ဖိလစ်ပိုင်ကက်သလစ်သာသနာမှ မေ ၃၀ ရက်ကို မြန်မာပြည်အတွက် အထူးဆုတောင်းရာနေ့အဖြစ်သတ်မှတ်

ဖိလစ်ပိုင်ကက်သလစ်သာသနာမှ မေ ၃၀ ရက်ကို မြန်မာပြည်အတွက် အထူးဆုတောင်းရာနေ့အဖြစ်သတ်မှတ်

ဖိလစ်ပိုင်ကက်သလစ်သာသနာမှ မေ ၃၀ ရက်ကို မြန်မာပြည်အတွက် အထူးဆုတောင်းရာနေ့အဖြစ်သတ်မှတ်

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချူပ်မှ Circular No. 21-35 ထုတ်ပြန်ချက်၌ လာမည့်မေ ၃၀ ရက်နေ့၊ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ ပွဲတော်နေ့ကြီး ကို ဖိလစ်ပိုင် တနိုင်ငံလုံးရှိ ကက်သလစ်ကာသီဒြယ်ကျောင်းတော်ကြီးများ၊ ဘုရားကျောင်းများအားလုံးတွင် ကျင်းပမည့် မစ္ဆားပူဇော်ခြင်းအားလုံး ကို မြန်မာပြည် နဲ့ ဒုက္ခခံစားနေရသော ပြည်သူပြည်သားများအားလုံးတို့အတွက် ၎င်း၊ မြန်မာကက်သလစ် သာသနာတော်အတွက်၎င်း အထူးပူဇော်ဆူတောင်းပေးသွားမှာဖြစ်တဲ့အကြောင်းဖော်ပြထားပါတယ်။

ဖိလစ်ပိုင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရဲ့ ဉက္ကဌ ၊ ဒါဗားအို ရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Romulo G. Vallas, D.D က ၎င်း အနေနဲ့ ကာဒီနယ် ချားစ်ဘို ထံမှ မကြာသေးမီက မြန်မာပြည် ကက်သလစ်ဘုရားကျောင်းအချို့နှင့် ခိုလှုံနေသူများ လက်နှက်ကြီးဖြင့်တိုက်ခိုက်ခံရခြင်း နှင့် ဒုက္ခခံစားနေရတဲ့ပြည်သူများအားလုံးအတွက် ထိခိုက်ခံစားရကြောင်း ဆုတောင်းပေးပါရန် CBCP သို့ပို့လာသော အထူးစာကို လက်ခံရရှိခဲ့ ကြောင်း၊ ကနဉီးထဲက ဖိလစ်ပိုင် ကက်သလစ် သာသနာဟာ မြန်မာပြည်အတွက် သတိယဆုတောင်းပေးနေသော်လဲ ကာဒီနယ် စာကြောင့် တဆင့်တိုးကာ အထူးအစီအစဉ်တရပ် ကို အမြန်ရေးဆွဲ၍ ယခုကဲ့သို့ မြန်မာပြည်အတွက် ဆုတောင်းရာနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း

အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ပါစေ။ အမြန်ဆုံးငြိမ်းချမ်းပါစေ။ ခရစ္ဆတီယာန်တို့အားမှိုင်းမတော်မူသော မယ်တော် ကျွန်ုပ်တို့အဘို့ ဆုတောင်းပေးတော်မူပါ ၊ ကျွန်ုပ်တို့နဲ့အတူရှိတော်မူပါလို့ ဆိုရင်း ဆရာတော်ကြီးက ထုတ်ပြန်စာကို အဆုံးသတ်ထားတာဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of : World Atlas/google images

Add new comment

2 + 0 =