ဖာသရ်အမ်ဘရိုစ့်၏ပျံလွန်ခြင်းအတွက်အာရ်ဗီအေသတင်းဌာနမှဆုတောင်းမေတ္တာပိုသနေကြ

ဖာသရ်အမ်ဘရိုစ့်၏ပျံလွန်ခြင်းအတွက်အာရ်ဗီအေသတင်းဌာနမှဆုတောင်းမေတ္တာပိုသနေကြ

ဖာသရ်အမ်ဘရိုစ့်၏ပျံလွန်ခြင်းအတွက်အာရ်ဗီအေသတင်းဌာနမှဆုတောင်းမေတ္တာပိုသနေကြ

သူ၏အမည်အပြည့်အစုံကားဖာသာရ်ရေမွန်အမ်ဘရိုစ့်ဖြစ်ပါသည်။ သူသည်ယခင်က FABC (အာရှဆရာတော် ကြီးများအဖွဲ့ချုပ်) လူထုဆက်သွယ်ရေးရုံး၏ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သူသည် (၂၀၂၀၊ ဇူလိုင်လ၊ ၇) ရက်နေ့၌ အိန္ဒိယနိုင်ငံ၌ပျံလွန်သွားခဲ့သည်။ ပျံလွန်ချိန်၌ဖာသာရ်သည်သက်တော် (၇၅) ရှိပြီဖြစ်သည်။ ပျံလွန်ရသည့်အကြောင်း အရင်းမှာနှလုံးရောဂါကြောင့်ဖြစ်ပါသည်။

ဖာသာရ်သည် Radio Veritas Asia, RVA (အာရှသမ္မာတရားကက်သလစ် အသံလွှင့်ဌာန) အတွက်လည်း အတိုင် ပင်ခံအဖြစ် (၉) နှစ်တာထမ်းဆောင်ခဲ့သည်။ ဖာသာရ်သည်အိန္ဒိယနိုင်ငံ၊ Secundarabad ရှိမသန်စွမ်းဂေဟာ၌ပျံလွန် သွားခဲ့သည်။

ယခုကဲ့သို့ဖာသာရ်အမ်ဘရိုစ့်၏ရုတ်တရက်ပျံလွန်ခြင်းအတွက် FABC ၏ကိုယ်စား ကျွန်ုပ်အနေဖြင့်အလွန်၀မ်း နည်းပြီး၊ နှမျောတသရကြောင်း၊ ဖာသာရ်သည်စကားနည်းပြီး၊ အေးအေး လူလူနေတတ်သောသာသနာပြုဖြစ်ပြီး၊ အမိ သာသနာတော်ကြီးကိုအလွန်ချစ်ကြောင်း၊ သူ၏ရှိသမျှအစွမ်းအစများကိုလည်းဘုရား jသခင်အားအစေခံရန်အတွက်လုံး၀ ဆက်ကပ်အပ်နှံထားသူဖြစ် ကြောင်း၊ သူသည်အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏လူထုဆက်သွယ်ရေး၊ လူထုဖွံ့ဖြိုးတိုး တက်ရေး၊ ဆန်းသစ်သောပညာရေးအစီအစဉ်ဆိုင်ရာနှင့်အခြားသောသာသနာပြုကဏ္ဍများစွာ၌လမ်းပြသူ၊ လမ်းညွှန်သူ၊ မီးရှူးတစ်ဆောင်ဖြစ်ကြောင်း၊

စွမ်းဆောင်ရည်အလွန်မြှင့်မားသူ၊ အမျှော်အမြင်သတိတရားအလွန်မြင့်မားသူ၊ သူသည် သိမ်မွေ့သည်၊ နူးညံ့သည်၊ ၀ိညာဉ်ရေးအသက်တာ၌အလွန်နက်ရှိုင်းစွာရှင်သန်အားထုတ်နေသူဖြစ်ကြောင်း၊ သူနှင့်အ တူလက်တွဲအလုပ်လုပ်ခဲ့ကြသောလုပ်ဖော် ကိုင်ဖက်များအနေဖြင့်ဖာသာရ်သက်ရှိထင်ရှားရှိနေစဉ်ကရံပုံငွေသုံးစွဲခြင်း၊ အာရှသာသနာတော်ကြီး၏ စီမံ ကိန်းများနှင့်ပတ်သက်၍ သော် လည်းကောင်း၊ အလွန်စည်းစနစ်ကျနတင်းကြပ်ပြီး၊ စီစစ်ချွေ တာတတ်ကြောင်း၊

