ဖိလစ်ပိုင်ကက်သလစ်အသင်းတော်မှသဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုကာကွယ်ရန်အတွက် အဖွဲ့အစည်း တစ်ဖွဲ့မှလှုပ်ရှား

ဖိလစ်ပိုင်ကက်သလစ်အသင်းတော်မှသဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုကာကွယ်ရန်အတွက် အဖွဲ့အစည်း တစ်ဖွဲ့မှလှုပ်ရှား

ဖိလစ်ပိုင်ကက်သလစ်အသင်းတော်မှသဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိုကာကွယ်ရန်အတွက် အဖွဲ့အစည်း တစ်ဖွဲ့မှလှုပ်ရှား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထုတ်ဝေခဲ့သောစာချွန်တော် ၅ နှစ်ပြည့်ထိမ်းအမှတ် ဖြစ်သည့် 'Laudato Si' နှင့်လိုက်လျောညီထွေဖြစ်ရန်အတွက် ဖိလစ်ပိုင်ကက်သလစ်အသင်းတော်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော၊ အန္တရာယ် ဖြစ်စေသော လုပ်ငန်း၊ လုပ်ရပ်များကိုတားစီးရန် ကတိပြုခဲ့ကြသည်။

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် ဘာသာရေးအဖွဲ့အစည်းများသည် ကျောက်မီးသွေးထုတ်လုပ်ခြင်း လုပ်ငန်းကဲ့သို့သော လုပ်ငန်းလုပ်ရပ်များမှ ရရှိသော ငွေကြေးကို အသင်းတော်၏ ဘဏ္ဍငွေအဖြစ် အသုံးပြုခြင်းမှရပ်ဆိုင်းရန် ကတိပြုသော တရားဝင်ကြေငြာစာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မေ လ ၂၁ ရက်နေ့ ကထုတ်ပြန်ခဲ့သော ဤကြေငြာစာတမ်း၌ Visayas region San Carlos သာသနာမှ မနီလာမြို့၏ဂိုဏ်းချုပ်ဆရာတော်ကြီး၊ ဖိလစ်ပိုင်မြို့ရှိသစ္စာသုံးပါးခံ သူတော်စင် အဖွဲ့များမှအကြီးအကဲများ၊ စိန့်သြဂတ်စတင်းအသင်းဂိုဏ်းမှသူတော်စင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၅ ခုနှစ် မေလ ၂၄ ရက်နေ့ကထုတ်ပြန်ခဲ့သော ' Laudato Si' စာချွန်တော်၌ရေးသားထားသော ' ကျွန်ုပ်တို့၏ နေထိုင်ရာ ကမ္ဘာမြေကြီးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ကြပါစို့' ဟူသော အရေးအသားအရ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် လက်ရှိကြုံ တွေ့နေရသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ရင်ဆိုင်ဖြေရှင်းရန် ဘာသာရေးအသင်းအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လုပ်ဆောင်နေကြသော အသင်းအဖွဲ့များအား သိမြင်နိုးကြားလာစေရန်နှင့် ဘုရားရှင်၏ လက်ရာတော်ဖြစ်သော သဘာဝ တရားကို ချစ်မြတ်နိုး တန်ဖိုးထားသောစိတ်ထားများ ဖြစ်လာရန်ဆန္ဒရှိကြောင်းသိနိုင်သည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်နွမ်းစေသော ကျောက်မီးသွေး

