ဖိလစ်ပိုင်နိုင်ငံ၌ မစ္ဆားတရားပူဇော်နေစဉ် ဗုံးပေါက်၍ လူ (၄) ဉီး အသက်ဆုံးရှုံးခဲ့

ဖိလစ်ပိုင်နိုင်ငံ၌ မစ္ဆားတရားပူဇော်နေစဉ် ဗုံးပေါက်၍ လူ (၄) ဉီး အသက်ဆုံးရှုံးခဲ့

ဖိလစ်ပိုင်နိုင်ငံ၏ ကက်သလစ်ဘုရားကျောင်းတစ်ကျောင်း၌ တနင်္ဂနွေနေ့မစ္ဆားပူဇော်နေစဉ်ဗုံးပေါက်ကွဲ၍ မစ္ဆားပါ၀င်ပူဇော်နေသောဘာသာတူ (၄) ဦးအသက်ဆုံးရှုံးခဲ့ရပြီး (၄၂) ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဤအခင်းသည် Mindanao ပြည်နယ် တက္ကသိုလ်တစ်ခု၏အားကစားရုံ၌ဖြစ်ပွားခဲ့သည်။ အဆိုပါတနင်္ဂနွေနေ့မစ္ဆားတရားကို အဆိုပါအားကစားရုံ၌ပူဇော်ခဲ့သည်။

ယခုဗုံးဖောက်ခွဲမှုကို အကြမ်းဖက်အစွန်းရောက်အီစ္စလာမ်မစ်အဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းတို့၏ တယ်လီဂရမ်ချာနယ်မှပြောကြားခဲ့သည်။ Mindanao သည် (၂၀၁၇) က အကြမ်းဖက်အစွန်း ရောက်အီစ္စလာမ်မစ်အဖွဲ့၏ ထိန်းချုပ်ခြင်းကိုခံခဲ့ရဖူးသည်။ အကြမ်းဖက်အဖွဲ့မှထိန်းချုပ်အပြီး (၅) လအကြာ ဖိလစ်ပိုင်အစိုးရမှ (မေ ၂၀၁၇) တွင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ အကြမ်းဖက်အဖွဲ့သည် ပေါက်ကွဲအားပြင်းသောဗုံးကို Marawi တက္ကသိုလ်၏အားကစားရုံ၌မြှုပ်ထားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ၌ ဖိလစ်ပိုင်သမ္မတဖြစ်သူ Ferdinand Marcos Jr က လူစိတ်ကင်းမဲ့ပြီး ဆိုးရွားသောတိုက်ခိုက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ ယခုကဲ့သို့အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေသောအစွန်းရောက်အကြမ်းဖက်အဖွဲ့များသည် လူမှုအသိုင်းအဝိုင်း၏ရန်သူအဖြစ်အစဉ်သတ်မှတ်ခံရမည်ဖြစ်ကြောင်း၊ ယခုရာဇ၀တ်မှုကိုကျူးလွန်သူတို့အားလည်းအမြန်ဖော်ထုတ်၍ တရားမျှတစွာအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းကိုလည်း ပြည်သူတို့အားပြောကြားခဲ့သည်။

ဤအခင်းအတွက် ရဟန်းမင်းကြီးဖရန်စစ်က ပြီးခဲ့သောတနင်္ဂနွေနေ့အန်ဂျေလူးဆုတောင်းခြင်း၌ ထိုအဖြစ်ဆိုးနှင့်ကြုံခဲ့ကြသောဖိလစ်ပိုင်ပြည်သူတို့အတွက် သတိရဆုတောင်းပေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဗိုလ်ချုပ် Romeo Brawner Jr က တနင်္ဂနွေနေ့မစ္ဆားတရားပူဇော်နေစဉ် ဗုံးဖောက်ခွဲမှုသည် ပြီးခဲ့သည့် သောကြာနေ့က အကြမ်းဖက်အီစ္စလာမ်မစ်သူပုန်များဟုသံသယရှိသူ (၁၁) ဦးအားသုတ်သင်ခဲ့ခြင်းကို လက်စားပြန်ချေသည့်လုပ်ရပ်ဖြစ်နိုင်ကြောင်း၊ ယခုဖြစ်ရပ်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသတိကြီးစွာနေရန်သတိပေးခံလိုက်ရကြောင်းဖြင့် မှတ်ချက်ပေးခဲ့သည်။

ရိုမန်ကက်သလစ်ဘာသာ၀င်အများဆုံးဖြစ်သောနိုင်ငံ၌ Marawi သည် မွတ်စလင်အများဆုံးနေထိုင်သောမြို့ဖြစ်သည်။ သန်းခေါင်စာရင်းအရ ရိုမန်ကက်သလစ်ဦးရေသည် နိုင်ငံဦးရေ၏ (၇၈.၈) ရာခိုင်နှုန်းရှိသည်ဟုသိရပါသည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/34v3V

 

Add new comment

5 + 11 =