ဖိလစ်ပိုင်နိုင်ငံ မနီလာဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော်အသစ်ရရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော်အသစ်ရရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော်အသစ်ရရှိ

ဖိလစ်ပိုင်နိုင်ငံ မနီလာဂိုဏ်းချုပ်သာသနာအတွက် ဂိုဏ်းချုပ်ဆရာတော်အသစ် ကာဒီနယ် Jose Advincula အား ၊ သိုးထိန်းတာဝန်ဝတ္တရားများပေးအပ်ခြင်း (ပလ္လင်အပ်နှင်းခြင်း) နှင့် မနီလာဂိုဏ်းချုပ်ဆရာတော်အဖြစ် ၄င်း၏ ပထမဆုံး မစ္ဆားတရားတော်မြတ်ကို ဤယနေ့ ဂျွန်လ ၂၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မနီလာ ဂိုဏ်းချုပ်သာသနာအတွက် သိုးထိန်းအသစ်ရရှိဘို့ ၁၆ လကြာစောင့်ဆိုင်းခဲ့ကြရတာဖြစ်ကြောင်း၊ အထက်ပါ အစီအစဉ်ကို မနီလာ မြို့ဟောင်း သမိုင်းဝင် တံခါးဝ မုခ်ဉီး၌ မနီလာ မြို့တော်ဝန်နဲ့ မြို့ဟောင်း အုပ်ချုပ်ရေးမှူးတို့က ကြိုဆိုခဲ့ကြတာပါ။

မိတ်ဆက်အစီအစဉ်များအပြီးမှာတော့ ကာဒီနယ်ဟာ ပလ္လင်အပ်နှင်းခြင်း အခမ်းအနား အတွက် မနီလာ ကာသီဒြယ်ကျောင်းတော်ကြီးသို့ကြွရောက်ခဲ့ပါတယ်။

ထိုမစ္ဆားတရားမှာ မနီလာဂိုဏ်းချုပ်သာသနာအတွင်းမှ ရဟန်းတော်များဟာ မိမိတို့ရဲ့ ဂိုဏ်းချုပ်ဆရာတော်အသစ်ထံ ကတိကဝတ်များကို ထပ်မံပြုခဲ့ကြရာမှာ ယခင်မနီလာဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်ခဲ့သူ၊ ကာဒီနယ် ရိုဇားလက်စ် မှ လည်း ရဟန်းတော်များနှင့်အတူပင် ဂိုဏ်းချုပ်ဆရာတော်အသစ်ထံ ကတိကဝတ်ပြုရာမှာ ပါဝင်ခဲ့သည်ကို တွေ့ရသည်မှာ စိတ်နှလုံးချမ်းမြေ့ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်ရကြောင်းဖြင့် မနီလာကာသီဒြယ်ရဲ့ ဖေ့ဘုခ် စာမျက်နှာမှာဖော်ပြထားပါတယ်။ Cardinal Gaudencio Rosales ဟာ ယခုအခါ လိပါ မြို့တော်မှာ သတင်းသုံးနေတဲ့ အနားယူသွားပြီဖြစ်တဲ့ ကာဒီနယ်တစ်ပါးလည်းဖြစ်ပါတယ်။ ၂၄.၆.၂၀၂၁

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3zNK7mx

Add new comment

2 + 13 =