ဖုန်းဖြင့်ချိပ်ဆက်နိုင်ခြင်းသည် ဒုက္ခသည်များနှင့်၄င်းတို့မိသားစုအတွက် ‘အသက်’

ဖုန်းဖြင့်ချိပ်ဆက်နိုင်ခြင်းသည် ဒုက္ခသည်များနှင့်၄င်းတို့မိသားစုအတွက် ‘အသက်’

ဖုန်းဖြင့်ချိပ်ဆက်နိုင်ခြင်းသည် ဒုက္ခသည်များနှင့်၄င်းတို့မိသားစုအတွက် ‘အသက်’

            ကမ္ဘာတစ်၀ှမ်း၌ ဒုက္ခသည်ပေါင်း (၂၅) သန်းကျော် မိမိတို့၏နေအိမ်များ၊ မိသားစုများ၊ လူမူအသိုင်းအ၀ိုင်းများ ကိုစွန့်၍ ဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းမှတ်တမ်းအရသိရသည်။ ၄င်းတို့နှင့်အတူ အခြားမည်သည့် အရာမျှယူမသွားနိုင်သော်လည်း တစ်ပါတည်းယူသွားနိုင်သောအရာမှာ ၄င်းတို့၏ချစ်သူခင်သူများကိုချိပ်ဆက်နိုင်သော လက်ကိုင်ဖုန်းပင်ဖြစ်သည်။ ဒုက္ခသည်များရေလမ်း၊ ကုန်းလမ်းများဖြင့်စွန့်စား၍ခရီးပြုရသောအခါ မိမိတို့၏မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများအား ၄င်းတို့မည်သည့်နေရာရောက်နေပြီ တည်နေရာပြစက် (GPS) ၌ရှာ၍ပြောပြနိုင်သည်။ အရေးတကြီးအကူအညီလိုအပ်လာလျှင်လည်း ခေါ်ဆိုမူများကိုချိပ်ဆက်နိုင်ရန်၊ ဤသို့ချိပ်ဆက်ခေါ်ခြင်းဖြင့် မည်သည့် အကျိုးအမြတ်မျှမယူဘဲဆက်သွယ်နိုင်ရန် ဗြိတိန်ကစီစဉ်ပေးထားသည်။ ဤအစီအစဉ်ကိုစတင်ဖော်ဆောင်သူမှာ JAMES PEARCE ဖြစ်သည်။ ဤသို့အသုံးပြုရန်မှာ မည်သည့်နိုင်ငံသို့ရောက်ရှိသွားသည်ဖြစ်စေ ၄င်းတို့၏နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ကိုယ်ရေးအချက်အလက်များကို UNHCR ရုံးသို့စာရင်းသွင်းရမည်။ ဤသို့လုပ်ဆောင်ရန်မှာ ထိုရုံးသို့ကိုယ်တိုင်သွားရန်မ လို။ ဖုန်းဖြင့်အချက်အလက်များကိုပေးပို့နိုင်သည်။ အဆိုပါလုပ်ဆောင်ချက်များကိုလုပ်ဆောင်ရန်မှာ ပိုက်ဆံမကုန်ဘဲ  ဖုန်းအသုံးပြုနိုင်ခွင့်ရှိရန်လိုသည်။

