ဖိလစ်ပိုင် Ramon Magsaysay ဆုချီးမြှင့်ခံရဖူးသော သက်တော် (၈၂) ရှိသူ ကက်သလစ်သီလရှင်

Sr. Eva Fidela Maamo in her office at the Foundation of Our Lady of Peace Mission, Inc. (Photo by Oliver Samson)

ဖိလစ်ပိုင် Ramon Magsaysay ဆုချီးမြှင့်ခံရဖူးသော သက်တော် (၈၂) ရှိသူ ကက်သလစ်သီလရှင်

သက်တော် ၈၂ နှစ်ရှိ စစ္စတာရ်မာမို သည် မာသာရ်ထရေဇားဆုကိုလည်းဆွတ်ခူးခဲ့ဖူးသူဖြစ်ပြီးသူမ၏ပြောင်​မြောက်သော မေတ္တာဂရုဏာလုပ်ငန်းများကြောင့် ဖိလစ်ပိုင်၏ အထင်ကရ ဖြစ်သော ရေမွန်းမတ်ခ်ဆိုင်းဆိုင်း ဆုကိုလည်း လက်ခံရရှိခဲ့သည်။

သူ၏အမည်အပြည့်အစုံမှာ Eva Fidela Maamo ဖြစ်သည်။ သူသည် ပထမဦးဆုံးခွဲစိတ်မှုကို သက်တော် (၃၄) နှစ်တွင် Lake Sebu မှ T'boli datu ၏အမျိုးသမီးအားခွဲစိတ်ပေးခဲ့သည်။ ထိုသူကား ဖိလစ်ပိုင်နိုင်ငံ၏ တောင်ပိုင်း၊ Cotabato တောင်ပိုင်းမြို့ တောင်ပေါ်ဒေသမှမြေပိုင်ရှင်တစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် သားအိမ်ပေါက်သွား၍သွေးထွက်နေခဲ့သည်။ ဆေးရုံသို့ပို့ဆောင်ရန်မှာလည်း (၆) နာရီခန့်သွားရသော Dadiangas ၌သာရှိသည်။ ထိုခရီးကိုလည်း ကားများဖြင့်သွားရသည်မဟုတ်။ ကုန်းကြောင်းဖြင့်သွားရမည် ဖြစ်သည်။ ထို့အတူ ချောင်း‌ကြီးချောင်းငယ် (၇) ခုကိုလည်းဖြတ်ရပေဦးမည်။ ထိုအမျိုးသမီးကို ထိုသို့ သယ်သွားမည်ဆိုပါကလည်း ဆေးရုံသို့ပို့ဆောင်နေစဉ်လမ်းခုလပ်၌အသက်ပါသွားနိုင်သည်။ အဘယ် ကြောင့်ဆိုသော် သူ၏အခြေအနေကား ကြမ်းကြမ်းတမ်းတမ်း၊ ပြင်းပြင်းထန်ထန်သယ်ပြုမထလှုပ်ရှား ၍မရသည့်အခြေအနေဖြစ်သည်။ ညှင်သာစွာပြုစုရမည်ဖြစ်သည်။ Dadiangas သည် Lake Sebu မှမြို့နှစ် မြို့ခန့်‌ေ၀းသည်။ သို့ဖြင့် အမျိုးသမီးအား ဆေးရုံသို့ပို့ဆောင်မည့်အစား ဘုန်းတော်ကြီးကျောင်းသို့ ခေါ်လာခဲ့ကြသည်။ ထိုနေရာ၌ဆေးခန်းသေးလေးဖွင့်လှစ်၍စစ္စတာရ် Maamo သည်ဆေး၀ါးကုသမှု၊ ခွဲ စိတ်မှုများကိုလည်း ၀ါးစားပွဲပေါ်တွင်ပြုလုပ်လေ့ရှိသည်။ စစ္စတာရ် Maamo သည် မာသာရ်ထရေးဇာဆု ကိုလည်းချီးမြှင့်ခံထားရသူဖြစ်သည်။ ထိုခွဲစိတ်မှုသည် အဆိုပါအမျိုးသမီး၏အသက်ကိုကယ်တင်နိုင်ခဲ့ သည်။ ခွဲစိတ်ရာ၌ လက်အိတ်စသောပစ္စည်းများမရှိဘဲ ခွဲစိတ်ရာ၌သုံးသောဓား၊ (၁၅) စီစီဒေသမေ့ဆေး၊ မီးညှပ်လေးခုသာရှိခဲ့သည်။ ဂလူးကိုစ့်မရှိသောကြောင့် အုန်းရည်လတ်လတ်ဆတ်ဆတ်ကိုအသုံးပြုခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ပိုတက်ဆီယမ်ပြည့်သည်ဟုလည်းဆိုပါသည်။

