ဖိလစ်ပိုင်သာသနာမှ ခရစ္စမတ်ကောက်ခံရရှိသည့်အလှုငွေကို တိုက်ဖုန်းဒုက္ခသည်များအတွက်ရည်စူး

ဖိလစ်ပိုင်သာသနာမှ ခရစ္စမတ်ကောက်ခံရရှိသည့်အလှုငွေကို တိုက်ဖုန်းဒုက္ခသည်များအတွက်ရည်စူး

ဖိလစ်ပိုင်သာသနာမှ ခရစ္စမတ်ကောက်ခံရရှိသည့်အလှုငွေကို တိုက်ဖုန်းဒုက္ခသည်များအတွက်ရည်စူး

ဖိလစ်ပိုင်နိုင်ငံတွင် odette မုန်တိုင်းဒဏ်ကြောင့် လူသေကြေ ပျက်စီးခဲ့ရ ပြီး လူပေါင်း သိန်းပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Odette မုန်တိုင်းဒဏ်ကြောင့် ဒုက္ခခက်ခဲတွေနဲ့ ခံစားနေရသော မိသားစုများအတွက် ဒီဇင်ဘာ(25-26) နေ့ကို တစ်နိုင်ငံလုံးဆိုင်ရာ ဆုတောင်းပွဲနေ့အဖြစ် ဖိလစ်ပိုင် ကက်သလစ်ဆရာတော် အဖွဲ့ချုပ်မှ သတ်မှတ်ခဲ့ပါသည်။

တိုက်ဖုန်း မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသော ဒုက္ခ သည်များအတွက် ပါဝင်လှူဒါန်းကြဖို့လည်း ဂိုဏ်းချုပ်သာသနာများကိုတောင်းဆိုခဲ့သည်။

ခရစ္စမတ်နေ့ရက်နှင့် နောက်ရက်များ၌ လည်း မုန်တိုင်းဒဏ်ခံရသော ဒုက္ခ သည်များအတွက် မစ္ဆားတရားတော်မြတ်မှာ ဒုတိယအကြိမ် အလှူခံသွားဖို့လည်း အားပေး တိုက်တွန်းခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ တာဝန်ခံ ဆရာတော်ကြီး ဒေးဗစ်က ကရုဏာအဖွဲ့မှ ကူညီဆောင်ရွက်ချက်ပြုလုပ်နေကြပြီး ကောက်ခံရရှိသည့်အလှူငွေများကိုလည်း မုန်တိုင်းသင့် ပြည်သူများဆီ ပေးပို့ကြဖို့ ဆရာတော်မှ တိုက်တွန်းအားပေးထားပါသည်။

ရေဘေးဒုက္ခသည်များသည် စားနပ်ရိက္ခာ၊ ရေ ၊ အဝတ်အထည်၊ ယာယီ အမိုးအကာ နှင့် ဆေးဝါးများ လိုအပ်နေပါသည်။

အိမ်၊ သစ်ပင်တွေ ပြိုကျပျက်စီးမှုကြောင့် ရေဘေးသင့်သူများ၏ နေရာများသို့ ရောက်ရှိရန် ခက်ခဲနေပါသည်။
ပြီးခဲ့သော အပတ် တနင်္ဂနွေနေ့တွင် ပုပ်ရဟန်းမင်းကြီးမှ သေဆုံးသူများအတွက် ဆုတောင်းပေးခြင်းနှင့် ဒုက္ခသည်များအတွက် အကူအညီများတောင်းခံရန် နီးစပ်ရာ ဖိလစ်ပိုင်ပြည်သူများကို မိန့်ကြားခဲ့သည်။

ဘာသာပြန်- RVA Myanmar

https://bit.ly/345p0k1

Add new comment

1 + 19 =