ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်သာသနာတော်မှ သောကပတ်လည်ဝိုင်းနေသော မြန်မာပြည်အတွက် အထူးဆုတောင်းပေးရန်ရက် ထပ်မံ၍သတ်မှတ်...

ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်သာသနာတော် သည် မွန်းတည့် ၁၂ နာရီ နှင့် ညနေ ၆ နာရီ တို့တွင် ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်သာသနာတစ်ခုလုံးရှိ ဘုရားကျောင်းခေါင်းလောင်းများထိုးကာ သောကပတ်လည်ဝိုင်းနေသော မြန်မာပြည်အတွက် တစ်လုံးတစ်ဝတည်းရှိမှုကိုဖော်ပြသည့်အနေဖြင့် အထူးဆုတောင်းရန်ရက်အဖြစ် ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) ကို သတ်မှတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCP) မှ ကြေညာထားပါတယ်။

CBCP ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာကော်မရှင်အဖွဲ့မှလည်း တနင်္လာနေ့၌ပူဇော်မည့်မစ္ဆားတရားများအားလုံး၌အသုံးပြုရန် မေတ္တာကိုလည်း ထုတ်ပြန်ပြီးဖြစ်ပါတယ်။

ဖိလစ်ပိုင်ကက်သလစ်သာသနာအနေဖြင့် မေလ ၃၀ ရက်နေ့ကလည်း အမိမြန်မာပြည်ငြိမ်းချမ်းရေးအတွက် မစ္ဆားပူဇော်၍ဆုတောင်းပေးခဲ့ပါတယ်။

Credit: CBCM-OSC

Add new comment

5 + 6 =