ဖီလာဒဲလ်ဖီးယား၌အနားယူနေသောဂျက်ဆွီစ်ဘုန်းတော်ကြီး (၆) ပါးကိုဗစ် (၁၉) ကြောင့်ပျံလွန်

ဖီလာဒဲလ်ဖီးယား၌အနားယူနေသောဂျက်ဆွီစ်ဘုန်းတော်ကြီး (၆) ပါးကိုဗစ် (၁၉) ကြောင့်ပျံလွန်

ဖီလာဒဲလ်ဖီးယား၌အနားယူနေသောဂျက်ဆွီစ်ဘုန်းတော်ကြီး (၆) ပါးကိုဗစ် (၁၉) ကြောင့်ပျံလွန်

ကိုဗစ် (၁၉) သည်အသက်အရွယ်လည်းမရွေး၊ ဘာသာ၊ နေရာလည်းမရွေးဆွဲခေါ်သွားသည်။ ယခုလည်းဘုရားအမူတော်ဆောင်ပြီးနောက်၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာ၌ရောက်ရှိနေသော ဖီလာဒဲလ်ဖီးယားမှဂျက်ဆွီစ်ဘုန်းတော်ကြီး (၆) ပါးသည်ပြီးခဲ့သောလက ကိုဗစ် (၁၉) ကူးစက်ခံစားရ ပြီးပျံလွန်သွားခဲ့သည်။ 

အဆိုပါဘုန်းတော်ကြီးများသည် Manresa Hall ရှိဂျက်ဆွီစ်ဘုန်းတော်ကြီးတို့ပိုင်သောစိန့်ဂျိုး ဇက်တက္ကသိုလ်၀င်းအတွင်းရှိလိုယိုးလာဘုန်းတော်ကြီးတို့၏အဆောင်တွင်သီတင်းသုံးနေခဲ့ကြသည်။ ဘုန်းတော်ကြီးတို့သည်ဧပြီ (၁၄ - ၂၈) ရက်အတွင်းဒေသရှိအစိုးရဆေးရုံတွင်ဆေးကုသခံနေစဉ်ပျံလွန် သွားခဲ့ကြသည်။ 

၄င်းတို့နေထိုင်ခဲ့သောအဆောင်များကိုလက်ရှိ၌ပိုးသတ်ဆေးများဖျန်းထားပြီး၊ လူသူ နေထိုင်ခွင့်ကိုခေတ္တဲပိတ်ထားပြီး၊ မေလ (၂၅) မှပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ ယခုအခါ ဘုန်းတော်ကြီးတို့၏ကျောင်းဆောင်မှာရောဂါနှင့်ပတ်သက်၍တည်ငြိမ်နေပြီဖြစ်သည်။ ထိုကျောင်း တိုက်တွင်ဘုန်းတော်ကြီး (၁၇) ပါးသီတင်းသုံးနေထိုင်သည်။ ထိုကျောင်းတိုက်၌သီတင်းသုံးနေထိုင်ခဲ့ သောကိုဗစ် (၁၉) ရောဂါဖြစ်ပထမဦးဆုံးပျံလွန်သွားသည့်သက်တော် (၈၈) နှစ်ရှိဖာသာရ် G. Richard Dimler ပျံလွန်ပြီးသည်နှင့်ကျန်ဘုန်းတော်ကြီးများကိုစစ်ဆေးကြည့်လိုက်ရာအားလုံးမှာကိုဗစ် (၁၉) positive အဖြေထွက်လာခဲ့ကြသည်။ ဖာသာရ် G. Richard Dimler သည် Fordham တက္ကသိုလ်၌ကွန် ပျူတာသိပ္ပံနှင့်ဂျာမန်စကားကိုသင်ကြားပေးနေသူဖြစ်သည်။ 

ပျံလွန်သွားခဲ့သောဘုန်းတော်ကြီးများမှာသက်တော် (၉၃) နှစ်ရှိပြီဖြစ်သည့်ဖာသာရ် Francis Moan ဖြစ်သည်။ သူသည်ယခင်ကမေရီလန်းရှိ Loyola Blackefield prep shool ၏ကျောင်း အုပ်ဖြစ် ခဲ့သည်။ ကျန်တစ်ပါးမှာသက်တော် (၉၃) နှစ်ရှိဖာသာရ် John Lange ဖြစ်သည်။ သူသည် Scranton တက္ကသိုလ်၌အကြံပေးပုဂိုလ်ဖြစ်ခဲ့သည်။ သက်တော် (၇၉) နှစ်ရှိဖာသာရ် Edward Dougherty သည် အာဖရိကတောင်ပိုင်းရှိသင်တန်းကျောင်းတစ်ကျောင်းတွင်သီဩလိုဂျီသင်ပေးခဲ့သည်။ သက်တော် (၇၇) ရှိဖာသာရ် John Kelly မှာမူ Georgetown တက္ကသိုလ်၀င်း၏တာ၀န်ခံဖြစ်သည်။ ဖာသာရ် Michael Hricko မှာသက်တော် (၇၇) ရှိပြီး၊ သူသည်ဘုန်းတော်ကြီးများသီတင်သုံးသောကျောင်းတော်ကြီး၏ကိစ္စများကိုစီမံကြပ်မတ်ရသူဖြစ်သည်။ 

ဘုန်းတော်ကြီးများ၏ ပြောရေး ဆိုခွင့်ရှိသူ Mike Gabriele ကလက်ရှိ၌ရောဂါဆက်လက်မပျံ့ပွား စေရန်ညွှန်ကြားထားသည့်အတိုင်းအကာအကွယ်ယူလုပ်ဆောင်ထားကြောင်း၊ ယခုကဲ့သို့ဘုန်းတော် ကြီး (၆) ပါးမရှေးမနှောင်းတွင်ပျံလွန်သွားခဲ့ခြင်းအတွက်အသင်းနေဖြင့်အလွန်စိတ်ထိခိုက်ခံစားနေရ ကြောင်း၊ ရောဂါကူးစက်ခံစားရသောသူများအတွက်ဆက်လက်ဆုတောင်းပေးလျှက်ရှိကြောင်း၊ ဂျက် ဆွီစ်ဘုန်းတော်ကြီးအသင်း၌ကိုဗစ် (၁၉) သံသယရှိလူနာများအားလုံးကိုတင်းကြပ်စွာကြပ်မတ်ကုသ ပေးလျှက်ရှိကြောင်းပြောကြားခဲ့သည်။ ဂျက်ဆွီစ်ဘုန်းတော်ကြီးများသည်ကိုဗစ် (၁၉) ကြောင့်ပျံလွန် သွားခဲ့သောမိမိတို့၏နောင်တော်၊ ညီတော်ရဟန်းတော်များအတွက်စိတ်ထိခိုက်ခံစားနေကြရပြီး၊ ကိုဗစ် (၁၉) ရောဂါကူးစက်ခံစားနေရသူများ၊ ရောဂါရှိလူနာများအားကုသပေးနေရသောသူများအတွက်လည်း ဆုတောင်းပေးလျှက်ရှိသည်။

 

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo Credit: Gregory Dean/Shutterstock

https://bit.ly/2AicJtH

Add new comment

4 + 0 =