ထုတ်ပြန်ခဲ့သောကြေငြာချက်မှအသိပေးနှိုးဆော်သည်မှာ ကျောက် ဖြစ် ရုပ်ကြွင်းလောင်စာဖြစ်သော ကျောက်မီးသွေး သည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ထိခိုက်ပျက်စီးစေမှုကို အဓိကဖန်တီးပြီး လူသားတို၏ဘဝရှင်သန်မှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဘုရားရှင်၏ လက်ရာတော်ဖြစ်သော ဖန်ဆင်းခြင်းအမှုကို ထိန်းသိမ်းစောင့်ရှောက် ခြင်းကိုဆန့်ကျင်ရာရောက်သည်ဟုအသိပေးထားပါသည်။ အသင်းအနေဖြင့် ဤကဲ့သို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေးဘက်မှရပ်တည်သွားမည်ဟုလည်း ပြောကြားထားပါသည်။ ထို့ပြင် လတ်တလော ရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဆိုးကြီး နှင့် ရာ သီဥတု အပြောင်းအလဲဖြစ်စဉ်များကလည်း ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကိုတည်ဆောက်ရန် အသိပေးလျှက်ရှိသည်၊ကျောက်မီးသွေးကိုအသုံးပြုခြင်းသည် ဖိလစ်ပိုင်နိုင်ငံသားများက အခြားသောနေရာများ၌သုံးသောကုန်ကျစရိတ်လောက်စျေးမပေါပါဟု Auxiliary Bishop Broderick Pabillo, the apostolic Administrate of Manila Archdioces, who is staunch advocate of the environment ကပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ၌ စီးပွားရေးသမားများသည် လူသားတို့၏ကောင်းမွန်စွာအသက်ရှင်နေထိုင်ရေးကို ထည့်သွင်းစဉ်းစားခြင်းရှားပါးပြီး စီးပွားဖြစ်ထွန်း ရေးကိုသာဦးစားပေးသည်ကို တွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းများနှင့်အစိုးရ၏မူဝါဒများသည် လူသားများ၏ကောင်းကျိုးထက် မိမိတို့၏အကျိုးအမြတ်ရရှိရေးကိုသာ ဦးစားပေးတန်ဖို့ထားကြကြောင်းကို ဝမ်းနည်းစွာတွေ့ရှိရကြောင်းနှင့် ကျောက်မီးသွေးထုတ်လုပ်မှုအပေါ်မှီခိုမှုသည် ဆက်လက်၍ ကြီးထွားလာဦးမည်ဖြစ်ကြောင်း ဆရာတော်ကြီး Pabillo ကလူမှုကွန်ယက်၌ ရေးသားခဲ့သည်။

ဆရာတော်ကြီးသဘာဝအရင်းအမြစ်များကို မပျောက်မပျက်အောင်ဆက်လက်ထိန်းသိမ်း၍ အားဖြည့်ရှင်သန်စေမည့်လုပ်ငန်းများအစား နိုင်ငံအတွင်း၌ ကျောက်မီးသွေး ထုတ်လုပ်၍ဘဏ္ဍာငွေရှာသောလုပ်ငန်းများကို ရပ်ဆိုင်းရန်ဆရာတော်ကြီး Alminaza မှဖိလစ်ပိုင်နိုင်ငံ၏ဘဏ္ဍာရေးအဖွဲ့အစည်းအား မေတ္တာ ရပ်ခံခဲ့သည်။

ဤကဲ့သို့ လူ့ကျင့်ဝတ် ဂုဏ်သိက္ခာနှင့်ဆိုင်သောတာဝန်ဝတ္တရားများကို ဖြည့်စည်းရန်အလို့ငှါ ဖိလစ်ပိုင်နိုင်ငံရှိဘဏ်များသည် ရာသီဥတု ဖောက်ပြန်ဆိုးရွားမှုဒဏ်ကိုခံစားနေရသော ယနေ့ခေတ် အချိန်ကာ၏ လိုအပ်ချက်အရ ကျောက်မီးသွေး ထုတ်လုပ်၍ ဘဏ္ဍာငွေရှာဖွေခြင်းကို ရပ်တံရန် ခိုင်မာ၍တိကျသေချာသောအစီအစဉ်များရှိရမည်ဟု ဖေဖော်ဝါရီက Cagayan de ora မြို့၌ကျင်းပခဲ့သော တတိယအကြိမ်မြောင်ဖိလစ်ပိုင်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေး ထိပ်သီးအစည်းအဝေး၌ ဆရာတော်ကြီး Aliminaza မှပြောကြားခဲ့သည်။

