ဖိလစ်မင်းသားအား ဗာတီကန် မှလည်းဂုဏ်ပြုဆု တောင်းပေးခဲ့

ဖိလစ်မင်းသားအား ဗာတီကန် မှလည်းဂုဏ်ပြုဆု တောင်းပေးခဲ့

ဖိလစ်မင်းသားအား ဗာတီကန် မှလည်းဂုဏ်ပြုဆု တောင်းပေးခဲ့

၀င်ဆာရဲတိုက်၌ ကျင်းပသော ဖိလစ်မင်းသားကြီး၏ စျာပနနေ့၌ ရောမမြို့ရှိ ‘ရဟန္တာအပေါင်း’ အင်္ဂလိကန်ဘု ရားကျောင်း၌လည်း အောက်မေ့ဖွယ်၀တ်ပြုဆုတောင်းပေးခဲ့သည်။ Edinburgh မြို့စား၊ အဲလိဇဘက်ဘုရင်မ၏ကြင်ယာ တော်သည် ဧပြီလ (၉) ရက်နေ့၊ သက်တော် (၉၉) နှစ်တွင် နတ်ရွာစံခဲ့သည်။ ဗာတီကန်၏နိုင်ငံခြားရေးရုံးမှ အတွင်းရေး မှူးလည်းအဆိုပါ အောက်မေ့ဖွယ်ရာ၀တ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ၀တ်ပြုခြင်းအခမ်းအနား ကို အင်္ဂလိကန်ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher ကဦးဆောင်ခဲ့ပြီး၊ သူ၏ဩ၀ါဒ ကိုရှေးခေတ် ဘာသာ ရေးကဗျာတစ်ပိုဒ်ဖြင့်အစပျိုးကာ မင်း သားဖိလစ်သည် အလွန်တည် ကြည်သူ၊ သူ၏ခြေရာလက်ရာများစွာကိုချန်ထားခဲ့ ကြောင်း၊ ဘုရင်မ၏ သျှောင်နောက်ဆံ ထုံးပါဆိုသကဲ့သို့ အပါး တော်မြဲခဲ့သူ၊ စကား‌ပြောရာ၌ ပြတ် သားသူ၊ သူသည် ကရု ဏာရေးလုပ်ငန်း (၈၀၀) ကျော်ကိုကွပ်ကဲလမ်းညွှန်ရသူ၊ သူ၏ အောင်မြင်မူများသည် မှတ် တမ်း တင်လောက်ကြောင်း၊ မင်းသားနှင့်ဘုရင်မအဲလစ်ဇဘက်တို့၏ အိမ်ထောင်ကျပြီးခါစနှစ်များသည် မည်သည့်တာ၀န်မျှမထမ်းဆောင်ရသေး၍ လွှတ်လပ်စွာပျော်ရွှင်နိုင်ခဲ့သော အချိန်ကာလဖြစ်ခဲ့ကြောင်း၊

သို့သော် (၁၉၅၂) အဲလစ်ဇဘက်ဘုရင်မ (၂၆) နှစ်၌ ဖခင် ကြီးနတ်ရွာစံသွားသော ကြောင့် ၄င်းတို့၏လွတ်လပ်သောဘ၀သည် ပြောင်းလဲသွားခဲ့ရကြောင်း၊ ထို့အချိန်မှစ၍ နတ်ရွာစံ သည်အထိ မင်းသားဖိလစ်သည် ဘုရင်မ ၏ဘေး၌သာချိန်၌ဖြစ်စေ၊ ဒုက္ခအမှောင်ကျချိန်၌ဖြစ်စေ သစ္စာရှိစွာရှိနေခဲ့သည်။ မင်းသားသည် ဘုရင်မ၏အမူကိစ္စများကိုပါ၀င်ကူညီလာခဲ့သည်။ ဖိလစ်မင်းသားသည် ဆန့်ကျင်မူများစွာဖြင့်ပြည့်နက်နေ သောဘ၀ကိုရှင်သန်ဖြတ်သန်းခဲ့ရသည်။ အချို့သောအဖုအထစ်များကို ခက်ခက်ခဲခဲပြေလည်အောင်လု ပ်ဆောင်ခဲ့ရ သည်။ အချို့သောအခြေအနေများသည် နောင်တရစရာ၊ နာကျင်စရာများဖြင့်အဆုံးသတ်ခဲ့ရသည်။ သို့သော် သူသည် ဤ သို့သောရုန်းကန်မူများကြား၌ ယခုနှစ်ပါစကားကိုကျင်းပခဲ့သည်။ သူသည် ရေတပ်ဗိုလ်ချုပ်၊ ဘုရင်မ၏ကြင်ယာတော်၊ အလွန်ကြီးမားသောတော်၀င်မိသားစု၏ အိမ်ထောင်ဦးစီးဖြစ်ခဲ့သည်။

ယခုအခါ ဤသစ်ပင်ကြီးသည် ပြိုလဲသွားရှာပြီ။ သို့ သော် သူအားပြန်လည်သတိရစရာ အမှတ်တရများချန်ထားခဲ့ပြီး၊ ကောင်းကင်နန်းသို့သစ်လွင်ရဲရင့်စွာ ဆက်လက်ကြီး ထွားဖွံ့ဖြိုးနေဦးမည်ဖြစ် ကြောင်းပြောကြားရင်း အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher ကသူ၏ဩ၀ါဒကိုအဆုံးသတ်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3duLj4V

Add new comment

4 + 7 =