ဖိလစ်ပိုင်ကက်သလစ်သာသနာတော်ကြီးသည် (၂၀၂၁) ကိုသာသနာပြုနှစ်အဖြစ်သတ်မှတ်ထား

ဖိလစ်ပိုင်ကက်သလစ်သာသနာတော်ကြီးသည် (၂၀၂၁) ကိုသာသနာပြုနှစ်အဖြစ်သတ်မှတ်ထား

ဖိလစ်ပိုင်ကက်သလစ်သာသနာတော်ကြီးသည် (၂၀၂၁) ကိုသာသနာပြုနှစ်အဖြစ်သတ်မှတ်ထား

(၁၅၂၁၊ မတ်လ၊ ၃၁) ရက်နေ့၌ဖိလစ်ပိုင်နိုင်ငံ၊ Leyte တောင်ပိုင်း၊ Limasawa ကျွန်းတွင်မစ္ဆားတရားကိုပထမဦး ဆုံးအကြိမ်ပူဇော်ခဲ့သည်။ ထို့ကြောင့် (၂၀၁၂) ခုနှစ်မှစ၍ဖိလစ်ပိုင်ကက်သလစ်သာသနာတော်ကြီးသည် (၉) နှစ်ကြာမျှ ဖိ လစ်ပိုင်မြေသို့သာသနာတော်ကြီးရောက်ရှိလာခြင်း နှစ် (၅၀၀) ရာပြည့်ပွဲတော်အတွက်ပြင်ဆင်လာခဲ့သည်။

ဤ (၉) နှစ် တာအတွင်းသာသနာတော်ကြီးအတွက်သော်လည်းကောင်း၊ ဘာသာတူများအတွက်သော်လည်းကောင်းအကျိုးရှိထိ ရောက်မည့်ဦးတည်ချက်တစ်မျိုးစီဖြင့်နှစ်စဉ်သတ်မှတ်ဆုံးဖြတ်၍ပြင်ဆင်လာခဲ့သည်။ ထို့ကြောင့်ဖိလစ်ပိုင်နိုင်ငံ၏ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က (၂၀၂၁) ကို “Missio ad Gentes” (လူမျိုးတကာဆီသို့သာသနာပြုနှစ်) အဖြစ် သတ်မှတ်ထားသည်။ ထိုသမိုင်း၀င်သောအခါသမယကိုကြိုဆိုသောအားဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ကက်သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သောဂိုဏ်းချုပ်ဆရာတော် Romulo Valles ကပြီးခဲ့သောစနေနေ့၊ နို၀င်ဘာလ (၂၈) ရက်နေ့က ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ပေးရန်လက်ဆောင်

ခရစ်ယာန်တရားသည်ကျွန်ုပ်တို့မြေသို့ရောက်ရှိလာခဲ့ပြီး၊ ရှင်သန်ပွားများလာခဲ့သည်။ ဤသို့ရောက်ရှိလာခဲ့ခြင်းမှာ ကိုယ်ကျိုးမဖက်ဘဲဆက်ကပ်ကြသော ကမ္ဘာအရပ်ရပ်မှသူရဲကောင်းစိတ်ဓာတ်ပိုင်ရှင်အမျိုးသား၊ အမျိုးသမီးသာသနာပြု ထောင်သောင်းများစွာတို့၏ပေးဆပ်မူကြောင့်ဖြစ်သည်။ ၄င်းတို့သည်ယေဇူးသခင်၏သာသနာပြုများဖြစ်ခဲ့ကြသည်။ ၄င်း တို့ခံယူရရှိခဲ့ကြသောယုံကြည်ခြင်းမျိုးစေ့ကိုအလွန်တန်ဖိုးထားထိန်းသိမ်းခဲ့ကြသည်။ ထို့အတူပြန်လည်‌ေ၀မျှရန်လည်း ဆန္ဒပြင်းပြခဲ့ကြသည်။ (၉) နှစ်တာအတွင်း ထားရှိခဲ့သောရည်ရွယ်ချက်များအားလုံးကိုပြန်လည်ဆင်ခြင်၍မကြာမီကျင်း ပမည့်ကက်သလစ်သာသနာတော်ကြီးရောက်ရှိလာခြင်းနှစ် (၅၀၀) ပြည့်ကိုကြိုဆိုသောအားဖြင့်ခရစ်ယာန်တို့၏အသက် တာသည် ‘ပေးမျှရမည့်လက်ဆောင်’ ဖြစ်သည်ကိုအသားပေးဖော်ပြထားသည်။ ဤ ‘ပေး‌ဝေမျှတတ်ခြင်း’ သည်ရာစုအ ဆက်ဆက်မှသာသနာပြုများအားစိတ်အားထက်သန်စေရန်တွန်းပို့ပေးခဲ့သောစိတ်ထားမြတ်ဖြစ်သည်။ ထိုစိတ်ဓာတ်သည် ယနေ့ကျွန်ုပ်တို့တစ်ဦးစီအားလည်းပြန်လည်ထွန်းညှိတောက်လောင်စေရမည်။ ထိုမီးပွားဖြင့်ဒေသအတွင်း၌ဖြစ်စေ၊ ရေခြား မြေခြားသို့ဖြစ်စေသာသနာပြုခြင်းအမူ၌ဆက်ကပ်ရမည်။ ဤသို့အားဖြင့် ‘သင်တို့သည်အဖိုးအခမပေးဘဲခံယူရရှိသည်ဖြစ် ၍ အဖိုးအခမပေးဘဲပေးကမ်းကြလော့’ ဟူသည့် ယေဇူးသခင်၏ပညတ်ကိုပြန်လည်ကြားးယောင်ကလက်တွေ့ဖော် ဆောင်ရာရောက်မည်။ နှစ် (၅၀၀) အခါသမယ၌ကျွန်ုပ်တို့အားလုံး ပြည်တွင်း၊ ပြည်ပသာသနာပြုခြင်းကိုပြန်လည်ဆန်း စစ်၊ ဆန်းသစ်ကာအနာဂါတ်၌ပိုမိုထိရောက်စွာသာသနာပြုနိုင်ရန်ဆုတောင်းကြရမည်ဖြစ်သည်။

