ဖိလစ်ပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးကို ကြည်ညိုဖွယ် 'venerable' အဆင့် သို့ပါပါးဖရန်စစ်မှ တင်မြှောက်

ဖိလစ်ပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးကို ကြည်ညိုဖွယ် 'venerable' အဆင့် သို့ပါပါးဖရန်စစ်မှ တင်မြှောက်

ဖိလစ်ပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီးကို ကြည်ညိုဖွယ် 'venerable' အဆင့် သို့ပါပါးဖရန်စစ်မှ တင်မြှောက်

 

ဖိလစ်ပိုင်နိုင်ငံ စီဘူး Cebu မြို့မှ ဂိုဏ်းချုပ်ဆရာတော်ကြီး Teofilo Bastide Camomot ကို ကြည်ညိုဖွယ် အဆင့်သို့ တင်မြှောက်ရန် ပါပါးဖရန်စစ်မှ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဘုရားရှင်​၏မြင့်မြတ်ရဲရင့်သော အစေခံ Teofilo Bastide Camomot ကို ကြည်ညိုဖွင် အရှင် ဘွဲ့ထူးကို အပ်နှင်းကြောင်း ထုတ်ပြန်ကြေငြာရန် ရဟန်းမင်းကြီးက ဗာတီကန်ရဟန္တာတင်မြှောက်ရေး ရုံးတော် ကောင်စီ​၏ ထိပ်တန်းအကြီးအကဲ ကာဒီနယ် Marcello အား မေလ၂၁ ရက်နေ့က တာဝန်ပေးခန့်အပ်လိုက်ပါတယ်။

Venerable ကြည်ညိုဖွယ်အဆင့် ဆိုတာကတော့  တန်ဖိုးရှိတဲ့ ဘဝကို ရဲရင့်စွာရှင်သန်နေထိုင်ခဲ့ သူများနှင့် ဘဝများကို ဆက်ကပ်ပူဇော်ရှင်သန် နေထိုင်ခဲ့ကြပြီးကွယ်လွန်သွားကြသူများကို ရဟန်းမင်းကြီးမှ ပထမအဆင့် အနေနှင့် ပေးအပ်တဲ့  ဘွဲ့ဖြစ်ပါတယ်။

မြင့်မြတ်သူ Blessed အဆင့် ဖြစ်လာရန် Commot သည် တန်ခိုးအံ့ဖွယ်တခု ပြသရန်လိုအပ်ပြီး နောက်ဆုံး ရဟန္တာအဆင့်သို့ တင်မြှောက်ရန်အတွက်လည်း တန်ခိုးအံ့ဖွယ်တခု ထပ်မံ ပြသရန် လိုအပ်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်သည့် ဂိုဏ်းချုပ်ဆရာတော်ကြီး Teofilo Camomot ကို Carcar, Cebu မြို့တွင် ၁၉၁၄ခု မတ်လ ၃ ရက်တွင် ဖွားမြင်ခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး Jose Cuenco of Jaro ​၏ လက်ထောက် ဆရာတော်အဖြစ် အမည်တင်သွင်းခံခဲ့ရပြီး ၁၉၅၅ ခု မတ်လ ၂၆ ရောက်နေ့တွင် ဆရာတော် ပလ္လင်အပ်နှင်းခြင်း အခမ်း အနားကို Cebu မြို့ ကာသီဒြယ် ဘုရားကျောင်းတော် ၌ကျင်းပခဲ့တာပါ။ နောင်၃ နှစ်အကြာ ၁၉၈၅ခုနှစ် ဇွန်လ ၁၀ ရက်မှာတော့  ဂိုဏ်းချုပ်ဆရာတော်ကြီး ဖြစ်လာခဲ့ပါတယ်။

သူက ကိုယ်တော်မြတ်စက္ကရင်မင်တူးရဲ့  တတိယအဆင့် ကာမလိုက် အသင်းကို Misamis တွင် ၁၉၅၉ နိုဝင်ဘာ လတွင် တည်ထောင်ခဲ့ပြီး ထို အသင်းဂိုဏ်ဟာ နောက်ပိုင်းတွင် Santa Thresa သီလရှင် ဂိုဏ်းဖြစ်လာခဲ့ပါတယ်။

Cagayan de Oro မှာ ၁၂ နှစ်တာ နေထိုင်ခဲ့ပြီးနောက် Cebu သို့ပြန်လာခဲ့ပြီးအရိုက်အရာဆက်ခံသည့် ဂိုဏ်းချုပ်ဆရာတော် အဖြစ်မှနှုတ်ထွက် အနားယူ ခဲ့ကာ ၊  ၁၉၈၈ခု စက်တင်ဘာလ ၂၇ ရက်နေ့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု့ကြောင့် အသက် ၇၄ နှစ်အရွယ်တွင် ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ကြီးဟာ သက်တော်ထင်ရှားရှိစဉ်အခါကပင် သူ့ရဲ့မွန်မြတ်သန်းစင်မှု့အတွက် လူသိများ ကြော်ကြားခဲ့ပြီး၊  သူ့ရဲ့ ထင်ရှားတဲ့ဝိသေသ လက္ခဏာ ကတော့ ရုပ်ပစ္စည်း ပိုင်ဆိုင်မှု အပေါ် အစွဲလမ်း ကင်းခြင်းနှင့် ဆင်းရဲသားများအပေါ် အထူးပေးဆပ်ခြင်းပင်ဖြစ်တယ်လို့  Cebu ဂိုဏ်းချုပ်သာသနာ ​၏ ထုတ်ပြန်မှုမှာ ဖော်ပြထားတာပါ။

