ဖိလစ်ပိုင်ကွာယာအဖွဲ့ နိုင်ငံတကာသီချင်းပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူး

ဖိလစ်ပိုင်ကွာယာအဖွဲ့ နိုင်ငံတကာသီချင်းပြိုင်ပွဲ၌ ချန်ပီယံဆုဆွတ်ခူး

ဖိလစ်ပိုင် Malabon ကွာယာအဖွဲ့ဖြစ်သည် Ken Steven နိုင်ငံတကာ ဒုတိယအကြိမ်ကွာယာ ပြိုင်ပွဲ၌ ဆုကို ဆွတ်ခူးရရှိခဲ့သည်။

ထိုပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာထရာမြောက်ပိုင်း၌ စက်တင်ဘာလ (၂၃ - ၂၅) ရက်နေ့အထိကျင်းပခဲ့ခြင်းဖြစ်ပြီး အာရှနိုင်ငံမှပြိုင်ပွဲ၀င် (၉) ဖွဲ့အားယှဉ်ပြိုင်ဆွတ်ခူးခဲ့ ခြင်းဖြစ် သည်။ ၄င်းတို့၏ရိုးရာတူရိယာဖြင့် ဓမ္မတေးသွားအားတီးမှုတ်တင်ဆက်ခဲ့ကြကြောင်း၊ အဖွဲ့၀င်များသည် နိုင်ငံတကာပြိုင်ပွဲကိုပထမဦးဆုံးပါ၀င်ခြင်းဖြစ်ကြောင်း၊ ၄င်းတို့ပြိုင်ပွဲ၀င်ခဲ့သောဓမ္မတေးများမှာ Ko Matsushita စီစဉ်သော O Lux Beata Trinitas သီချင်းကိုလည်းကောင်း၊ Moses Hogan ၏ Didn’t My Lord Deliver Daniel ဖြင့်လည်းကောင်းပြိုင်ပွဲ၀င်ခဲ့သည်။ နောက်ဆုံးပြိုင်ပွဲ၌မှု Fidel Calalang Jr ၏ဖိလစ်ပိုင်သီချင်းတစ်ပုဒ်ဖြစ်သော Ayug-ti-Amianan (Scenes from the North)ဖြင့်ယှဉ်ပြိုင်ခဲ့ကြ သည်ဟုဆိုသည်။

၄င်းတို့အား သီချင်းအ၀င်အထွက်အချက်ပြသူမှာ Anthony Go Villanueva ဖြစ်ပြီး၊ သူသည် လည်း အကောင်းဆုံးအချက်ပြသူဆုကိုဆွတ်ခူးခဲ့သည်။ သူသည် ယခုကွာယာအဖွဲ့အား ပြီးခဲ့သော (၁၉) လကဖွဲ့စည်းခဲ့ကြောင်း၊ ယခုကဲ့သို့ချန်ပီယံဆုကိုဆွတ်ခူးရရှိလိုက်ခြင်းသည် တာထွက်ကောင်းသွားပြီး အ ကောင်းဆုံးများလာဦးမည်ဖြစ်ကြောင်းသူကပြောကြားခဲ့သည်။ အဖွဲ့၏ဖန်တီးမှုဆိုင်ရာဒါရိုက်တာ Briliant Juan က ယခုကဲ့သို့ဆုဆွတ်ခူးနိုင်သောကြောင့်ဂုဏ်ယူကြောင်း၊ ယခုကဲ့သို့ဆွတ်ထူးနိုင်ရန် အဖွဲ့သားများအား များစွာပြင်ဆင်ပေးဆက်ခဲ့ရကြောင်းပြောကြားခဲ့သည်။

ဤပြိုင်ပွဲအား Ken Steven ဟုအမည်ပေးရခြင်းမှာ ကမ္ဘာကျော်တေးရေးဆရာ၏အမည်ဖြစ်ကာ သူသည် အင်ဒိုနီးရှား နိုင်ငံ မြောက်ပိုင်းဆူမားထရားကျွန်း Medan မှဖြစ်သကဲ့သို့ ဖိလစ်ပိုင်ရှိ အာရှတိုက်၏၀တ်ပြု ခြင်းနှင့်မြူးစိပိုင်းဆိုင်ရာသင်တန်းကျောင်း၌ကျောင်းတက်ခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုး နီးယားနှစ်ခြင်းတက္ကသိုလ်၌ မြူးစိဘာသာရပ်၌ မာစတာဘွဲ့ဆွတ်ခူးခဲ့သူဖြစ်သည်ဟုဆိုသည်။

Caloocan မှဖိလစ်ပိုင်ဆရာတော် Pablo Virgilio David ကလည်းသူ၏လူမှုစာမျက်နှာပေါ်၌ ‘Congratulations, Malabon choir’ ဟုကွာယာအဖွဲ့အားဂုဏ်ပြုခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3RKOPcl

Add new comment

7 + 3 =