ပျော်ရွှင်ခြင်း

သာသနာပြုခြင်းအမူတော်ကိုပျော်ရွှင်ခြင်းနှင့်သနားခြင်း၌ပြန်လည်ဆန်းသစ်ကြရမည်။ ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၁၃) ခုနှစ်ထုတ် Evangelii gaudium စာချွန်တော်၌ ကယ်တင်ခြင်းသမိုင်းသည် ‘ပျော်ရွှင်ခြင်း၏ကြီးမားသောစီး ချောင်း’ တစ်ခုဖြစ်သည်ဟုမိန့်ကြားထားပါသည်။ ထို့ကြောင့်ယုံကြည်ခြင်း၏ပျော်ရွှင်ခြင်းကိုပြန် လည်ရှင်သန်လာစေ တော်မူပါ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏သနားခြင်းသည်ဘယ်တော့အခါမျှအဆုံးသတ်သွားမည်မဟုတ်ပါ။

သနားကြင်နာခြင်း

သနားကြင်နာခြင်းအကြောင်းနှင့်စပ်လျင်း၍ပြောရာ၌ (၂၀၁၆) ခုနှစ်၊ သနားကြင်နာခြင်းထူးခြားဂျူဗီလီနှစ်က ‘သနားကြင်နာခြင်းသည်ဘုရားသခင်၏အမှတ်သကေတဖြစ်သည်။ ပျော်ရွှင်ခြင်း၊ တည်ကြည်ခြင်နှင့်ငြိမ်းချမ်းခြင်း၏ စမ်းအိုင်ဖြစ်သည်။ ထိုစမ်းအိုင်သည်ဘုရားနှင့်လူသားကိုချိပ်ဆက်ပေးသည်။ သနားကြင်နာခြင်းသည်လည်းအမိသာသ နာတော်ကြီး၏အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။ ကျွန်ုပ်တို့၏သာသနာအုပ်စုများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လှုပ်ရှားမူများ၊ အကျဉ်းချုပ်ဆိုရလျှင်ခရစ်ယာန်ရှိသောမည်သည့်နေရာ၌မဆို လူတိုင်း (ဘာသာတူ၊ မတူ) သနားခြင်းဖြင့်တွေ့ရှိနိင်ရမည်။  အိုအေစစ် (သနားခြင်းစမ်းရေးကိုဆိုလိုသည်။) ကိုရှာဖွေတွေ့ရှိနိုင်ရမည်။ ကျွန်ုပ်တို့၏သာသနာပြုနိုင် သောအခြေအနေကိုမည်သည့်အရာကမျှပိတ်ပင်ဟန့်တားမူမပြုစေသင့်။ ထို့အတူသာသနာပြုစိတ်ဓာတ်ကိုမည်သည့်အ ခြေအနေကမျှလျော့နည်းပပျောက်သွားစေရန်မဖြစ်စေသင့်’ ဟုဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ရ ဟန်းမင်းကြီးဖရန်စစ်၏သွန်ချက်ကိုကိုး ကားထား၍ကြေငြာချက်ထုတ်ပြန်တိုက်တွန်းထားပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်းအားတယ်

https://bit.ly/37vwtXX

 

Add new comment

5 + 0 =