ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ကက်သလစ်ဘာသာ၀င်အဖြစ် ဆေးကြောခြင်းခံယူသူအမြင့်မားဆုံးဟုဆို

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ကက်သလစ်ဘာသာ၀င်အဖြစ် ဆေးကြောခြင်းခံယူသူအမြင့်မားဆုံးဟုဆို

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ကက်သလစ်ဘာသာ၀င်အဖြစ် ဆေးကြောခြင်းခံယူသူအမြင့်မားဆုံးဟုဆို

            ဗာတီကန်၏ မှတ်တမ်းအရ (၂၀၁၉) တစ်နှစ်အတွင်း၌ အသက် (၇) အောက် ဆေးကြောခြင်းခံယူခဲ့သောကလေး (၁.၆) သန်းရှိခဲ့ကြောင်းသိရပါသည်။ ထို့အတူ ဖိလစ်ပိုင်နိုင်ငံအတွက် ယခုနှစ်သည် ယေဇူးသခင်၏ဧ၀ံဂေလိတရားတော် ရောက်ရှိခဲ့သည့် နှစ် (၅၀၀) ပြည့်နှစ်ကိုကျင်းပနေပါသည်။ မှတ်တမ်းအရ အသက် (၇) အောက် ဆေးကြောခြင်းမဂ်လာခံ ယူသောနိုင်ငံများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဖိလိပိုင်                                (၁.၆) သန်း

၂။ မက်ဆီကို                            (၁.၄၈) သန်း

၃။ ဘရာဇီးလ်                           (၁.၀၅) သန်း

၄။ အမေရိကန်ပြည်ထောင်စု        (၅၉၅၂၈၆)

၅။ ကိုလံဘီယာ                          (၄၄၂၃၉၆)       

            ထို့အတူ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်၌ ကက်သလစ်ဘာသာ၀င်အဖြစ် ဆေးကြောခြင်းခံယူမူ တတိယအများ ဆုံးနိုင်ငံအဖြစ်လည်းရပ်တည်နေသည်။ ကမ္ဘာ့နိုင်ငံအလိုက် ကက်သလစ်ဘာသာ၀င်အဖြစ် ဆေးကြောခြင်းခံယူမူ မှတ် တမ်းများကိုအောက်ပါအတိုင်းတွေ့ရသည်။

၁။ ဘရာဇီးလ်                            (၂၀၁၉) ခုနှစ်                           (၁၇၇) သန်း

၂။ မက်ဆီကို                              (၂၀၁၉) ခုနှစ်                           (၁၁၅.၅) သန်း

၃။ ဖိလစ်ပိုင်                              (၂၀၁၉) ခုနှစ်                            (၈၉) သန်း

၄။ အမေရိကန်ပြည်ထောင်စု       (၂၀၁၉) ခုနှစ်                             (ရ၄) သန်း

၅။ အီတလီ                                (၂၀၁၉)                                  (၅၇.၈) သန်း

            ဖိလစ်ပိုင်နိုင်ငံသို့ ယေဇူးသခင်၏တရားတော် ရောက်ရှိခဲ့သည့် နှစ် (၅၀၀) ပြည့်ပွဲတော်ကို ဧပြီလ (၁၄) ရက်နေ့ ကကျင်းပခဲ့ကြသည်။ ရဟန်းမင်းကြီးဖရန်စစ်ကမူ ထိုနှစ်ပတ်လည်နေ့ကိုအမှတ်ရသည့်မစ္ဆားတရားကို စိန့်ပီတာဘာစီး လီကာကျောင်းတော်ကြီး၌ တစ်လစော၍ ပူဇော်ခဲ့ပြီးဖြစ်သည်။ ဤနှစ်ပတ်လည်နေ့၌ ရဟန်းမင်းကြီးဖရန်စစ်က ‘နှစ်ပေါင်း (၅၀၀) က သင်တို့လက်ခံရရှိခဲ့သော သတင်းကောင်းမျိုးစေ့ကို အခြားသူများထံသို့ ဆက်လက်၍သယ်ဆောင်ပါ’ ဟုတိုက်တွန်းခဲ့သည်။  

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: pixelheadphoto digitalskillet

https://bit.ly/3n2RHnr

Add new comment

15 + 2 =