားသင်ကြားပို့ချပေးခဲ့ပါသည်။
ကျွန်ုပ်တို့ လက်ခံကြရမဲ့ ဆင်းရဲခြင်းဆိုတာ ရှိပါတယ်။ လောကီအရာများအစား ကျွန်ုပ်တို့ ကိုယ်စီကိုယ်၌က ဆင်းရဲချို့တဲ့ခြင်းကို ရှာဖွေသင့်ကြပါတယ်။ ကျွန်ုပ်တို့တတွေဟာ အလိုအလျောက်ဆင်းရဲနေပီးသားမို့ ဆင်းရဲသားအဖြစ် ပြောင်းလဲဘို့တော့ မလိုတော့ပါဘူး ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးဟာ အတွင်းစိတ်မှာချို့တဲ့ဆင်းရဲတဲ့ နုံချာတောင်းစားသူများဖြစ်ကြပါတယ်။ အတွင်းစိတ်ဖြင့်ဆင်းရဲသောသူသည် မင်္ဂလာရှိသည်ဆိုခြင်းကနှိမ့်ချစွာနဲ့ ညီရင်းအကိုစိတ် နဲ့ ချစ်ခြင်းမေတ္တာထားကာ လွတ်လပ်စွာ အများအတွက် အစေခံခြင်း စစ်မှန်သောလွတ်လပ်ခြင်းနဲ့ အစေခံခြင်းပင်ဖြစ်ကြောင်း
ကျွန်ုပ်တို့ အတွင်းစိတ်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ ဆင်းရဲခြင်း၊ နှလုံးသားထဲက လွတ်လပ်စွာ နဲ့ အစေခံတဲ့ စိတ်ဓာတ်ကို အမြဲပဲ ကျွန်ုပ်တို့ရှာဖွေကြရမှာဖြစ်ပါတယ်လို့ ဆိုပြီး ၄င်းရဲ့ ဗုဒ္ဓဟူးနေ့လူထု ပရိတ်သတ်နဲ့ ဘုရားစကားသင်ကြားခြင်းအစီအစဉ်ကို အရှင်သူမြတ်ပုပ်ဖရန်စစ်က အဆုံးသတ်ခဲ့ပါသည်။

By Sr.Lucia Thandar Aung, SJA
Credit: Vatican News

https://www.vaticannews.va/en/pope/news/2020-02/pope-at-audience-being-poor-in-spirit-is-true-freedom.html

Add new comment

9 + 8 =