ဖိလစ်ပိုင်တောင်ပိုင်း၌ ကက် သလစ်ဘုန်းတော်ကြီးတစ်ပါး သေနတ်ဖြင့်ပစ်သတ်ခံရ

Fr.Rene Regalado

ဖိလစ်ပိုင်တောင်ပိုင်း၌ ကက် သလစ်ဘုန်းတော်ကြီးတစ်ပါး သေနတ်ဖြင့်ပစ်သတ်ခံရ

ဖိလစ်ပိုင်နိုင်ငံသည် အာရှတိုက်၌ကက်သလစ်ခရစ်ယာန်အများဆုံးနိုင်ငံဖြစ်သည်။ သို့ သော်မကြာခဏသာသနာပြုဘုန်းတော် ကြီးများပြန်ပေးဆွဲခံရသည့်အကြောင်း၊ ဒေသခံဘုန်းတော်ကြီးများသေနတ်ပစ်သတ်ခံရသည့်သတင်းများလည်းကြားရပါသည်။ ယခုလည်းဖိလစ်ပိုင်တောင်ပိုင်း မလိုင်ဗာ့လိုင် (Malaybalay) သာသနာမှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သော Fr.Rene Regalado မှာ ဇန်န၀ါရီလ ၂၄ ရက် နေ့ညနေတွင်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပါသည်။

သူသည်ကာလ်မဲလိုက်ရသေ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး၊ မိခင်ကျောင်းတော်ကြီးသို့အစည်းအဝေးတက်ရောက်ရန်မွန်းလွဲပိုင်းကရောက်ရှိနေခဲ့သည်။ အစည်းအ​ေဝေးပြီး ၍ သူသီတင်းသုံးသော စိန့်ဂျွန် (၂၃) ကောလ်လိပ်သို့ပြန်သွားစဉ် ည (၇:၃၀) အချိန်တွင်အ ခင်းဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဤအခင်း ကိုဆက်လက်စစ် ဆေးစုံစမ်းနေဆဲဖြစ်သည်။ ဘုန်းတော်ကြီး၏ခန္ဓာကိုယ်သည် ကားနှင့်သုံးမီတာအကွာခန့်၌တွေ့ရှိခဲ့ရပြီး၊ မျက်စိ၌ လည်းပွန်းပဲ့ဒဏ်ရများတွေ့ ရှိသည်။ ပစ်သတ်ရာတွင်အသုံး ပြုခဲ့သောသေနတ်ကိုလည်းအခင်းဖြစ်ရာနေရာ၌သာထားခဲ့သည်။ သက်ဆိုင်ရာရဲများ၏သုံးသပ်ချက်အရဘုန်းတော်ကြီးသည် ပစ်သတ်မခံရမီအချိန်၌လုံးထွေး သတ်ပုတ်ခဲ့ဟန်ရှိသည်ဟုဆိုပါသည်။

သက် ဆိုင်ရာအကြီးအကဲများကလည်း ဘုန်းတော်ကြီး၏၀ိညာဉ်အတွက်ဆုတောင်း ပေးရန်နှင့်တရားခံကိုအမြန်ဆုံးစုံစမ်းသိရှိနိုင်ရန် အတွက်ဆု တောင်းပေးကြပါရန်မေတ္တာ ရပ်ခံရုံမှလွဲ၍လပ်တလော၌ ဘာမျှမသိရှိရသေးပေ။

ဘာသာပြန်- ဖာသာရ်ကလဲ

မင့်အားတယ်

Photo courtesy of: Father Rene Regalado (Video grab from video of Kathy Jean Demol Concepcion)

https://bit.ly/2YjnyVi

Add new comment

1 + 2 =