          ဒုက္ခသည်များအတွက် ဖုန်းကိုအသုံးပြုနိုင်ခြင်းသည် ဘ၀အတွက်လုံခြုံမူရှိစေသည်။ ဒုက္ခသည်တစ်ဦးသည် ပျောက်ဆုံးနေသော၄င်းတို့၏သမီးကိုဖုန်းဖြင့်တွေ့အောင်ရှာနိုင်ခဲ့သည်။ ၄င်းတို့သည် ခရီးတစ်ခုကိုပြုနေစဉ် အဆိုပါ ကလေးပျောက်ဆုံးပြီး၊ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ထိုသမီးအငယ်မှာ ပျောက်ဆုံးသွားသောနေရာမှ ဥ ရောပ‌မြောက်ပိုင်းသို့တွင်နေထိုင်သော မိသားစုတစ်စုထံရောက်သွားခဲ့သည်။ သို့ဖြင့် ၄င်းတို့၏သမီးနှင့်လုံး၀အဆက် အသွယ်ပြတ်တောက်သွားခဲ့သည်။ ကြံရာမရဖြစ်ပြီးနောက် ဖုန်းအခမဲ့ခေါ်ဆိုအသုံးပြုပေးသောဌာနသို့ချိပ်ဆက်အကူအ ညီတောင်း၍ ကြိုးစားချိပ်ဆက်ရာ လအတန်ကြာပြီးနောက်ပြန်လည်ဆုံဆည်းနိုင်ခဲ့သည်။    

            ဒုက္ခသည်များအား ဖုန်းခေါ်ဆိုခွင့်ပြုသည့် လူမူကူညီရေးအစီအစဉ်နှင့်ပတ်သက်၍ ရဟန်းမင်းကြီးဖရန်စစ်က ‘လူသားတိုင်းသည် ပိုကောင်းသော၊ ပိုပျော်သောဘ၀ကို လိုလားတောင့်တကြသည်။ ဒုက္ခသည်တို့၏ပြဿနာကို အကြမ်း ဖက်သည့်နည်းဖြင့်ဖယ်ရှားရှင်းလင်းပစ်ရန်မဖြစ်နိုင်ပါ။ ထို့အတူမဆိုစလောက်သောကိုင်တွယ်ဖြေရှင်းမူမျိုးဖြင့်လည်းဖြေ ရှင်းနိုင်မည်မဟုတ်’ ဟုမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီး၏အမူတော်ကိုစတင်ချိန်မှစ၍ ချို့ တဲ့နွမ်းပါးသူများကို အလေးထားလုပ်ဆောင်လာခဲ့သည်။ ကမ္ဘာ့အဖွဲ့အစည်းကြီးများအားလည်း နေရပ်ရွေးပြောင်းထွက် ပြေးနေကြရသော ဒုက္ခသည်များအရေးနှင့်ပတ်သက်၍လည်း စာနာနားလည်ထောက်ထားပေးကြရန်မေတ္တာရပ်ခံပေး လျှက်ရှိသည်။     

            ဒုက္ခသည်များ ဟိုရောက်သည်ရောက်၍ အဆင်မပြေဖြစ်ကာ အကြပ်အတည်းများဖြစ်ပေါ်ရသည်မဟုတ်။ ကျွန်ု်ပ် တို့အားလုံးသည် ဤအခြေအနေကို၀ိုင်း၀န်းဖြေရှင်းရမည်။ ၄င်းတို့ကို ကျွန်ုပ်တို့၏အိမ်နီးနားများအဖြစ်မြင်တွေ့ရမည်။ သူတို့နှင့်စကားစမြည်ပြောကြည့်လိုက်သည်နှင့်ခင်မင်ရင်းနှီးသွားပေမည်။ ဖုန်းကိုအခမဲ့ခေါ်ဆိုနိုင်၍ ဤသို့စာနာနား လည်ပေးသည့်အတွက်လည်း ဤအစီအစဉ်ကိုကျေးဇူးတင်ကြောင်းဖြင့် ကမ္ဘာတစ်၀ှမ်းမှ ဗွီဒီယိုများဖြင့်ခေါ်ဆိုကာ သတင်းစကားပါးလာကြသည်။ ဤအစီအစဉ်၏ဆောင်ပုဒ်ကား ‘ကျွန်ုပ်တို့အားလုံးချိပ်ဆက်ထားကြသည်’ ဟုဖြစ် ကြောင်း JAMES PEARCE ကရှင်းပြခဲ့ပါသည်။ 

https://bit.ly/37431bx

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Add new comment

2 + 6 =