ဆရာတော်ကြီးမှဆက်လက်၍ပြော
ကြားသည်မှာ ဘဏ်များအနေဖြင့် ကျောက်မီးသွေး ထုတ်လုပ်သောလုပ်ငန်းများကို တားမြစ်ပိတ်ပင်ရန်အတွက်သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရန်အတွက် ထိုလုပ်ငန်းများမှ ရရှိသော ဘဏ္ဍာငွေများ၊ ထောင်ပံကြေးငွေများကို ပယ်ထျက်ရန်သော်လည်းကောင်း၊ ဖိလစ်ပိုင် နိုင်ငံသားများအတွက် တတ်နိုင်သော.လက်ခံနိုင်သော သဘာဝအရင်းအမြစ်များထိန်းသိမ်းခြင်းကိုလုပ်ဆောင်နိုင်သောရှင်းလင်းပြတ်သားသည့်မူဝါဒများချမှတ်ရမည်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ( CBCP) ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ရေးစကားဝိုင်း
2019 ခုနှစ်ကကျင်းပခဲ့သော ဖိလစ်ပိုင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ညီလာခံမှ ဘာသာဝင်သားသမီးများအတွက် ထုတ်ပြန်ခဲ့သော နှိုးဆော်စာ ' ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အရေးပေါ်ကာလ' သည် ဆရာတော်ကြီးများ၏ ညီလာခံအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာစကားဝိုင်းဖြစ်စေရန်သော်လည်းကောင်း ၊ ကမ္ဘာမြေကြီး၏ ငိုကြွေးသံ၊ ဆင်းရဲသားများ၏အသံကို နားထောင်ရန်အတွက်သော်လည်းကောင်း ၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ဖြစ်စဉ်များကို ဆိုးရွားသည့်အကျိုးသက်ရောက်မှုများကို လျော့ပါးစေရန်အတွက် အတူတကွလက်တွဲလုပ်ကိုင်ကြရန် သော်လည်းကောင်း အားပေးတိုက်တွန်းသည်။

" သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆွေးနွေး ပွဲအတွက် အရေးပေါ်ဆင့်ခေါ်ခြင်း" ဟုခေါင်းစဉ်တပ်၍ ဘာသာဝင်သားသမီးများအတွက် CBCP ၏ဥက္ကဋ္ဌ ဆရာတော်ကြီး Romulo Valles of Davo မှဇူလိုင် ၁၉ ရက်နေ့ကထုတ်ပြန်ခဲ့သော ကြေငြာစာတမ်း၌ ဆရာတော်ကြီးက လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်အခြေအနေကို တွေးတောဆင်ခြင်ပြီး ခိုင်မာသော သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုများအားဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ကြရန် ကမ်းလှမ်းခဲ့သည်။

ဤကြေငြာစာတမ်းသည် ဖိလစ်ပိုင်ဆရာတော်ကြီးများမှ လွန်ခဲ့သော ၁၀ နှစ်ကထုတ်ပြန်ခဲ့သော သဘာဝပတ်ဝန်းကျင် ဆိုင်ရာကြေငြာချက် စာစဉ်ထဲ၌ ပါဝင်သည်။ ၁၉၉၈ ခုနှစ်က" ကျွန်ုပ်တို့ မှီတင်းနေထိုင်ရာ သာယာလှပသော ကမ္ဘာမြေကြီး မည်သို့ဖြစ်ပျက်နေပါသနည်း" ဟူသော အမည်ဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပထမဆုံး ကြေငြာစာတမ်း ကိုထုတ်ပြန်ခဲ့သည်။

ဘာသာပြန်ဆိုသူ- Sr.Geraline Swe

Photo credit: AFP or Licensors

https://bit.ly/3eA8fgM

Add new comment

1 + 0 =