ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပတ်ကယောင်းအိုမှ မြန်မာပြည်အတွက် ဆုတောင်းပေး

ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပတ်ကယောင်းအိုမှ မြန်မာပြည်အတွက် ဆုတောင်းပေး

ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပတ်ကယောင်းအိုမှ မြန်မာပြည်အတွက် ဆုတောင်းပေး

မန်နီပတ်ကယောင်းအို ဆိုရင် ဖိလစ်ပိုင်နဲ့ ကမ္ဘာမှာမသိသူမရှိသလောက် နာမည်ကြီးတဲ့ ကမ္ဘာကျော် အာရှမှ လက်ဝှေ့အားကစားသမားတစ်ဉီးဖြစ်ပါတယ်။

၎င်းအနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှ မြေပြိုမှုမှာ ဆုံးပါးသွားသူ FEU တက္ကသိုလ်ရဲ့ ဘော်လုံးအားကစားသမား အသက် ၂၁ နှစ်အရွယ် Kieth Absalon အတွက်၎င်း၊ ပြည်တွင်းစစ်ကြောင့် သေကြေမှုများစွာဖြစ်နေတဲ့ မြန်မာပြည်အတွက် ၎င်း၊ ကမ္ဘာတဝှမ်းလုံးအတွက်ကို ၎င်းရဲ့ မိသားစု ညနေခင်းအတူဆုတောင်းချိန်မှာ အထူးသတိယဆုတောင်းပေးကြောင်းဖြင့် ဖေ့စ်ဘုခ် စာမျက်နှာမှာဖော်ပြထားတာပါ။

“ကျွန်တော်တို့ရဲ့ အနာဂတ်၊ ကျွန်တော်တို့ရဲ့လူငယ်တွေ ကမ္ဘာနဲ့တဝှမ်း သေကြေပျက်စီးနေကြတာဟာ အင်မတန်မှ စိတ်ထိခိုက်ကြေကွဲရပါတယ်။ လူသားအားလုံးငြိမ်းချမ်းစွာနေနိုင်ကြရင်ဖြင့်လို့တွေးမိတယ်။ ကျွန်တော်နဲ့ အတူပါဝင်ပြီး ကမ္ဘာကြီးငြိမ်းငြိမ်းချမ်းချမ်းရှိဘို့ ဆုတောင်းကြရအောင်ပါ" လို့ ၎င်းရဲ့ ဖေ့စ်ဘုခ် စာမျက်နှာမှာ နာမည်ကျော် ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီပတ်ကယောင်းအို ကရေးသားတောင်းခံခဲ့ပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Add new comment

4 + 6 =