ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများအား ကစ်သလစ်ခေါင်းဆောင်များမှ လက်ခံနိုင်စရာမရှိကြောင်း ရှုံ့ချပြောဆို

ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများအား ကစ်သလစ်ခေါင်းဆောင်များမှ လက်ခံနိုင်စရာမရှိကြောင်း ရှုံ့ချပြောဆို

ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများအား ကစ်သလစ်ခေါင်းဆောင်များမှ လက်ခံနိုင်စရာမရှိကြောင်း ရှုံ့ချပြောဆို

သြဂုတ်လ(၂၆)ရက် တနင်္လာ နေ့က ဖိလစ်ပိုင်နိုင်ငံ ဂျိုလိုမြို့ရှိ ဈေးဝယ်စင်တာနှင့် ကာမယ်လ်တောင်သခင်မ ကာသီဒြယ် အနီးတွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ ဤပေါက် ကွဲမှုနှစ်ခုကို ISIS အဖွဲ့၏ ထောက်ပံ့မှုကို ယူထားသော Abu Sayyaf အကြမ်းဖက်အုပ်စု စစ်သွေးကြွများမှ လုပ် ဆောင်ခဲ့သည်ဟု ယူဆရသည်။

ဆရာတော် Charlie Inzonမှ “ကိုဗစ်ရောဂါကိုက ကျွန် တော် တို့အတွက် နေ့စဉ်ထမ်းဆောင်နေရတဲ့ ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါပြီ။ တစ်ခြားသော ကံဆိုးမိုးမှောင်ကခြင်းများမှ ကျွန်ုပ်တို့ကို ကင်းလွတ်စေတော်မူပါ။ အို..ဘုရားရှင် ကျွန်ုပ်တို့၏ ဆုတောင်းမေ တ္တာများကို နားညောင်းကာ ကူညီတော်မူပါ”ဟု ပြောဆိုခဲ့ကာ ကက်သလစ်များဘာသာဝင်များမှလည်း ဆုတောင်းမေတ္တာဖြင့် တုံ့ပြန်ကာ ငြိမ်း ချမ်းရေးအတွက် မေတ္တာရပ်ခံခဲ့ကြသည်။

“ဤဗုံးပေါက်ကွဲမှုများအား လုပ်ဆောင်သူများသည် ရက် စက်ကြမ်းကြုတ်သော အကြင် နာကင်းမဲ့သူများဖြစ်ပြီး လူ သားချင်းစာနာမှု၊ အသက်အိုးအိမ်၊စည်းစိမ်များအား လေးစားမှု နည်းနည်းမှမရှိ သောသူများဖြစ်သည်”ဟု ဖိလစ်ပိုင်ဂရုဏာအဖွဲ့အစည်းမှ ပြောဆိုခဲ့ကာ “ဤဖြစ်ရပ်များသည် ပြည့်စုံသောစုံစမ်းစစ်ဆေးမှုကို အစွမ်းကုန်ပြု လုပ်ရန်နှင့် ပြစ်မှုကျူးလွန်သူများအတွက် ထိုက် တန်သော အပြစ်ဒဏ်ကိုပေးရန် တောင်းဆိုနေခြင်းဖြစ်ပြီး မည်သည့်အကြောင်းပြချက်ကမျှ ထိုအကြမ်းဖက်မှုများအား သင့်လျော်စေလိမ့်မည် မ ဟုတ်”ဟု ပြောဆိုခဲ့သည်။

ဘာသာပြန်- Bro. Patrick Aye Shine Aung

Credit: Juthamat8899/Shutterstock

https://bit.ly/3hHB3WY

Add new comment

4 + 5 =