ဖိလစ်ပိုင် ဂရုဏာ အဖွဲ့မှ စူပါတိုက်ဖွန်း ဘေးသင့်သူများအတွက် နိုင်ငံတကာအကူအညီကိုတောင်းခံ

ဖိလစ်ပိုင် ဂရုဏာ အဖွဲ့မှ စူပါတိုက်ဖွန်း ဘေးသင့်သူများအတွက် နိုင်ငံတကာအကူအညီကိုတောင်းခံ

ဖိလစ်ပိုင် ဂရုဏာ အဖွဲ့မှ စူပါတိုက်ဖွန်း ဘေးသင့်သူများအတွက် နိုင်ငံတကာအကူအညီကိုတောင်းခံ

ကမ္ဘာ့ပြင်းအားအမြင့်ဆုံး မုန်တိုင်းဖြစ်ခဲ့သည့် ဖိလစ်ပိုင်တွင် မကြာသေးမှီက တိုက်ခတ်ခဲ့သည့် စူပါရိုလီ တိုက်ဖွန်းမုန်တိုင်း ဒဏ်သင့်သူများအား အကူအညီပေးရန်အတွက် ဖိလစ်ပိုင် ဂရုဏာအဖွဲ့မှ နိုင်ငံတကာအကူအညီကိုတောင်းခံလိုက်ပါတယ်။

ဒီမုန်တိုင်းကြောင့် လူအယောက် ၂၀ သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒုက္ခရောက်နေကြရကြောင်း၊

ရံပုံငွေများမှာ ဒုက္ခသည်များအတွက်လိုအပ်သော အစားအစာ၊ သောက်သုံးရေ နှင့် အရေးပေါ်နေထိုင်စရာများပြုလုပ်ပေးရန်ဖြစ်တယ်လို့ ဆရာတော်ကြီး Bp.Jose Colin Bagaforo က ဆိုပါတယ်။

ဒီစူပါတိုက်ဖုန်းဟာ လူပေါင်း ၃၉၀၀၀ အိုးအိမ်စွန့်ခွာ နေရာပြောင်းရွှေ့စေပြီး ၃၄၇၀၀၀ ဟာ ကယ်ဆယ်ရေး စခန်းများမှာရှိနေသေးကြောင်း

အဆိုးရွားဆုံးထိခိုက်ခဲ့သည့် Albay ဒေသမှ အိမ်ခြေ ၃၀၀ ကျော်ဟာ မီးတောင် ရွှံ့ရည်များအောက်ရောက်ရှိခဲ့ပြီး ကိုဗစ် ကာလ နဲ့ ဒီတိုက်ဖွန်း ကြောင့် ဆင်းရဲဒုက္ခ များစွာဖြစ်စေမယ်လို့ ဆရာတော်ကြီး Bagaforo ကဆိုပါတယ်။

လူတိုင်း သနားကြင်နာခြင်းနဲ့ ရက်ရောခြင်းတို့နဲ့ ကူညီပေးကြပါလို့ ကျွန်ုပ်တို့ နှိမ့်ချစွာနဲ့ အသနားခံပါတယ်လို့လဲ ဆရာတော်က ဆိုပါတယ်။

မနီလာ ဂိုဏ်းချုပ်သာသနာမှ အရေးပေါ်အတွက် ဖိလစ်ပိုင်ငွေ ၁ သန်း ထုတ်ပေးခဲ့ကြောင်း

ကျွန်ုပ်တို့ရဲ့ ဆုတောင်းသံ နှင့် အသနားခံသံ ကို ကမ္ဘာတစ်ဝှမ်းမှ ကြားသိပြီး ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ဂရုဏာ ဒါရိုက်တာ ဘုန်းတော်ကြီး Fr.Tony Labiao မှ ပြောကြားခဲ့သည်ကို CBCP သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of :  LGU-TIWI

https://bit.ly/2HYHZ4Y

Add new comment

2 + 0 =