ဖိလစ်ပိုင်နိုင်ငံကာရီးတာစ် အဖွဲ့ကြီး သည် ရွေးချယ်ခံသမ္မတ Marcos Jr ဦးဆောင်သည့် စီမံခန့်ခွဲရေး အသစ်နှင့် လက်တွဲ လုပ်ဆောင်မည်

ဖိလစ်ပိုင်နိုင်ငံကာရီးတာစ် အဖွဲ့ကြီး သည် ရွေးချယ်ခံသမ္မတ Marcos Jr ဦးဆောင်သည့် စီမံခန့်ခွဲရေး အသစ်နှင့် လက်တွဲ လုပ်ဆောင်မည်

ဖိလစ်ပိုင်နိုင်ငံကာရီးတာစ် အဖွဲ့ကြီး သည် ရွေးချယ်ခံသမ္မတ Marcos Jr ဦးဆောင်သည့် စီမံခန့်ခွဲရေး အသစ်နှင့် လက်တွဲ လုပ်ဆောင်မည်

ရွေးချယ်ခံသမ္မတအသစ် ဖြစ်သည့် Ferdinand Marcos Jr ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု ကက်သစ်အသင်းတော် လူမှုဖွံ့ဖြိုးရေး ကဏ္ဍဖြစ်သည့် ဖိလစ်ပိုင်ကာရီးတာစ် အဖွဲ့ကြီးက မေလ ၂၆ ရက်က ပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ​၏ တရားဝင်သမ္မတ အဖြစ်ကြေငြာခံရသည့် Bongbong Marcos Jr. အား ဂုဏ်ပြုပါကြောင်း နှင့် ထုံးစံအတိုင်းပင် ကျွန်ုပ်တို့သည် အစိုးရနှင့် အတူတကွလုပ်ဆောင်ရမည့် မူဘောင်အတိုင်း လက်တွဲ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကာရီးတာစ် အဖွဲ့ကြီး မှ ထုတ် ပြန်ချက်တွင် ဖော်ပြ ထားတာပါ။

ဖိလစ်ပိုင်ကာရီးတာစ် အနေနှင့် ဖိလစ်ပိုင်နိုင်ငံသားများ​၏ လူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို လေးစားတန်ဖိုးထား၍ သမိုင်းကြောင်းနှင့် တရားဥပဒေကို မြတ်နိုးသည့် သမ္မတ​၏ စီမံခန့်ခွဲ မှုလက်အောက်ရှိ အစီစဉ် အားလုံးအပေါ် ပံ့ပိုးလုပ်ဆောင်သွားမည် ဖြစ်ပြီး ၊ အစိုးရအနေနှင့် လူထုအပေါ် တာဝန်ယူမှုတာဝန်ခံမှု ပိုမိုရှိစေရန် လုပ်ဆောင်သွားမည် ဟုပြောကြားခဲ့ပါတယ်။

သမ္မတနှင့် ရွေးကောက်ခံ အရာရှိအရာခံ အားလုံးတို့ သည်လည်း သူတို့​၏ ရွေးကောက်ပွဲဂတိအတိုင်း အကောင်ထည် ဖော် မှု ရှိစေရန်ကို လည်း ရွေးကောက်ပွဲ အလွန် တာဝန်ခံမှု အစီစဉ်များနှင့် စောင့်ကြပ်သွားမည် ဟု ကြေငြာချက်မှာ ဖော်ပြထားတာပါ။

သမ္မတ​၏ စီမံခန့်ခွဲမှူ အပေါ်တွင် တရားမျှတမှု ၏ လမ်းညွှန်မှု ၊ သူ့ကိုရွေးချယ်တင်မြှောက်ခဲ့သည် ပြည်သူ တို့​၏ စေ့ဆော်မှု နှင့် မှန်ကန်သောမျိူးချစ်စိတ်ဓါတ်မှ တွန်းအား ပေးခြင်းများ ခံစားရပါမည့်အကြောင်း ကျွန်ုပ်တို့ ဆုတောင်း ပေးပါသည်ဟုလည်း ဖော်ပြပါရှိပါတယ်။

မေလ ၉ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ ရွေး ကောက်ပွဲကြီး တွင် Marcos နှင့် Sara Duterte တို့ကို သမ္မတ နှင့် ဒု- သမ္မတ အဖြစ် အသီးသီး တင်မြှောက်ခံ ရကြောင်းကို မေလ ၂၅ ရက်နေ့က အတည်ပြု ကြေငြာ ခဲ့ပါတယ်။

Marcos Jr သည် အာဏာရှင်အဖြစ် ကျော်ဇောသည့် ဖိလစ်ပိုင် သမ္မတဟောင်း ​၏ သား ဖြစ်ပြီး Duterte သည် အာဏာလွှဲပြောင်းပေးရတော့မည် သမ္မတ Rodrigo Duterte ​၏ သမီးပင်ဖြစ်သည်။ ထိုသူ ၂ ဦးလုံးသည် ဇွန်လ ၃၀ ရက်တွင် တာဝန် စတင် ထမ်းဆောင်ရန်
စီစဉ်ထားတယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း
https://bit.ly/3xqc3wa
 

Add new comment

3 + 9 =