Ricardo ကာဒီနယ်ဆရာတော် Vidal တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ ဆရာတော်Teofilo Cammot ကို ရဟန္တာတင်မြှောက်ရေးနှင့်သူတော် မြတ်တင်မြှောက်ခြင်း လုပ်ငန်းစဉ်များ ကို ဂိုဏ်ချုပ်သာသနာအတွင်း ပထမဦးဆုံး အကြိမ် အဖြစ် ဖွင်လှစ်ခဲ့ကြောင်း

ရဟန္တာတင်မြှောက်ရေး အဖွဲ့ကြီး​၏ လမ်းညွှန်မှု ဖြင့် ဆရာတော်ကြီး Teofilo Camomot ​၏ သက်တော်စဉ် နှင့် စင်ကြယ်မှု ပါရမီ ပြည့်ဝသူအဖြစ် ကျော်ကြားသည့် ဘုရားရှင်​၏အစေခံ ကို ဒေသခံဂိုဏ်ချုပ်သာသနာအတွင်း ဖော်ထုတ်နိုင်ရန် ဂိုဏ်းချုပ်ဆရာတော် Jose Palma က လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပါတယ်။

လုပ်ငန်းစဉ် အဆင်ဆင့်ကို ၂၀၁၆ ခု ဇန်နဝါရီလ ၅ ရက်မှ ၂၀၁၇ မတ်လ ၂ ရက် နေ့ထိ စတင် လုပ်ဆောင်ခဲ့ပြီး ဆရာတော်နှင့် ပုဂ္ဂိုလ်ရေးအရ သိရှိခဲ့သူ မျက်မြင် သက်သေ ၄၅ ယောက်ကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ရဟန္တာများတင်မြှောက်ရေးတာဝန်ခံ အဖွဲ့ မှလည်း သက်ဆိုင်ရာ သာသနာ မှ ထုတ်ပြန်ကြေငြာသည့် လုပ်ငန်းစဉ်များ​၏ တရားဝင်မှု ကို ၂၀၁၅ ခု နိုဝင်ဘာ ၁၉ တွင် ပေးအပ်ခဲ့တာဖြစ်ပါတယ်၊

ဆရာတော်ကြီး Camomot ​၏ စင်ကြယ်မှုပါရမီ ကျော်ဇော သည့် ဘဝ The "Positio" မှတ်တမ်းကို ရွေးချယ်ရေးအဖွဲ့သို့ ၂၀၂၀တွင် တင်သွင်းခဲ့ကြောင်း ၊  ဓမ္မသင်္ဂြိုလ် ယုံကြည်မှု (Theological) ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ၉ ဦးနှင့်ဖွဲ့စည်းထားသည့် အထူးအဖွဲ့မှ Camomot ​၏ ရဲရင့်မှုပါရမီများ အပေါ် သဘောတူကြောင်းကို ၂၀၂၁ခု အောက်တိုဘာ ၂၁ တွင် တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

ဤကဲ့သိုသော တင်ပြမှုများစွာကို ဥသျှောင်အာဏာပိုင် ရဟန်းမင်းကြီး ဖရန်စစ်အားတင်ပြပြီး နောက် မေလ၂၁ ရက် ၂၀၂၂ တွင် ကာဒီနယ် Semeraro ​၏ တိကျခိုင်မာသော တင်ပြချက်များ အားဖြင့် ပါပါးမှ လက်ခံအတည်ပြုပေးခဲ့ပြီး ရဟန္တာတင်မြှောက်ရေးအဖွဲ့ ​၏ ဆုံးဖြတ်ချက်ကို လက်ခံခွင့်ပြုပေးခဲ့ပါတယ်။

ရလဒ်အနေနှင့် ဤအမိန့်ကို လူသိရှင်ကြား ကြေငြာရန်နှင့် ရဟန္တာတင်မြှောက်ရေး တာဝန်ခံ အဖွဲ့တွင် ပြဌာန်းရန် ရဟန်းမင်းကြီးမှ မိန့်ကြားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့  အချိန် အတွင်း ဆရာတော် Comomot ကို ရဟန်းမင်းကြီးမှ ရဟန္တာ တင်မြှောက်နိုင်ပါက ဆရာတော်ဘုရားသည် San Lorenzo Ruiz de Manila နှင့် San Pedro Calungsod ( ၂ ဦးလုံးသည် သာမန်လူဝတ်ကြောင်များဖြစ်သည်) တို့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံ​၏ တတိယမြောက် ရဟန္တာဖြစ်လာမှာ ဖြစ်ပါတယ်။

 

အာဗီအေဘာသာပြန်- မာကုစ် ညီညီထွန်း

https://bit.ly/3NxcPOu

 

 

Add new comment

2 + 10 =