ဖိလစ်ပိုင်နိုင်ငံ၌ ပရိသူငယ်တော်ယေဇူးပွဲတော်ကို (၂၀၂၃) တွင်စည်ကားစွာပြန်လည်ကျင်းပမည်။

ဖိလစ်ပိုင်နိုင်ငံ၌ ပရိသူငယ်တော်ယေဇူးပွဲတော်ကို (၂၀၂၃) တွင်စည်ကားစွာပြန်လည်ကျင်းပမည်။

ဖိလစ်ပိုင်နိုင်ငံသည် ပရိသူငယ်တော်ယေဇူးကိုအလွန်ကြည်ညိုကြသည်။ ဘာသာရေး ပွဲတစ်ခုမဟုတ်ဘဲ နိုင်ငံ၏ပွဲတစ်ခုအတိုင်းအတာမျိုးအထိကျင်းပကြသည်။ ကိုးဗစ်ကြောင်မကျင်းပဖြစ်ခဲ့ရာမှ လာမည် (၂၀၂၃) တွင်ပုံမှန်အတိုင်း ပရိတ်သူငယ်တော်ယေဇူး၏ဘာစီးလီ ကာဘုရားကျောင်း၌ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းဘာသာတူများအားတရား၀င်အသိပေးလာပါသည်။

ပွဲတော်အတွင်း၌ ပရိတ်သူငယ်တော်ယေဇူးအားကြည်ညိုကိုးစားသူထောင်သောင်းချီ၍ရောက်လာကြမည်ဖြစ်ကြောင်း၊ ဘုရားဖူးများလည်း Cebu မြို့လမ်းမကြီး၏ဘေးဘက်၀ဲယာအပြည့်ဖြင့်ပြန်လည်ပြည့်နက်သွားမည်ဖြစ်ကြောင်း၊ 'Viva Pit Senyor (Long Live the Christ Child - သူငယ်ခရစ္စတူးသက်တော်ရာကျော်ရှည်ပါစေ' ဟူသောဆုတောင်းကြွေးကြော်သံများကိုလည်းပြန်လည်ကြားရတော့မည်ဟုဆိုသည်။

ယခုနှစ်ကျင်းပမည့် ဤပွဲတော်သည် (၄၅၈) ကြိမ်မြောက်ဖြစ်သည်။ ပွဲကျင်းပရာ၌ထောက်ရှုတရားယူစေလိုသောဆောင်ပုဒ်မှာ 'Santo Nino Our Source of Peace in the Walk of Faith' (ပရိတ်သူငယ်တော်ယေဇူးသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းခရီးလမ်း၌ငြိမ်းချမ်းခြင်း၏အရင်းအမြစ်ဖြစ်သည်) ဟုဖြစ်ပါသည်။

ပွဲကျင်းပခြင်းနှင့်အတူကျန်းမာရေးဆိုင်ရာလိုက်နာရမည့်အခြေအနေများကိုလည်းပွဲဖြစ်မြောက်ရေး‌ကော်မတီကတင်းတင်းကြပ်ကြပ်သတိပေးနိူးဆော်ထားသည်။ ပွဲသည်ယခင်ကကဲ့သို့စည်ကားစွာကျင်းပမည်ဖြစ်၍ လူတိုင်းပါ၀င်စေလို၍ ကျန်းမာရေးဆိုင်ရာလိုက်နာရမည့်အချက်များကိုဂရုစိုက်စေလိုကြောင်းရှင်းပြပါ သည်။

ဤပွဲတော်အတွင်း၌ နို‌ဝေးနာမစ္ဆားများပုံမှန်ရှိမည်ဖြစ်သည့်အပြင် ယေဇူးသခင်နှင့်အတူနောင်တတရားလမ်းကိုအမိမယ်တော်နှင့်လျှောက်ခြင်းကိုဖော်ဆောင်သည့်ကြည်ညိုစီတန်းလှည့်လည်မှုများ၊ ဒေသခံဘာသာတူများယုံကြည်သည့် သန့်ရှင်းသောအိမ်ထောင်စု ၏ရာဇ၀င်များကိုတင်ဆက်ကြမည်ဖြစ်သည်။

ပရိတ်သူငယ်တော်ယေဇူး၏ပွဲနေ့မှာ ဇန္န၀ါရီလ (၁၄) ရက်နေ့ဖြစ်သည်။ ပွဲတော်ကျင်းပရန် Cebu ဒေသအာဏာပိုင်ကခွင့်ပြုချက်ပေးထား ပြီးပြီဖြစ်ကြောင်း၊ ထို့ကြောင့်ကြိုတင်စီစဉ်ရမည်များကိုစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အတိမ်းအစောင့်မရှိစေရန်အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဤပွဲတော်ကိုကျင်းပရခြင်း၏မူလသမိုင်းကြောင်းမှာ Ferdinand Magellan ဆိုသူက Rajah Humadon ၏မိဖုရား Junana အား ပရိတ်သူငယ်တော်ယေဇူး၏ဆင်းတုတော်ကိုဆက်သခဲ့သည်။ မိဖုရားသည် အဆိုပါဆင်းတော်ကိုလက်ခံယူစဉ်က ဆေးကြောခြင်းခံယူထားသည်မှာများမကြာသေးပေ။ ထိုဆင်းတုတော်ရလိုက်သောထိုတဒဂ်၌ပျော်လွန်း၍ ဆင်းတုတော်ကိုပိုက်၍ကခဲ့သည်ဟုဆိုပါသည်။

ပရိတ်သူငယ်တော်ဆင်းတုတော်ကို သစ်သားနက်ဖြင့် Flemish ပုံစံထွင်းထုခဲ့သည်။ ဉာဏ်တော် (၁၂) လက်မရှိသည်။ ပရိတ်သူငယ်ယေဇူးအား စပိန်ဘုရင်၏ အဆောင်အယောင် ကိုဆင်မြန်းပေးထားသည်။ ဤပွဲတော်ကိုကျင်းပမည့်နေရာမှာ ဖိလစ်ပိုင်၊ Cebu မြို့၌ဖြစ်ပြီး၊ ဤပွဲတော်သည် ဤမြို့၏အလွန်အခရာကျသောပွဲလည်းဖြစ်သည်။

အဆိုပါမြို့ကိုလည်း တောင်ပိုင်း၏ 'မိဖုရားမြို့' ဟုလည်းတင်စားကြသည်။ မြို့သည် မြို့တော်မနီလာနှင့် (၈၂၄.၅) ကီလိုမီတာကွာ‌ေ၀းသောကျွန်းမြို့လေးဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3UXneY3

Add new comment

2 + 4 =