ဖိလိပိုင်ပြည်သူ (၆၅.၇) သန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဒေသန္တရရွေး ကောက်ပွဲ၌ မဲပေးကြ

ဖိလိပိုင်ပြည်သူ (၆၅.၇) သန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဒေသန္တရရွေး ကောက်ပွဲ၌ မဲပေးကြ

ဖိလိပိုင်ပြည်သူ (၆၅.၇) သန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဒေသန္တရရွေး ကောက်ပွဲ၌ မဲပေးကြ

           

ဖိလိပိုင်ပြည်သူများသည် ယနေ့ (မေလ ၀) ရက်နေ့၌ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဒေသန္တရရွေး ကောက်ပွဲကို ကျင်းပခဲ့ကြသည်။ နိုင်ငံအတွင်းမှ ကက်သလစ်ဘာသာတူများကလည်း ငြိမ်းချမ်းပြီး၊ ပွင့်လင်းမြင်သာ ယုံကြည်ရသော ရွေးကောက်ပွဲဖြစ်ရန်လည်းဆုတောင်းနေကြသည်။ ယနေ့နံနက် (၅) နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲများစ တင်ထည့်နေခဲ့ကြသည်။ မဲရုံသည် ယနေ့နံနက် (၆) နာရီ၌စတင်ဖွင့်လှစ်ပြီး၊ ညပိုင်း (၇) နာရီတွင်ပိတ်မည်ဖြစ်သည်။ စဉ် ဆက်မပြတ်ကိုယ်တော်မြတ်ဖူး ဆောင်သည်လည်း တစ်နေကုန်ဖွင့်လှစ်ထားက ဆုတောင်းလိုသူများ၊ ကျေးဇူးဆပ်တင်လို သူများ လွတ်လပ်စွာ၀င်ရောက်ဆုတောင်းနိုင်သည်။  

            ယခုရွေးကောက်ပွဲအတွက် မတ်လ (၇) ရက်နေ့မှ ရက်ပေါင်း (၉၀) ကြာမဲဆွယ် စည်းရုံးခဲ့ ကြသည်။ ယခုမှာဘု ရားသခင်၏ချစ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သနားခြင်းလက်တော် ၌သာအပ်နှံထား ရပေတော့မည်။ ပြည်သူများသည် ဘုရားသခင်၏၀င်ရောက်ဖြန်ဖြေမှုကို နှိမ့်ချစွာမျှော်လင့်ရင်း ယခုရွေးကောက်ပွဲအထမြောက်အောင်မြင်စေရန်၊ ဖိလိပိုင် လူမျိုးသည် ဉာဏ်ပညာ၊ တန်းတူညီမျှရှိရေး၊ ငြိမ်းချမ်းရေး၊ တရာမျှတခြင်း၊ စောင့်ရှောက်ကာကွယ်ခြင်းကောင်းကြီး တော်များအတွက်တောင်းခံရင်း ဘုရားသခင်၏အာဏာနှင့်သန့်ရှင်းသည် မကောင်းမှုများကိုချိုးနှိမ်နိုင်ရန်နှင့်မကောင်း သောအကြံ အစည်များကိုရှောင်ရှားရမည်။

                အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်အသင်း၀င်သီလရှင်တစ်ပါးဖြစ်သော Jennibeth Sabay Sabay ကတိုင်းပြည်၏အထွေထွေရွေးကောက်ပွဲကြီးအား ဘုရားသခင်လမ်းပြ၍ နိုင်ငံ၏ ကံကြံမ္မာကိုဖန်တီးပေးပါစေဟုဆန္ဒပြု ဆုတောင်းထားသည်။ ဤအတောအတွင်း၌ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ မေ (၅) ရက်နေ့မှယနေ့အထိ (၃) ရက်တာ အထွေထွေရွေး ကောက်ပွဲအောင်မြင်ရေး အထူးဆု‌တောင်း ရန်တိုက်တွန်းနှိုးဆော်ထားသည်။

ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သောဆရာတော် Pablo Virgilio David ကယခုရွေးကောက်ပွဲသည် ပြည်သူ မျှော်လင့်သည့်အတိုင်းဖြစ်လာမည်ဟုမျှော်လင့်ကြောင်း၊ ဤရွေးကောက်ပွဲတရားမျှတပြီး၊ ပွင့်လင်း၊ လွတ်လပ်မှုရှိရန်အတွက် ကျွန်ုပ်တို့တတ်နိုင်သော အကောင်းဆုံးနည်းလမ်းဖြင့်တောင်းဆိုရပါမည်။ ထိုနည်းလမ်းကား ဆုတောင်းခြင်းနှင့်မဲ ပေးခြင်း ကိုသေချာစီစစ်၍ထည့်ရန်နည်းလမ်းများဖြစ်သည်။  နိုင်ငံအတွင်းရှိသာသနာအသီးသီးမှ သာသနာ အုပ်စုငယ် များ၏ဘုရားကျောင်းကို မေလ (၈-၁၀) အထိဖွင့်လှစ်ထားပေးရန်၊ ကိုယ်တော်မြတ် စက္ကရာမင်တူးကိုလည်းထုတ်ဆောင် ထားပေးရန်မေတ္တာရပ်ခံထားသည်။ ကိုယ်တော်မြတ်ကိုလည်းအလှည့်ကျဖူးရန်စီစဉ်ထားကြသည်။ စိပ်ပုတီးစိပ်ခြင်း၊ လော်ရက်တို မယ် တော်၏လီတာနီရွတ်ဆိုပူဇော်ခြင်း၊ ကရုဏာရှင်ယေဇူးစိတ်ပုတီးစိပ်ခြင်းများကို နာရီအလိုက် စဉ်ဆက် မပြတ်ကိုယ်ကွယ်လိုသည်။

            ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း သာသနာအသီးသီး၊ သာသနာအုပ်စုများ၌ မဲပုံးများဖွင့်ဖောက် သည့်အချိန်၌ ဘုရားကျောင်းမှခေါင်းလောင်းကြီးငယ်များကို (၁၀) မိနစ်ခန့်ဆွဲရန် ညွှန်ကြားထားသည်။ ဤသို့ပြုလုပ် ခြင်းသည် နိုင်ငံသားတစ်ဦး၏တာ၀န်ကို ဆုတောင်းခြင်းပြု၍ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏ အလင်းကျေးဇူး တော်ဖြင့် ကျေပြွန်မှန်ကန်စွာထမ်းဆောင်ရန်၊ နိုင်ငံတော်နှင့်ဒေသန္တရခေါင်းဆောင်များကိုမှန်ကန်စွာရွေးချယ်နိုင်ရန် ဘာသာတူတို့ အား သတိပေး ခြင်းဖြစ်သည်။  တစ်စိတ်တစ်၀မ်းတည်းထား၍ သန့်ရှင်းသော၀ိညာဉ်တော်ဘုရားထံဆု တောင်းရာ၌ မတရားလိမ်လည်လှည့်ဖြားသောခေါင်းဆောင်များနှင့်၄င်းတို့ကိုအားပေးထောက်ခံသောသူများအားနင် ထုတ်ပစ်ရန်၊ အထူးသဖြင့်မဲများကို၀ယ်ယူမှုများဖြင့်မသာမာစွာအနိုင်ယူရန်ကြိုးစားနေခြင်း၊ ခြိမ်း ခြောက် ခြင်း၊ ကြားလူ ကိုသုံးခြင်း၊ အကြမ်းဖက်ခြင်း စသောလုပ်ရပ်များကို အချိန်မှီဖော်ထုတ် အရေးယူနိုင် ရန်ဖြစ်သည်။

            ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲကော်မရှင်၊ တွဲဖက်အဖွဲများ နှင့်အဖွဲ့အစည်းအသီးသီးတို့အတွက်လည်းဆုတောင်းပေးရန် သို့မှသာ၄င်းတို့သည် ပေးအပ်သောတာ၀န်များကို ပွင့်လင်း စွာ၊ ရိုးသားစွာ၊ သေချာစွာ၊ အဓိပ္ပါယ်ရှိရှိနှင့်ငြိမ်းချမ်းသော ရွေး ကောက်ပွဲဖြစ်စေရန်တိုက်တွန်းထားသည်။  သာသနာမှဖွဲ့ စည်းထားသော မဲရုံစောင့်ကြည့်ရေးအဖွဲ၊ သာသနာ၏အလုပ်အမှုဆောင်အဖွဲ့၀င်တစ်သန်းခွဲခန့်အား လုပ်အားပေးစေ လွှတ်၍ စောင့်ကြည့် စေခဲ့သည်။ မဲလာရောက်ထည့်သူများအားလည်းကူညီစေခဲ့သည်။  ဤမဲစောင့်ကြည့်ရေး သာသနာ့ ကော်မတီသည် ဘက်လိုက်မူ၊ အဖွဲ့အစည်းတစ်ခုခုကိုအားပေးထောက်ခံမှု၊ မည်သည့်အကျိုးမျှ မမျှော် လင့်ဘဲ အမိကက် သလစ်သာသနာတော်ကြီးနှင့်ချိပ်ဆက်ကာ နိုင်ငံအတွက် အမှန်တရားကို သက်သေ ခံနိုင်ရန် မည်သည့်အခြေအနေမျိုးဖြစ် နေစေကာမှုရပ်တည်လုပ်ဆောင်ခြင်းသည် အလွန်အရေး ကြီး ကြောင်း အဆိုပါအဖွဲ့အစည်း၏ဥက္ကဌဖြစ်သူ Myla Villanueva ကပြောကြားခဲ့သည်။ အဆိုပါလုပ် အားပေးအဖွဲ့များသည် တန်းစီရာ၌၊ မဲပေးရာ၌သိလိုသည်များကိုဖြေ ကြားပေးသူများ အဖြစ် လည်း ကောင်း၊ မဲရုံများ၌ကြိုဆိုသူများနှင့်လိုအပ်သည်များကိုကူညီလုပ်ဆောင်ပေးသူများအဖြစ် အသုံးတော် ခံကြမည်ဖြစ်သည်။

            ညွှန်ကြားရေးဗဟိုဌာနသည် မဲပေးရာ၌ပွင့်လင်းမြင်သာမှုရှိခြင်းမရှိခြင်း၊ စက်ခလုပ်များ၏ လုပ်ဆောင်ချက်မှန် ကန်မှုရှိမရှိတို့ကိုစစ်ဆေးရသည်။ ရွေးကော်နှင့် အနီးကပ်အလုပ် လုပ်ရသော အခါ၌လည်း ၄င်းတို့၏ရပ်တည်ချက်အပေါ် မားမားမတ်မတ်ရပ်တည်လုပ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများယုံကြည်နိုင်အောင်လုပ်ဆောင်မည်ဖြစ်ကြောင်း Villanueva ကပြောကြားခဲ့သည်။

(၂၀၁၆) ရွေးကောက်ပွဲ၌ မဲပေးရန်စာရင်းပေးသွင်းခဲ့သူ (၅၅၇၃၉၉၁၁) ရှိခဲ့ရာမှ ယခု မဲလာ ရောက်ပေးသူ (၄၃၇၁၆၈၁၇) ဦးရှိခဲ့ကြောင်း၊ မဲပေးသူ (၈၁.၉၅) ရာခိုင်နှုန်းရှိခဲ့ပြီး၊ (၂၀၀၁) နောက်ပိုင်းမဲပေးသူအများ ဆုံးလည်းဖြစ်ခဲ့သည်။ ရွေးကောက်ပွဲရလာဒ်အချို့ကို မေလ (၁၀) နေ့၌စတင်သိရှိနိုမည်ဖြစ်ကြောင်း နှင့် တနလ်ာနေ့ဖြစ်သော မေလ (၉) ရက်နေ့၌ ဖိလိပိုင်းနိုင်ငံသား (၆၅.၇) သန်းမဲဆက်လက်ထည့်၍ နိုင်ငံ၏သမ္မတ၊ ဒုသမ္မတ၊ ဆီးနိတ်လွှတ် တော်အမတ် (၁၂)၊ ကွန်ဂရက်ကိုယ်စားပြု သူများနှင့်ရွေး ကောက်ခံအမတ် (၁၈၀၀၀) ကိုရွေးချယ်တင်မြောက်သွား မည်ဖြစ်သည်ဟု ကြေငြာခဲ့သည်။          

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FE0CF0

Add new comment

10 + 2 =