ကုန်းကြောင်းလျှောက်ဒေါက်တာများ

လမ်းပမ်ဆက်သွယ်ရေးခက်ခဲပြီး၊ ပထ၀ီအနေအထားအရအလွန်ခေါင်ခိုက်သည့်နေရာဖြစ်သည်။ စစ္စ တာရ်သည် ကုန်းကြောင်းလျှောက်၍ ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်သူများထံသို့သွားရောက်နိုင်ရန် T'boli, Ubo, Manobo, Bilaan, Kalagan, and Muslims လူမျိုးစုတို့မှ (၁၇) ဦးအား ကျန်းမာရေးသင်တန်းများပေး၍ကုသ စေခဲ့သည်။ Lake Sebu ဒေသ၌မြစ်ချောင်းများအလွန်ပေါများသည်။ ထိုဒေသ၌ချောင်းကြီး (၄၀) ဖြတ်သန်း စီးဆင်းသည်။ ထို့ကြောင့်နိုင်ငံခြားသားများအလွန်မျက်စိကျကြသည်။ အကျယ်အ၀န်းမှာ (၃၄၅) ဟက်ကာကျယ်၀န်းပြီး၊ ကျွန်းငယ် (၁၁) ခုနှင့်ကျွန်းကြီးများထွန်းလျှက်ရှိသည်။

