ဖိလစ်ပိုင်နိုင်ငံ မနီလာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် လူး၀စ် အန်တိုနီယို တာဂ်လယ် တာ၀န်သစ်ထမ်းဆောင်ရန် ရောမမြို့သို့ပြောင်းရွှေ့

ဖိလစ်ပိုင်နိုင်ငံ မနီလာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် လူး၀စ် အန်တိုနီယို တာဂ်လယ် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၄င်းရဲ့ ဂိုဏ်းချုပ်သာသနာကို စွန့်ခွာပြီး ၄င်းတာဝန်ကျရာ သာသနာပြုနယ်မြေသစ်ဖြစ်တဲ့ ရောမမြို့တော်သို့ကြွရောက်သွားပြီဖြစ်ပါသည်။
Propaganda Fide လို့ ယခင်က ခေါ်ဝေါ်ခဲ့ပြီး ယခုအခါ မှာတော့ ဧဝံဂေလိ သတင်းကောင်းပျံ့ပွားရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်မှာ ကာဒီနယ်ကြီး တာ့ဂ်လယ်က အမှုတော်ထမ်းဆောင်ရမည်ဖြစ်ပါသည်။
နောက်ဆုံးမစ္ဆားမှာ ကာဒီနယ်က ၄င်းအတွက်ဆုတောင်းပေးဘို့နဲ့ အားလုံးအတွက်လဲ ၄င်းကဆုတောင်းပေးနေမည်ဖြစ်ကြောင်း ဆိုကာ မနီလာမှ သားသမီးများထံမှ ဆုတောင်းမေတ္တာအလျှူတောင်းခံခဲ့ပါသည်။
လောလောဆယ်မှာတော့ မနီလာဂိုဏ်းချုပ်သာသနာဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရွေးချယ် သတ်မှတ်ပေးမဲ့ သိုးထိန်းအသစ်ကို စောင့်မျှော် ကာဆုတောင်းလျက်ရှိကြပြီး ကာဒီနယ်ကို ချစ်ခင်သူများကလည်း အလွမ်ူများနဲ့အတူ ကာဒီနယ်အတွက် ဆုတောင်းပေးနေကြကြောင်းဖြင့် ၄င်းတို့၏ FB စာမျက်နှာမှာ ပုံများတင်ကာ နုတ်ဆက်နေကြပါတယ်

Credit: https://www.facebook.com/391755761253978/posts/872956819800534/

Add new comment

3 + 2 =