ဖိလစ်ပိုင်သမ္မတ၏ တရားခံများကိုသေဒဏ်ပေးရန် အဆိုကို ကက်သ လစ်ခေါင်းဆောင်များ ကန့်ကွက်

ဖိလစ်ပိုင်သမ္မတ၏ တရားခံများကိုသေဒဏ်ပေးရန် အဆိုကို ကက်သ လစ်ခေါင်းဆောင်များ ကန့်ကွက်

ဖိလစ်ပိုင်သမ္မတ၏ တရားခံများကိုသေဒဏ်ပေးရန် အဆိုကို ကက်သ လစ်ခေါင်းဆောင်များ ကန့်ကွက်

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ယူးယေဆေးဝါးဆိုင်ရာ ရာဇဝတ်သားမျာအား သေဒဏ်ပေးခြင်းကို ပြန်လည်အသက်သွင်းရန်ကြိုးစားခဲ့ရာ ကက်သလစ်ဘာ သာရေးအ ကြီး အကဲများက ကန့်ကွက်ခဲ့ကြသည်။
CADPဟုခေါ်သော သေဒဏ်ပေးခြင်းကို ကန့်ကွက်သော အဖွဲ့အစည်းမှ ဥက္ကဌဖြစ်သူFr Silvino Borresက လူသားတို့သည် ဘုရားသခင်၏ပုံရိပ်များဖြစ်ကြပြီး ရာဇဝတ်မှုကျူး လွန်သူများကို ဆုံးမပြုပြင်ရန်မကြိုးပမ်းပဲ သတ် ဖြတ်ခြင်းသည် ဖန်ဆင်းရှင်ကို စော်ကားနေကြောင်း ဇူလိုင်လတွင် ပြောကြားခဲ့သည်။ဖိလစ်ပိုင်နိုင်ငံသည် ကြီးလေးသော ပြစ်မှုကျူးလွန်သူများ၊မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်း ဝယ်သူများအား သေဒဏ်ပေးခြင်းကို ၂၀၀၆ခုနှစ်တွင် ရပ်နားခဲ့သည်။
သို့သော် သမ္မတဒူတာတေး သည် ဇူလိုင်လ၂၇တွင် ထိုပြစ် မှုဥပဒေကို အလေးပေးပြောဆိုသွားသည်။သူသည် မဲဆွယ်သည့်ကာလတွင် ဖိလစ်ပိုင်နိုင်ငံ၏မှုးယစ် ဆေး ဝါးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်ဟူ၍ လူထု၏ထောက်ခံမှုကို ရယူခဲ့သည်။သူသည် ၂၀၁၆ မှစ၍ မူးယစ်ဆေးဝါးနှိမ်နှင်းရေးစစ်ပွဲကိုစတင်ကာ မူးယစ်ဆေးဝါးသုံးစွဲသူ၊ရောင်းဝယ်သူများကို သေဒဏ်ပေးခြင်း၊အစုလိုက်အပြုံလိုက် သတ် ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ မှုခင်းဥပဒေများနှင့် ဆန့်ကျင် သောကြောင့် ကက်သလစ်အသိုင်း အဝိုင်းနှင့် နိုင်ငံတကာက ကန့်ကွက်ခဲ့ကြသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက လူတစ်သောင်းကျော် အသတ်ခံရကြောင်း ထုတ် ပြန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကလည်း “အမှန်ကို သွန်သင်ခြင်းမပြုဘဲ သတ်ပစ်ခြင်းသည် မှန်ကန်သော လုပ်ရပ်မဟုတ်ကြောင်း” ကြေညာခဲ့ပြီး သေဆုံးခဲ့ရသော လူထောင်ပေါင်းများစွာအတွက် တရားမျှတမှုကို ရှာဖွေရန် ကြေညာခဲ့သည်။

ဘာသာပြန် - Agnes Lawh Lun
Photo courtesy of : Devex
https://bit.ly/39QHgMT

Add new comment

8 + 12 =