ကျန်းမာရေးစောင့်ရှောက်ပေးသည့်၀န်ထမ်းများအား သင်တန်းပေး၍စေလွှတ်စောင့်ရှောက်စေခြင်း ကြောင့် ဒေသ၌ တစ်နှစ်အတွင်းရောဂါဖြစ်ပွားမှုသုံးပုံတစ်ပုံအထိလျော့နည်းလာခဲ့သည်။ အဖြစ်များသောရောဂါ များမှာအစာအိတ်နာခြင်း၊ လည်ချောင်းနာခြင်း၊ ဌက်ဖျား၊ အဆုတ်အအေးပတ်ခြင်း၊ အူနှင့်ဆိုင်သောရောဂါများ ဖြစ်ပွားခြင်းတို့ဖြစ်ကြသည်။ စစ္စတာရ်အနေဖြင့် အဆိုပါတောင်ပေါ်လူမျိုးနွယ်စုတို့နှင့်အတူကြာမြင့်စွာနေလိုသော် လည်း (၁၉၈၁) အသင်း၏အကြီးအကဲက သူ့အား မနီလာသို့ပြန်ခေါ်ခဲ့သည်။ (၂၀၀၅) ခုနှစ်သို့ရောက်သောအခါ စစ္စတာရ်သည် ဒေသအသီးသီးမှလူမျိုးနွယ်စုကိုမနီလာသို့လာရန်နှင့်ကုန်းလမ်းခရီးနင်၍ဆေး၀ါးကုသခြင်း၀န် ဆောင်မှုသင်တန်းကိုလာရောက်တက်ကြရန်ဖိတ်ခေါ်ခဲ့သည်။ သင်တန်းကိုစစ္စတာရ်ကိုယ်တိုင်ကြပ်မတ်၍ အ ဘယ်သို့စစ်ဆေးကုသပေးရမည်ကို သင်ကြားပေးသည်။ လိုအပ်ပါက ခွဲစိတ်မှုများအထိပြုလုပ်နိုင်ရန်သင်ကြား ပေးသည်။ သင်တန်းသည် ဘက်စုံလွှမ်းခြုံသောသင်တန်းဖြစ်သည်။ ခေါင်းဆောင်မှုသင်တန်းနှင့်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ အသင်းအဖွဲ့ကိုစီမံကွပ်ကဲ့ခြင်း၊ အခက်အခဲများကိုဖော်ထုတ်ခြင်း၊ အသက်မွေး၀မ်းကျောင်းများ၊ ဝိညာဉ်ရေးတန်ဖိုးများ၊ သင်တန်းများ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးကိုသင်ကြားပို့ချပေးသည်။ လက်ရှိ၌ အဆိုပါ သင်တန်း အပတ်စဉ် (၁၂) ကိုပို့ချပြီးဖြစ်သည်။ ယခုအခါ အထက်ကဆိုခဲ့သော ကျန်းမာရေးသင်တန်းတက် ရောက်ပြီးစီးပြီး တက်ကြွစွာလုပ်ကိုင်နေသော လူမျိုးစုဆရာ၀န် (၂၇၄) ဦးသည် ဒေသခံအဖွဲ့အစည်း (၁၁၀) ကြား တာ၀န်ထမ်းဆောင်လျှက်ရှိသည်။ ၄င်းတို့သည်လည်း ဆေးခန်းအချင်းချင်းချိပ်ဆက်၍ ဆေးခန်းများကို Subic, Zambales; Mindoro; Lake Sebu; and Bato, Leyte တို့၌ဖွင့်လှစ်ထားသည်။ စစ္စတာရ်ပို့ချပေးသောသင်တန်း တက်ရောက်ထားသူများသည် ဆေး၀ါးကျွမ်းကျင်သောဆရာ၀န်များမဟုတ်ကြောင်း၊ သို့သော် ဆေးပညာအမျိုး မျိုးကိုမိတ်ဆက်လေ့လာသင်ကြားပေးထားပြီး၊ အခြေခံအထွေထွေရောဂါများကိုမူကုသပေးနိုင်သည်။

ငြိမ်းချမ်းခြင်းမယ်တော် သာသနာပြုအဖွဲ့အစည်းကိုတည်ထောင်ခြင်း

(၁၉၈၄) ခုနှစ် စစ္စတာရ်အား အသင်း၏ အကြီးအကဲမှ Lake Sebu ပြန်ခေါ်ပြီးနောက် သုံးနှစ်အကြာတွင် မနီလာမြို့၏သနားစဖွယ်ချို့တဲ့နွမ်းပါးသူတို့နှင့်ဌာနေတိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ကိုပေးနိုင်ရန်အတွက် စစ္စတာရ်သည် အသင်းအဖွဲ့တစ်ခုကိုစတင်ဖွဲ့စည်း ခဲ့သည်။ ထိုအသင်းကို ‘the Foundation of Our Lady of Peace Mission’ (ငြိမ်းချမ်းခြင်းမယ်တော် သာသနာပြုအဖွဲ့အစည်း) ဟုဖြစ် သည်။ ဤအသင်းတည်ထောင်ခြင်း၏အစမှုလရည်ရွယ်ချက်ကား ကျန်းမာရေးစောင့်ရှောက်မှုသက် သက်ဖြစ်သည်။ သို့သော်နောက်ပိုင်း၌မူ တိုးချဲ့၍ အသက်မွေး၀မ်းကျောင်းပညာများ၊ ပညာရေး၊ လမ်း ပေါ်ရောက်လေလွင့်ကလေးများအားစောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အိုများအားစောင့်ရှောက်ခြင်း၊ ၀ိညာဉ်ရေးနှင့်ဘ၀တန်ဖိုးထားအပ်သည့်အကြောင်းများကိုလည်းထည့်သွင်းလုပ်ဆောင်လာခဲ့သည်။ ပို့ချချက်များ၌ မြေပဲယိုပြုလုပ်နည်း၊ သဘာ၀မြေဩဇာသုံး၍စိုက်ပျိုးနည်း၊ အချုပ်အလုပ်နှင့်ဆပ်ပြာများပြုလုပ်ခြင်း၊ အစားအစာများကိုကြာရှည်အထားခံစေရန်ပြုလုပ်နည်း စသည်တို့ဖြစ်သည်။

