ဖိလစ်ပိုင်လူငယ်များအား ဓမ္မပညာ သင်ကြားပေးခြင်းအားဖြင့် ယုံကြည်ခြင်း၌ ရှေ့တန်းပါဝင်သူများအဖြစ် လေ့ကျင့်ပေး

ဖိလစ်ပိုင်လူငယ်များအား ဓမ္မပညာ သင်ကြားပေးခြင်းအားဖြင့် ယုံကြည်ခြင်း၌ ရှေ့တန်းပါဝင်သူများအဖြစ် လေ့ကျင့်ပေး

ဖိလစ်ပိုင်လူငယ်များအား ဓမ္မပညာ သင်ကြားပေးခြင်းအားဖြင့် ယုံကြည်ခြင်း၌ ရှေ့တန်းပါဝင်သူများအဖြစ် လေ့ကျင့်ပေး

ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနေသော်လည်း ဖိလစ်ပိုင်နိုင်ငံ၊ Agusan del Norte ပြည်နယ်ရှိ Butuan မြို့၌ ယုံကြည်ခြင်းနဲ့ ရှေ့တန်းပါဝင်သူများအဖြစ် ကက်သလစ်ဓမ္မဆရာများကို လေ့ကျင့်ပေးလျက်ရှိသည်။

ဖေဖော်ဝါရီလတွင် လူငယ် ၂၅ ဦးသည် သင်တန်း တက်ရောက်ပြီးဆုံးကြောင်း လက်မှတ်ကို Saint Peter College Seminary တွင် ယူကြမည်ဖြစ်ကြောင်း ကာမလိုက်အသင်းဂိုဏ်း Fr.Marlon Lacal မှပြောကြားခဲ့သည်။

Fr ရဲ့အဆိုအရ၊ "သူတို့အဖွဲ့က ဒုတိယအသုတ်ဖြစ်ကြတယ်။ ကပ်ရောဂါကြောင့် ဘာသာရေးပညာ၊ဘုရားစကား သင်ကြားပို့ချမှု နှင့် ယုံကြည်ခြင်းနဲ့ပတ်သက် ပြီး အသိပညာပေးခြင်းတွေက ဆုတ်ယုတ်သွားခဲ့တယ်။ လေ့ကျင့်သင်ကြားထားတဲ့ ဒီလူငယ်တွေက အဲ့ဒီ ကွက်လပ်ကို ဖြည့်ဆည်းပေးလိမ့်မယ်" လို့ လေ့ကျင့်ပေးသူ Fr Lacal မှ ပြောကြားခဲ့ပြီးဓမ္မဆရာ များသည် သူတို့၏ သင်တန်းပြီးဆုံးသည်နှင့်ကျောင်းတွေ နဲ့ စီရင်စုတွေမှာ ကက်သလစ် မိသားစုများနဲ့တရားဝင်စင်တာများတွင် ကူညီရန် နဲ့ ဘာသာရေးအသိပညာများကိုပို့ချရန် တာဝန်ပေးအပ်ခြင်းခံရကြောင်း

ကပ်ရောဂါဆက်လက်ဖြစ်ပွားလာသည်နှင့်အမျှ ကျေးလက်ဒေသ သို့မဟုတ် မြို့ပြများတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများကြားမှ ဘာသာရေး အသိပညာ တိုးပွားလာရမည်ဟု Fr. Lacal မှ ရှင်းပြခဲ့သည်။

ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/3LOHGpP

Add new comment

3 + 0 =