ဖိလစ်ပိုင်သာသနာ၏ တက်ကြွလှုပ်ရှားသူများမှ ကျောက် မီးသွေးစက်ရုံတည်ဆောက်ခြင်းအား ဆန့်ကျင်

ဖိလစ်ပိုင်သာသနာ၏ တက်ကြွလှုပ်ရှားသူများမှ ကျောက် မီးသွေးစက်ရုံတည်ဆောက်ခြင်းအား ဆန့်ကျင်

ဖိလစ်ပိုင်သာသနာ၏ တက်ကြွလှုပ်ရှားသူများမှ ကျောက် မီးသွေးစက်ရုံတည်ဆောက်ခြင်းအား ဆန့်ကျင်

နိုင်ငံ၏ စွမ်းအင်လိုအပ်မှုအရ အစိုးရမှ ကျောက်မီးသွေးစက် ရုံ တည်ဆောက်ခြင်းများအား ခွင့်ပြုလျှက်ရှိသည်။ သို့သော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများမှ သ ဘာဝပတ်ဝန်းကျင်အား ထိ ခိုက်စေမည့် ကျောက်မီးသွေးစက်ရုံတည်ဆောက်မည့် စီမံ ကိန်းများအား ရပ်တန့်ပေးရန် စက်ရုံတည်ဆောက်မည့် ဖိလစ်ပိုင်သာသနာ၊ Quezon နယ်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။

Lucena၏ ဂိုဏ်းချုပ်ဆရာ တော် Mel Rey Uyမှ ရဟန်းဘုန်းတော်ကြီး(၁၀၀)ကျော် လက်မှတ်ထိုးထားသော စက် ရုံဆောက်မည့် အစီအစဉ်အား ကန့်ကွက်ခြင်းစာတစ်စောင်ကို တင်ပြခဲ့သည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းသည် Quezonနယ်တွင်သာမက တစ်နိုင်ငံတွင်တည် ဆောက်မည့် ကာဗွန်အထူးပြု စီမံကိန်းများအား အပြင်း အထန်ကန့်ကွက်ခြင်းအတွက် သာဓကဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နိုင်ငံ၏ လူထုပါဝင်မှု အကြီးမားဆုံး အဖွဲ့အစည်းများလည်း Quezonနယ်တွင် ကျောက်မီးသွေးစက်ရုံတည် ဆောက်မည့် စီမံကိန်း ကန့် ကွက်မှုတွင် ပါဝင်ခဲ့ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်သုံးစုကျော်ကတည်းက ဖိလစ်ပိုင် နိုင်ငံဆရာတော်ကြီးများအဖွဲ့ချုပ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး စာစောင်များစွာ ထုတ်ပြန်ခဲ့ဖူးသည်။

၂၀၁၉ ဂျူလိုင်(၁၆)တွင် ထုတ်ပြန်ခဲ့သော (၈)ကြိမ်မြောက်နှင့် နောက်ဆုံးစာစောင်တွင် သာသနာ့အဖွဲ့အစည်းများအား ဆင်းရဲသားများနှင့် ကမ္ဘာကြီး၏ငိုကြွေးသံများအား နားထောင်ကြရန်၊ ရာ သီဥတုအား ဆိုးကျိုးဖြစ်စေမည့်အရာများအား လျော့ပါးသွားစေဖို့ အတူတကွလုပ် ဆောင်ကြရန် တိုက်တွန်းခဲ့သည်။ ကက်သလစ်အဖွဲ့အစည်းများအားလည်း ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း ၊ သတ္တုတူးဖော်ခြင်း လုပ်ငန်းများနှင့် အပျက်သဘောဆောင်သော စီမံကိန်းများတွင် သူတို့၏ရင်းနှီးမြှပ်နှံမှုများအား လျှော့ချရန် တိုက်တွန်းခဲ့သည်။

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/3bB2Rdk

Add new comment

1 + 0 =