(၁၉၉၁) ခုနှစ်၌မူ Pinatubo မီးတောင်ပေါက်ကွဲခဲ့သောကြောင့် အဆိုပါအသင်းသည် မီးတောင်ကြောင့်ဒုက္ခရောက်သော ဒေသခံများ၏အိမ်များပြန်လည်တည်ဆောက်ခြင်းတို့၌ ကူညီပေးခဲ့ သည်။ ထိုမီးတောင်ပေါက်ကွဲမှုသည် (၂၀) ရာစုအတွက် ဒုတိယအပြင်းထန်ဆုံးနှင့်အဆိုးရွားဆုံးဖြစ်ခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် လူပေါင်း (၈၀၀) ကျော်သေကြေခဲ့ရပြီး၊ (၁၀၀၀၀) ကျော်အိုးမဲ့အိမ်မဲ့ဖြစ် ခဲ့ရသည်။ Aetas သည် အဆိုးရွားဆုံးထိခိုက်နစ်နာခဲ့သောဒေသဖြစ်သည်။ မီးလျှံနှင့်ချောရည်စီးကြောင်း များကြား ၄င်းတို့၏ အိုးအိမ်များ၊ ချစ်သူခင်သူများ၏အသက်များဆုံးရှုံးခဲ့သည်။

ငြိမ်းချမ်းရေးမယ်တော် သာသနာပြုအဖွဲ့သည် ထိုဒေသအတွက် ကောက်ပဲသီးနှံများပြန်လည်စိုက်ပျိုးနိုင်ရန်၊ ၀က်များ၊ ကြက် များပြန်လည်မွေးမြူနိုင်ရန်မတည်ပေးခဲ့သည်။ နှစ်အတော်ကြာပြီးနောက် စစ္စတာရ်နှင့်ကရုဏာရေးလုပ်ငန်းလုပ်ဆောင်သောအဖွဲ့များက ဆေး ခန်းများဖွင့်လှစ်ခြင်း၊ နေ့ကလေးထိန်းနေရာများဖွင့်လှစ်ခြင်း၊ မှုလတန်းကျောင်းများဖွင့်လှစ်ခြင်း၊ အ ထက်တန်းကျောင်းများဖွင့်လှစ်ပေးခြင်းတို့ကိုပြုလုပ်ပေးခဲ့သည်။ ဒေသခံများအတွက်လိုအပ်သော ကျွမ်း ကျင်မှုများရရှိနိုင်ရန်သင်တန်းကျောင်းများလည်းဖွင့်လှစ်ပေးခြင်း၊ မယ်တော်ဂူတစ်ခုကိုတည်ဆောက် ပေးခြင်း၊ ဘုရားကျောင်းဆောင်ငယ်ကိုလည်းတည်ဆောက်ပေးခဲ့သည်။

