ဖိလစ်ပိုင် မှ ကာဒီနယ် လူးဝစ် အန်တိုနီယိုတာ့ဂလယ် ၌ ကို ဗစ်ပိုးတွေ့ရှိ

ဖိလစ်ပိုင် မှ ကာဒီနယ် လူးဝစ် အန်တိုနီယိုတာ့ဂလယ် ၌ ကို ဗစ်ပိုးတွေ့ရှိ

ဖိလစ်ပိုင် မှ ကာဒီနယ် လူးဝစ် အန်တိုနီယိုတာ့ဂလယ် ၌ ကို ဗစ်ပိုးတွေ့ရှိ

ဧဝံဂေလိသတင်းကောင်းပျံ့ ပွားရေးဆိုင်ရာ ပုပ်ရဟန်း မင်းကြီးရုံးတော်ကောင်စီ ၏ အကြီးအကဲ ရဟန်းအမတ် Cardinal Luis Antonio Tagle, မှာ ကိုဗစ် ပိုး တွေ့ရှိရပြီး ၄င်းဟာ ကြာသပတေးနေ့က မနီလာ ကို ပြန်လည်ရောက် ရှိခဲ့ပါတယ်။ အတည် ပြုကြေငြာချက်ကို ဗာတီကန် သတင်းတိုက်က သောကြာနေ့ ညနေမှာ ထုတ်ပြန်ခဲ့တာပါ။

အဆိုပါ ရဟန်းအမတ်ဟာ နိုင် ငံတကာဆိုင်ရာ ကာရီးတာ့စ် အဖွဲ့အစည်းရဲ့ ဉက္ကဌ လည်းဖြစ်ပြီး ယခုအခါမှာတော့ ကွာရဲန်တင်း ဝင်နေပြီဖြစ်ကြောင်းနှင့် ကာဒီနယ် နှင့် အတူခရီး သွားများနှင့် နီးစပ်တွေ့ဆုံခဲ့သူများအား လိုအပ်သည့် စစ် ဆေးချက်များရယူနေပြီဖြစ် ကြောင်း ဗာတီကန်က ဆိုပါတယ်။

ဒီတပတ်ထဲမှာပဲ ကာဒီနယ်ဟာ တူရင်း မြို့ကို သွားခဲ့ကြောင်း၊ စက်တင်ဘာ ၇ ရက် နေ့က ရောမမြို့မှာလည်း ကိုဗစ် ပိုး စစ်ချက် Swab test ရယူခဲ့ကာ ရောဂါပိုး မတွေ့ရှိရကြောင်း ဗာတီကန်က အ တည်ပြုပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာတောင် ကာဒီနယ်ကြီးဟာ ကိုဗစ်ရှေတန်း တိုက်စစ်မှုးများအတွက် အွန်လိုင်း ဉပုသ်စောင့်ခြင်းတွင် ပို့ချ တရားပေးခဲ့ပါသေး​တယ်ဆိုတာကို CBCP သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: ABS-CBN

https://bit.ly/32mO0jB

Add new comment

1 + 2 =