ဖိလစ်ပိုင်နိုင်ငံသို့ခရစ်ယာန်သာသနာရောက်ရှိခြင်းနှစ် (၅၀၀) ပြည့် ကော်ဖီစားပွဲတင်စာအုပ်ထုတ်ဝေ

ဖိလစ်ပိုင်နိုင်ငံသို့ခရစ်ယာန်သာသနာရောက်ရှိခြင်းနှစ် (၅၀၀) ပြည့် ကော်ဖီစားပွဲတင်စာအုပ်ထုတ်ဝေ

ဤစာအုပ်ကို ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူထုဆက်သွယ်ရေးကော်မရှင်၊ Radio Veritas Asia နှင့် ဖိလစ်ပိုင် ပြည်တွင်းထုတ်လွှင့်သည် သာသနာ့ ရေဒီယို အစီအစဉ်ဖြစ်သည့် Radio Veritas 846 တို့ပူးပေါင်း၍ကျင်းပခဲ့သည်။ ရည်ရွယ်ချက်မှာ ဖိလစ်ပိုင် နိုင်ငံသို့ ခရစ်ယာန် တရားရောက်ရှိခြင်း နှစ် (၅၀၀) ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၂၈) ရက် နေ့က Radio Veritas Asia ၏ခန်းမ၌ကျင်းပခဲ့သည်။ ထိုဖွင့် ပွဲသို့ဖာသာရ် Victor Sadaya CMF, the General Manager of Radio Veritas Asia, Father Anton C.T. Pascual, the President of Radio Veritas 846, and Father Roy Bellen, the Vice-President for Operations of Radio Veritas 846 နှင့် စာအုပ်၏အယ်ဒီတာချုပ်တို့တက်ရောက်ခဲ့ကြသည်။ စာအုပ်ကို ‘'Gifted to Give’ (လက် ဆောင်ပေးရန် ပေးခဲ့သည်) ဟုဖြစ်သည်။ စာအုပ်ထဲ၌ နှစ် (၅၀၀) အတွင်းသာသနာ၏မှတ်တမ်းများ၊ မှတ်တိုင်များ၊ ဆက်လက်၍ခရီးပြုနေသောသာသနာတော်ကြီးအကြောင်းကို အစမှတင်ဆက်ထားသည်။ 

အခမ်းအနားကို မစ္ဆာတရားပူဇော်ခြင်းဖြင့်စတင်ခဲ့သည်။ မစ္ဆားတရားကို ဖာသာရ် Victor Sadaya, CMF ကဦး ဆောင်ပူဇော်ခဲ့သည်။ ထို့နောက်စာအုပ်ဖွင့်ပွဲကျင်းပခဲ့ပြီး၊ နေ့လယ်စာသုံးဆောင်ကာတက်ရောက်သူ များမှ လက် မှတ်ရေးထိုးပြီးအဆုံးသတ်ခဲ့သည်။ မစ္ဆားတရားအတွင်း၌ ဖိလစ်ပိုင်ကက်သလစ် သာသနာ၏ပထမဦးဆုံး ဓမ္မ အာဇာနည်ဖြစ်သော စိန့်လောရင့်ဇိုရူးအီဇ်အကြောင်းကိုပြောပြခဲ့ပြီး၊ ဖိလစ်ပိုင်ကက် သလစ် သာသနာ တော်သည် ကမ္ဘာတစ်၀ှမ်း မှခရစ်ယာန်များအတွက် ဆင်ခြင်စရာပေးလျှက်ရှိ ကြောင်း၊ ထိုဆင်ခြင်စရာမှာ ကျွန်ုပ်တို့ သည် မိမိ တို့၏ အစွမ်းအစကိုသာအားကိုး၍မရကြောင်း၊ ဘုရားသခင်ကိုအပ်နှံထားရမည်၊ သူ၏ကောင်း ချီးတော်၊ သူ၏ ချစ်ခြင်း၊ သူ၏သနားခြင်း၌အပ်နှံထားရမည်ဖြစ် ကြောင်းဟောကြားခဲ့သည်။   

 ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌလည်းဖြစ်၊ Kalookan သာသနာ၏ သာသနာ ပိုင်ဆရာ တော်လည်းဖြစ်သော Pablo Virgilio David ကလည် းဖိလစ်ပိုင်နိုင်ငံ၏တိုးတက်စည် ပင်လာမှုသည် ကက်သလစ် သာသနာတော်ကြီး၏သမိုင်းနှင့်ယှဉ်တွဲနေသည်ကိုမည်သို့မျှငြင်းဆန်၍မရကြောင်း၊ မေ့ထား၍မရကြောင်း၊ သိ အောင် လုပ်ရမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ဤမြေ၌မွေး၍ ဤ မြေ၌ကက်သလစ် ဘာသာ၀င်များ အဖြစ် ဆေး ကြောခြင်းခံခဲ့ကြသည်။ ယနေ့မျက်မှောက်၌ ဖိလစ်ပိုင်နိုင် ငံသားအဖြစ် အသက်ရှင်နေ သရွေ့ကက်သလစ် သာသ နာ တော်ကြီး၏သွန်သင်ချက်ကိုမျက်ကွယ်ပြုမေ့ ပျောက်မရကြောင်းနှင့် ရောမကိုအစဉ် သစ္စာစောင့် သိရ မည် ဖြစ် ကြောင်းပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံသို့ ခရစ်ယာန်တရားရောက်ရှိလာခြင်းသည် Magellan နှင့်သူ၏အဖွဲ့သားများ Cebu သို့ (၁၅၂၁၊ မတ်လ ၁၆) ၌ရောက်ရှိလာခြင်းနှင့်စတင်ခဲ့သည်။ ထို့အတူ နေ ထိုင်မကောင်းဖြစ်နေ သော Rajah Humabon ၏မြေး ဖြစ်သူအား အံ့အားသင့်ဖွယ်နေကောင်းသွားအောင် Magellan ၏အဖွဲ့ သားထဲမှကုသပေးခဲ့သည့် အဖြစ် အပျက်တို့ဖြစ်ကြသည်။ (၁၅၂၁) ခုနှစ် ပါစကားတနဂ်နွေန့၌ အုံနှင့် ကျင်းနှင့်လူပေါင်း (၈၀၀) ကျော်ဆေး ကြောခြင်း ခံယူခဲ့သည့်သမိုင်း၀င်နေ့တစ်နေ့လည်းဖြစ်ခဲ့သည်။ ထို နေ့သည် ဖိလစ်ပိုင်နိုင်ငံ၏ ခရစ်ယာန် သာသနာ မွေးဖွား ခြင်းနေ့ဟုသတ်မှတ်ရပေမည်။ ဖိလစ်ပိုင်နိုင်ငံ သည် အာရှတိုက်၌ ကက်သလစ် ဘာသာ၀င် အများဆုံး နိုင်ငံ ဖြစ်ပြီး  ကမ္ဘာပေါ်၌ ကက်သလစ်အများဆုံးတတိယနိုင်ငံလည်းဖြစ်သည်။ 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3epM56x

Add new comment

1 + 0 =