ဖိလစ်ပိုင်သာသနာတော်မှ အပင်ခြောက်သောင်းကို တစ်နေ့တည်းတွင် စိုက်ပျိုးခဲ့

ဖိလစ်ပိုင်သာသနာတော်မှ အပင်ခြောက်သောင်းကို တစ်နေ့တည်းတွင် စိုက်ပျိုးခဲ့

ဖိလစ်ပိုင်သာသနာတော်မှ အပင်ခြောက်သောင်းကို တစ်နေ့တည်းတွင် စိုက်ပျိုးခဲ့

ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာဝင်များ အထူးသဖြင့် လူငယ်များနှင့် ကလေးသူငယ်များသည် ပြီးခဲ့သော တနင်္ဂနွေနေ့က စက်တင်ဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့ ဖိလစ်ပိုင်အတွက် အောက်တိုဘာ(၁၁) အထိ ကျင်းပမည်ဖြစ်သော ဖန်ဆင်းခြင်းရာသီလှုပ်ရှားမှုအဖြစ် ကျွန်းပေါ်တွင် ဥတုရာသီများ ပိုမိုကောင်းမွန်လာစေရန်အတွက် Tagbilaran သာသနာနယ်တစ်လျှောက်တွင် အသီးသီးသော အပင်များနှင့် သစ်မာပင် (၆၀,၀၀၀) စိုက်ပျိုးခဲ့ကြကြောင်း Tagbilaran၏ ဆရာတော်ဘုရား Alberto Uyမှ ပြောကြားခဲ့သည်။

သာသနာနယ်တစ်ခုဆီမှ လုပ်အားပေး(၁၀၀)ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး မိမိတို့ပတ်ဝန်းကျင်၊ အိမ်နောက်ဖေးနှင့် သတ်မှတ်နေရာများတွင် တစ်ဦးကို ဆယ်ပင်ခန့် စိုက်ပျိုးခဲ့ကြသည်။ အသက်တော်(၅၃)နှစ်ရှိပြီဖြစ်သော ဆရာတော်ဘုရား Alberto Uyမှ “ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ငယ်ရွယ်သူများအနေဖြင့် ဖန်ဆင်းခြင်းလက်ရာတော်ကို ချစ်မြတ်နိုးရန်နှင့် သဘာဝပတ်ဝန်းကျင်အား ဂရုစိုက်တတ်စေရန် ဆုတောင်းခြင်းဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

“လူသားအားလုံး သဘာဝကိုချစ်မြတ်နိုးကာ ဥတုရာသီကိုဂရုစိုက်ခြင်းများ ဖွဲ့ဖြိုးလာပါစေကြောင်း”လည်း ဆုတောင်းခဲ့သည်။ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့၏ တိုင်းတာမှုအရ ဖိလစ်ပိုင်နိုင်ငံတွင် သဘာဝသစ်တော စတုရန်းမီတာ(၁၃.၂)မီလီယံရှိပြီး ၄င်းသည် နိုင်ငံ့ကုန်းမြေ၏(၆၂)ရာခိုင်နှုန်းကျော်ဖြစ်သည်။ (၂၀၁၉)တွင်မူ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ကီလိုဂရမ်(၁၉.၁)မီလီယံနှင့့်ညီမျှသော သဘာဝသစ်တော စတုရန်းမီတာ (၄၈၂၀၀)ဆုံးရှုံးခဲ့သည်။

 

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

Photo courtesy of: AFP or licensors

https://bit.ly/2ZudD05

Add new comment

6 + 4 =