Aetas မီးတောင်တစ်၀ှိက်၌နေထိုင်သောဒေသခံများသည် နတ်ကောင်း၊ နတ်ဆိုးတို့ကိုယုံကြည် ခဲ့ကြသူများဖြစ်သည်။ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်၊ လျှိုစောင့်နတ်၊ အခြားသောနေရာများအား စောင့်သောနတ်တို့ကိုယုံကြည်ပူဇော်ကြသူများဖြစ်ခဲ့သည်။ သို့သော် စစ္စတာရ်နှင့်ငြိမ်းချမ်းရေးမယ်တော် သာသနာပြုအဖွဲ့တို့၏တမန်တော်လုပ်ငန်းများကြောင့် ဒေသခံများသည် ၄င်းတို့၏မိရိုးဖလာသက်၀င်ယုံ ကြည်မှုများကိုစွန့်၍ ကက်သလစ်ဘာသာ၀င်များဖြစ်လာခဲ့ကြသည်။ ကက်သလစ်ဘာသာသို့ကူးပြောင်း ရန်ကိုလည်း စစ္စတာရ်အနေဖြင့်မတိုက်တွန်းခဲ့။ အဖွဲ့နှင့်အတူ ဓမ္မဆရာတစ်ဦးကိုခေါ်သွားခဲ့သည်။ ထိုမှ တစ်စတစ်စဘာသာသို့ကူးပြောင်းလာခဲ့ကြသည်။ အချို့သည် လူမျိုးစု၏အစဉ်အလာအရလက်ခံထား သော မယားပြိုင်ထုံးကိုလည်းစွန့်လွှတ်ခဲ့ကြပြီး ဘုရားကျောင်း၌ စက္ကရာမင်တူးကိုပြည့်၀စွာခံယူခဲ့ကြ သည်။

(၁၉၉၂) ခုနှစ်၌ ကျန်းမာရေးစောင့်ရှောက်မှုကိုတိုးချဲ့ရန်အကြံရခဲ့သည်။ ဤသို့ဖြင့် ဆေးရုံနှင့် ေ၀းသောသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကိုစီမံခဲ့ကြသည်။ ဤသို့ဖြင့် ငြိမ်းချမ်းရေးမယ် တော်ဆေးရုံကိုစစ္စတာရ်ကဦးစီးတည်ဆောက်ခဲ့သည်။ ဤသို့တည်ဆောက်နိုင်ရန် ပြည်တွင်းပြည်ပမှအ လှူရှင်တို့၏အကူအညီကိုရယူခဲ့သည်။ နောက်ဆုံး၌ ကုတင် (၁၀၀) ဆံ့သော လေထပ်ဆောင်ဆေးရုံကြီး တည်ဆောက်ပြီးစီးခဲ့သည်။ ပျံလွန်သွားပြီဖြစ်သော ဂျက်ဆွီစ်ဘုန်းတော်ကြီး James Reuter သည် ဥက္ကဌ အဖြစ်ဦးဆောင်ပေးခဲ့သည်။ ဘုန်းတော်ကြီးသည် အဆုတ်နှင့်နှလုံးရောဂါဖြင့်ထိုဆေးရုံ၌ပင်ကုသမှုခံယူ ရင်း ပျံလွန်သွားခဲ့သည်။ လက်ရှိ၌ အဆိုပါအဖွဲ့အစည်းဥက္ကဌမှာ ဗာတီကန်၏ဧ၀ံဂေလိပြန့်ပွားရေးရုံး တော်ဥက္ကဌ ကာဒီနယ် Luis Antonio Tagle ဖြစ်သည်။

