ဖိလစ်ပိုင်၌ ငလျင်ကြောင့် (၄) ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ

ဖိလစ်ပိုင်၌ ငလျင်ကြောင့် (၄) ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံ၏ ငလျင်တိုင်းထွာရေးစခန်းမှ၏မှတ်တမ်းအရ လှုပ်ခတ်သွားသောငလျင်၏ပြင်းအားမှာ (၇.၀) ရှိသည်ဟုထုတ်ပြန်သည်။

ငလျင်သည် Abra မှ Tayum တွင်ဗဟိုပြု၍ဗုဒ္ဓဟူးနံနက် (၈း၄၃) မိနစ်ခန့်တွင်လှုပ်ခတ်ခဲ့သည်။ ငလျင်းဒဏ် အခံရဆုံးသောဒေသမှာ ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးကျွန်းဖြစ်သော Luzon ၏ အနောက်မြောက်ဖက်၌ ဖြစ်သည်။

ယခုငလျင်သည် အလွန်အားပြင်းကြောင်း၊ မနီလာမြို့၏တောင်ဖက်၌လည်း အတော်ပြင်းထန်စွာလှုပ်ခတ် သွားသည်ကိုခံစားခဲ့ရကြောင်း ငလျင်တိုင်းတာရေးဌာနမှတာ၀န်ရှိသူတစ်ဦးကပြောကြားသည်။

မြေကြီးလှုပ်ခတ်နေ သည်မှာ ပုခက်စီးနေသကဲ့သို့ဖြစ်ကြောင်း၊ ထို့ကြောင့်ဒေသခံများအား နေရာရွေ့ပြောင်းထားပေးခဲ့ရကြောင်း၊ ရထားများ လည်း မနီလာ၌ရပ်နားထားခဲ့ရကြောင်း၊ ဗဟိုပြု၍ ငလျင်လှုတ်ခတ်သွားသော Abra ခရိုင်၌ အ‌ဆောက်အဦးများပြိုလဲပျက် စီးမှုများ၊ မြေပြိုမှုများ၊ လမ်းများပျက်စီးမှုများလည်းရှိသည်။

လတ်တလော၌ရရှိသောသတင်းအရ ငလျင်ကြောင့်သေဆုံး သူ (၄) ဦးရှိပြီး၊ ထိခိုက်မှုအများအပြားရှိသည်။ သမ္မတသစ် Ferdinand Marcos Jr ကငလျင်ဒဏ်သင့်ဒေသသို့ ကယ် ဆယ်ရေးအဖွဲ့များချက်ချင်းစေလွှတ်ရန်နှင့်ကိုယ်တိုင်သွားရောက်ကြည့်မည်ဖြစ်ကြောင်းသတင်းထုတ် ပြန်ခဲ့သည်။

ငလျင်ကြောင့် Vigan မြို့မှသမိုင်း၀င်သည့်ကိုနီခေတ်ကအဆောက်အဦးများ၊ Bantay ဘုရားကျောင်း ၏ခေါင်းလောင်းစင်နှင့်မျက်နှာစာများပြိုကျပျက်စီးသွားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစီးဖိတ်သမုဒ္ဒရာ၏ ‘Ring of Fire’ (မီးကွင်း) ဟုခေါ်သော ဘေးရှိသောဇုံထဲ၌ကျရောက်‌နေသည်။

လွန်ခဲ့သော (၂၀၁၂၊ ၂၀၁၃၊ ၂၀၁၉) နှစ်များ၌ လည်း အင်အားပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့သည့်မှတ်တမ်းများရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3oBmCJ1

Add new comment

7 + 3 =