ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများက နိုဘယ်ဆုရ Maria Ressa အားဂုဏ်ပြုချီးကျူး

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများက နိုဘယ်ဆုရ Maria Ressa အားဂုဏ်ပြုချီးကျူး

ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများက နိုဘယ်ဆုရ Maria Ressa အားဂုဏ်ပြုချီးကျူး

Maria Ressa သည် ဖိလစ်ပိုင်သမ္မတဒူတာတေးအစိုးရမှဥပဒေမဲ့သတ်ဖြတ်ခဲ့သော ထောင်ပေါင်းများစွာ သောပြည်သူတို့၏စာရင်းကိုပြုစုတင်သွင်းခဲ့သူဖြစ်သည်။ ထိုသတင်းအချက်အလက်များကိုမှန်ကန်ထိရောက်စွာ တင်ပြ နိုင်ခြင်းကြောင့် အောက်တိုဘာလ (၈) ရက်နေ့က ဖိလစ်ပိုင်-အမေရိကန်သတင်းထောက် Maria Ressa နှင့်ရုရှား အယ်ဒီတာ Dmitry Muratov တို့နှစ်ဦးအားနိုဘယ်ဆုပူးတွဲချီးမြှင့်မည်ဖြစ်သည်။ သတင်းသမားများအားနိုဘယ် ဆုချီးမြှင့်ခြင်းသည် (၈၅) နှစ်သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ၄င်းတို့အား ‘လွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်ခွင့်’ အတွက်မဆုတ်မနစ်ဘဲအရေးဆိုခဲ့သူများအဖြစ်ချီးမြှ့င့်ခြင်းဖြစ်သည်။

Maria Ressa ယခုကဲ့သို့ ချီး မြှင့်ခံရခြင်းအတွက် ဖိလစ်ပိုင် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့မှဂုဏ်ပြုခဲ့ကြသည်။ သူသည် ပထမဦးဆုံး နိုဘယ်ဆုချီးမြှင့်ခံရသည့် ဖိလစ်ပိုင်လူမျိုးလည်းဖြစ်သည်။ သူသည် လက်ရှိဖိလစ်ပိုင်သမ္မတ အာဏာရယူပြီးနောက် ပိုင်း ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ကြရသော ထောင် သောင်းနှင့်ချီ‌သော ဖိလစ်ပိုင်ပြည်သူတို့၏စာရင်းကို မကြောက်မရွံ့ဘဲ ကောက်ယူနိုင်ခဲ့
သည်ကိုလည်း ဆရာတော် ကြီးများက ချီးမွှမ်းခဲ့သည်။

ဆရာတော်ကြီးများ၏ဂုဏ်ပြုကြေညာချက် ထဲ၌ ‘နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ကိုအားပြု၍ အချိန်ကာလ၏အဖြစ်အပျက်အမှန်ကို တင်ပြဖော်ထုတ်ပေးနိုင်ခြင်း၊ ခေတ် ကာလ၏လိုအပ်ချက်၊ တောင်းဆိုနေမူကိုလည်းရဲ၀ံ့စွာတုန့်ပြန့်ခဲ့ခြင်း၊ ဆက်လက်တုန့်ပြန်နေဦးမည်ဖြစ်၍ ကျွန်ုပ်တို့ (ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်) အနေဖြင့် Maria Ressa နှင့်အခြားသောဂုဏ်ကျက်သရေရှိ အဖွဲ့၀င်လူကြီးမင်းများအားအထူးကျေးဇူးတင်ပါကြောင်း’ ပြောကြားထားသည်။

ဤအရေးကြီးသော အသိအမှတ်ပြုမှုသည် ဖိလစ်ပိုင်လူမျိုးအတွက်ပထမဦးဆုံးဖြစ်ကြောင်း၊ ကျွန်ုပ်တို့လူမျိုး ၏ ခံယူချက်များကို အားအင်ဖြစ်စေမည်ဟုမျှော်လင့်ကြောင်း၊ ဤသို့ဖြင့် သတင်းလွတ်လပ်စွာစီးဆင်းခွင့်ရရန်၊ ဤသို့ လွတ်လပ်စွာစီးဆင်းခြင်းဖြင့် အမှန်တရား၊ သတင်းကောင်းနှင့်တရားမျှတခြင်းကိုပိုမိုဖော်ထုတ်ရပ်တည်ပေးနိုင်မည် ဖြစ်သည်ဟုဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် သမ္မတဒူတာတေးအာဏာရလာသော (၂၀၁၆) နောက်ပိုင်း သတင်းသမားများအတွက် လုံခြုံမှုမရှိသော၀န်ကျင်းတစ်ခုဖြစ်လာခဲ့သည်။ ယခုနိုဘယ်လ်ဆုရှင်အားလည်း သတင်းအမှားသာဖြစ်ကြောင်း၊ စီအိုင်အေ ထံမှရသောမမှန်မကန်သတင်းများဖြစ်ကြောင်းဖြင့် ဖိလစ်ပိုင်၏လက်ရှိသမ္မတကပြောဆို‌ေ၀ဖန်တိုက်ခိုက်ထားသည်။ သတင်းသမားများသည် မကောင်းသောအမျိုးသမီးတို့၏သားသမီးများဖြစ်ကြသည်ဟုထိခိုက်ပြောဆိုခြင်း၊ လက်မနှေးလုပ်ကြံသတ်ဖျက်ရမည့်သူများဖြစ်သည်ဟူ၍ခြိမ်းခြောက်စကားများကိုလည်းပြောဆိုခဲ့သည်။

ယခင်နှစ်က ယခုနိုဘယ်လ်ဆုရှင်သည် နည်းပညာဥပဒေညှိစွန်း၍ဟုစွပ်စွဲခံရပြီး မနီလာတရားရုံး၌ အမှုရင်ဆိုင်ခဲ့ ရပြီး၊ ထိုအမှုဖြင့် ပြစ်ဒဏ် (၆) နှစ်နှင့် (၆) လထောင်ကျခဲ့ရသည်။ ဤပြစ်ဒဏ်ချမှတ်ခြင်းကို နိုင်ငံတကာလူ့အခွင့်အ ရေးအဖွဲ့နှင့်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ နယ်စည်းမခြားသတင်းသမားများအဖွဲ့၏ ‌ေ၀ဖန်ရှုတ်ချသည်ကိုခံ ခဲ့ရသည်။ နိုဘယ်ဆုချီးမြှင့်ခံရခြင်းနှင့်ပတ်သက်၍ဖိလစ်ပိုင်သမ္မတသည် မည်သည့်မှတ်ချက်မျှ မပြုသေးပေ။ သို့သော် သမ္မတရုံးတော်မှမူ ယခုကဲ့သို့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး နိုဘယ်ဆုချီးမြှင့်ခံရသည့်အတွက် ၀မ်းသာဂုဏ်ယူကြောင်းပြောကြားလာပြီဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Shutterstock

https://bit.ly/3j17CBS

 

Comments

God bless you and the holy spirit guide you all the way to his missions.

Thank you so much Pau! 

Thanks for joining RVA Myanmar. 

God bless you and the holy spirit guide you all the way to his missions.

thank you 

Add new comment

2 + 1 =