စစ္စတာရ်၏အစောပိုင်းဘ၀

စစ္စတာရ်သည် ဒုတိယတန်းကျောင်းသူဘ၀ကထဲပင် သီလရှင်များကို ပထမဦးဆုံးမြင်ဖူးခဲ့သည်။ စစ္စတာရ်၏ မိသားစုသည် စိန့်ပေါလ်သမီးများသီလရှင်အသင်း၄င်းတို့မြို့သို့ လာသည့်အခါအိမ်၌တည်းခိုနေထိုင်ခွင့်ပြုလေ့ရှိ သည်။ အဘယ်ကြောင့်ဆိုသော် စစ္စတာရ်တို့ သည်အခါအားလျှော်စွာ Leyte သို့ဘာသာရေးစာအုပ်များ၊ ပစ္စည်း များယူလာလေ့ရှိသည်။ စစ္စတာရ်၏ဖခင်မှာ Leyte မြို့၏မြို့တော်၀န်လည်းဖြစ်သည်။ Leyte သည်ဖိလစ်ပိုင်နိုင်ငံ ၏အလယ်ပိုင်းမှဖြစ်သည်။ စစ္စတာရ်များ အိမ်သို့ရောက်လာလျှင် ၄င်းတို့မည်သည့်အရာများပြုလုပ်သည်ကို စောင့်ကြည့်လေ့ရှိကြောင်း၊ အဆိုပါစစ္စတာရ်တို့၏လုပ်ဆောင်မှုများသည် သူ့အား တစ်နေ့သ၌ သီလရှင် ဖြစ်လာစေရန်စေ့ဆော်မှုဖြစ်စေခဲ့သည်။ သို့သော် အမှန်တကယ်သီလရှင်ဘ၀ကိုခံယူရန်ဆုံးဖြတ်သည့်အ ခါ၌မှု စိန့်ပေါလ်၏သမီးများအသင်းသို့မဟုတ်ဘဲ ‘the Sisters of St. Paul of Chartre’ (ချန်းတယ်မှစိန့်ပေါလ် သီလရှင်အသင်း) ကိုရွေးချယ်ခဲ့သည်။

စစ္စတာရ်သည် သူကိုယ်တိုင်ပင်လျှင် Cebu Velez ဆေးကောလိပ်မှဆေးကျောင်းပြီးခဲ့သူဖြစ်သည်။ ဆေး ကျောင်းပြီးသွားသောအခါ သူ၏ဇာတိမြို့၌ မိသားစုဆေးခန်းဖွင့်ကာ (၃) နှစ်ခန့်မျှလုပ်ကိုင်ခဲ့သည်။ သူ၏မိသားစု သည် သူ့အားသီလရှင်ဖြစ်ရန်ဆုံးဖြတ်ချက်ကိုလက်မခံခဲ့ကြပေ။ အထူးသဖြင့်ဖခင်ဖြစ်သူသည် လက်မခံခဲ့ပေ။ သို့ ဖြင့်စိတ်ပြောင်းသွားစေရန်ရည်ရွယ်၍ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားဆေးတက္ကသိုလ်သို့ ခွဲစိတ်မှုဘာသာရပ် ကိုအထူးပြုသင်ကြားရန်စေလွတ်ခဲ့သည်။ မည်သို့ပင်ကြိုးစားစေကာမှု သီလရှင်ဖြစ်လိုသော သူ၏စိတ်ကိုမပြောင်း လဲနိုင်ခဲ့ပေ။ သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံသို့ပြန်လာပြီး ချန်တဲယ်မြို့မှစိန့်ပေါလ်သီလရှင်အသင်း၀င်အဖြစ်ခံယူခဲ့သည်။ စစ္စတာရ်သည် (၁၉၉၄) ခုနှစ်က ဖိလစ်ပိုင်နိုင်ငံကချီးမြှင့်သော ‘ဆေး၀ါးထူးချွန်ဆု’ ကိုလည်းကောင်း၊ နိုင်ငံတ ကာငြိမ်းချမ်းရေးဆုကိုလည်း (၂၀၀၃) ခုနှစ်၌လည်းကောင်း၊ (၂၁) ရာစု၏အလွန်ထူးချွန်သောအမျိုးသမီးဆုကို (၂၀၀၂) လည်းကောင်း အသီးသီးဆွတ်ခူးထားသူဖြစ်သည်။ Ramon Magsaysay ဆုကိုမူ (၁၉၉၇) ခုနှစ်၌ဖြစ်ပြီး၊ မာသာထရေးဇာဆုကိုမှု (၁၉၉၂) ခုနှစ်ကယူခဲ့သူဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3CqroAH

Add new comment

1 + 0 =