ဖိလစ်ပိုင် အတွက် ဗာတီကန်သံအမတ် ကို ပုပ်ဖရန်စစ်ခန့်အပ်

ဖိလစ်ပိုင် အတွက် ဗာတီကန်သံအမတ် ကို ပုပ်ဖရန်စစ်ခန့်အပ်

ဖိလစ်ပိုင် အတွက် ဗာတီကန်သံအမတ် ကို ပုပ်ဖရန်စစ်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် စက်တင်ဘာ ၂၈ တနင်္လာနေ့က လက်ရှိ အယ်လ်ဘေးနီးယားမှာ သံအမတ်အဖြစ် အမှုတော်ဆောင်နေတဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Charles John Brown အား ဖိလစ်ပိုင် နိုင်ငံဆိုင်ရာ ဗာတီကန် သံအမတ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ယခင်က ဗာတီကန်သံအမတ်အဖြစ် ဖိလစ်ပိုင်အတွက် အမှုတော်ဆောင်ခဲ့သော အီတလီလူမျိုး Archbishop Gabriele Giordano Caccia အား နယူးယောက် သို့ရ​​ွှေ့ပြောင်းတာဝန်ပေးအပြီး ၂၀၁၉ ခူနှစ် နိုဝင်ဘာ ၁၆ ရက် ကထဲက ဖိလစ်ပိုင် အတွက် ဗာတီကန် သံအမတ်နေရာ လစ်လပ်နေခဲ့တယ်လို့ ဆိုပါတယ်။

အထက်ပါ ဆရာတော်ကြီးသည် ၁၉၅၉ အောက်တိုဘာ ၁၃ တွင်မွေးဖွားခဲ့ပြီး ၁၉၈၉ မေလ ၁၃ နယူးယောက် ဂိုဏ်းချူပ်သာသနာတွင် ရဟန်းသိက္ခာခံယူခဲ့သူဖြစ်ပါတယ်။

၂၀၁၁ နို၀င်ဘာ ၂၆ တွင် ပုပ်ဘယ်နဒစ် ၁၆ မှ ၎င်းအား အိုင်ယာလန် အတွက် ဗာတီကန် သံအမတ်အဖြစ် ခန့်အပ်ခဲ့ပြီး ဂိုဏ်းချုပ်ဆရာတော်ကြီး ရာထူးဘွဲ့ကိုပေးအပ်ခဲ့ကြောင်း

ပုပ်ဖရန်စစ်ကတော့ ၎င်းအား အယ်လ်ဘေးနီးယား သံအမတ်အဖြစ် ၂၀၁၇ မတ်လ ၉ ရက်မှာ တာဝန်ပေးအပ်ခဲ့ကာ ယခုအခါ ဖိလစ်ပိုင် အတွက် ဗာတီကန် သံအမတ်အဖြစ် ရွှေ့ပြောင်းခန့်အပ်လိုက်ကြောင်းကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2ELEVIa

Add new comment

6 + 3 =