ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင်တို့၏ စဥ်ဆက်မပြတ် ဒဏ်ဆပ်​ဖြေဆု​တောင်းခြင်းကာလ ​အောင်မြင်စွာပြီးဆုံး

ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင်တို့၏ စဥ်ဆက်မပြတ် ဒဏ်ဆပ်​ဖြေဆု​တောင်းခြင်းကာလ ​အောင်မြင်စွာပြီးဆုံး

ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင်တို့၏ စဥ်ဆက်မပြတ် ဒဏ်ဆပ်​ဖြေဆု​တောင်းခြင်းကာလ ​အောင်မြင်စွာပြီးဆုံး

ဖိလစ်ပိုင်နိုင်ငံ၊လူဇုန်သာသနာနယ်​မြောက်ပိုင်းရှိ ကက်သလစ်သာစနာတစ်ခုတွင် ၂၁ရက်တာ ဆု​တောင်းခြင်း၊ဒဏ်ဆပ်​ဖြေခြင်းနှင့် မစ္ဆားတရားပူ​ဇော်ခြင်းတို့ကို ​အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ နိုင်ငံအတွင်းရှိ ပြဿနာများနှင်ြကိုဗစ်​ရောဂါများအတွက် ရည်ရွယ်​သော ထိုအရီအစဥ်ကို Lingayen-Dagupanဂိုဏ်းချုပ်သာသနာတွင် ပြလုပ်ခဲ့ရာ သြဂုတ်လ၅ရက်​နေ့က ပိတ်ပွဲကို Our Lady of Manaoagဘာစီလီကာတွင် ကျင်းပခဲ့သည်။

ဇူလိုင်လ ၁၆မှစတင်ခဲ့ပြီး တစ်ဦးချင်းစီနှင့်နိုင်ငံတစ်ဝန်းရှိ အပြစ်များအတွက် ဆပ်​ဖြေခဲ့​ကြောင်း ဆရာ​တော်ကြီးက ​ပြောကြားခဲ့သည်။ သြဂုတ်လ ၅ရက်သည် ​ရောမမြို့ရှိ စိန့်​မေရီ​မေဂျာဘာစီလီကာအား အပ်နှံခြင်းပွဲဖြစ်သည့်အတွက် မယ်​တော်အမည်ခံယူ​သော Our Lady of Manaoagတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုဘုရား​ကျောင်းရှိ ဆင်စွယ်ဖြင့် ထုလုပ်ထား​သောစိပ်ပုတီးမယ်​တော် ဆင်းတုမှာ ၁၇ရာစုတွင် စပိန်တို့ ယူ​ဆောင်လာ​သော ဆင်းတုဖြစ်သည်။နှစ်စဥ် ဖိလစ်ပိုင်ကက်သလစ်ဘာသာဝင် သန်း​ပေါင်းများစွာသည် မယ်​တော်ကို သဒ္ဒါကြည်ညိုရန် လာ​ရောက်​လေ့ရှိသည်။ ဆရာ​တော်ကြီးက "ယခုအချိန်သည် မယ်​တော်၏ကြားဝင်​တောင်း​လျှောက်မှုကို ခံယူရန် အလိုအပ်ဆုံးအချိန်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တရားဥပ​ဒေမဲ့ သတ်ဖြတ်မှုများနှင့် အဆမတန် ကူးစက်ပြန့်နှံ့​နေ​သော ကိုဗစ်​ရောဂါကိုလည်း အပ်နှံပူ​ဇော်ပါ​ကြောင်း ​ပြောကြားခဲ့သည်။

 

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of : Roy Lagarde

https://bit.ly/2DmiR6l

 

 

Add new comment

1 + 1 =