သူ၏အလွန်ရှေ့ပြေးသောအမြင်နှင့်ပြုပြင်ပြောင်းလဲမှုကိုအစဉ်ရှေ့ရူသောအတွေးအခေါ်များကြောင့် လည်းအာရှသမ္မာတရားအသံလွှင့်ဌာန(RVA = Radio Veritas Asia) သည်လှိုင်းတိုစနစ်ဖြင့်ထုတ်လွှင့်နေခြင်းမှ အွန်လိုင်းစနစ်သို့ပြောင်းလဲထုတ်လွှင့်နိုင်ခဲ့ကြောင်း၊ ဤလေလှိုင်းထုတ်လွှင့်ခြင်းစပ်ကူးမတ်ကူးကာလ၌လည်း သူသည်သတိကြီးစွာဖြင့်ထိန်းကြောင်းပေးခဲ့ကြောင်း၊ သူသည်အတွေးအမြင်ရှိသူ၊ သူ၏အားထုတ်မှုသည်မရေမတွက်နိုင်သောအသီး အပွင့်များစွာကိုပွင့်သီးလာစေခဲ့ကြောင်း၊

ချို့တဲ့နွမ်းပါးသူများအားစာနာတတ်သောသူ၏စိတ်ဓာတ်ခံကို Andhra Pradesh လူမှုအကျိုး ပြုအဖွဲ့ကိုတည်ထောင်နိုင်ခဲ့ခြင်းကိုကြည့်၍မှတ်ချက်ပြုနိုင်ကြောင်း၊ ထိုလူမူအကျိုးပြုအဖွဲ့သည်အ ခြေခံလူတန်းစားတို့၏စား၀တ်နေရေးကိုဦးမောလာစေရန်၊ မြှင့်တင်ပေးရန်ထူထောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သူသည် သန်စွမ်းနေသော်လည်းမသန်စွမ်းဂေဟာ၌သာသီတင်းသုံးခဲ့ပြီး၊ သူပျံလွန်သွားချိန်၌ရာထောင်ချီသောအိုးမဲ့အိမ်မဲ့များရှိ နေခဲ့ပြီး၊ သူ့အား၄င်းတို့၏ဖခင်အဖြစ်သတ်မှတ်မှီခိုနေကြကြောင်း၊

သူသည်အသက် အရွယ်ကြောင့်ဟုအကြောင်းပြကာ သူ၏သာသနာပြုအသက်တာ၊ အမှုတော်များကိုလျော့ပေါ့လုပ်ဆောင်ခြင်း၊ အနားယူခြင်းများကိုလည်းလုံး၀မပြုလုပ်၊ မ တောင်းဆိုခဲ့ပဲ အဆုံးတိုင်အောင်ဆက်ကပ်အပ်နှံသွားခဲ့သောမင်္ဂလာရှိသောအမိသာသနာတော်ကြီး၏ငယ်သားကောင်း တစ်ပါးဖြစ်ခဲ့ကြောင်းဖြင့်အာရှဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ၏ဥက္ကဌဖြစ်သောကာဒီနယ်ချားလ်စ်မောင်ဘိုမှ၀မ်း နည်းဂုဏ်ပြုသောသ၀တ်လွှာကိုရေးသားပေးပို့ခဲ့သည်။

(၂၀၁၉၊ မတ်လ) ကအာရှဆရာ တော်ကြီးများမှပေးအပ်လာသောအမှုတော်ကိုကျေပြွန်စွာထမ်းဆောင်အပြီးဖာသာရ်အမ်ဘရိုစ့်ရေးသားခဲ့သောစားတစ်စောင်၌

‘ဘုရားသခင်သူ၏ဘ၀၌ဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့သောကောင်းကြီး များကြောင့်၀မ်းသာပီတီရင်၌ပြည့်လျက်အိန္ဒိယနိုင်ငံသို့ပြန်ပါတော့မည်။ လူထုဆက်သွယ်ရေးကဏ္ဍ၌ကိုးနှစ်ကျော်အမှုတော်ထမ်းခွင့်ရခဲ့သည့်အတွက်ကျေးဇူးအထူးတင်ပါသည်။ အထူးသဖြင့်အာရှကက်သလစ်အသံလွှင့်ဌာန (RVA) ကိုကျေးဇူးတင်ပါသည်။

သူ၏စိတ်ကူးစိတ်သန်းများကိုလေလှိုင်းမှတဆင့်ဖော်ထုတ်လုပ်ဆောင်ခွင့်ရခဲ့သည့်အတွက်ဘုရားသခင်အားအကျေနပ်ကြီးကျေနပ်စွာဖြင့်ကျေးဇူးတင်ပါကြောင်း၊ သာသနာပြုတစ်ပါးဖြစ်ရခြင်း၏အဓိကဦးတည်ချက် မှာကမ္ဘာနှင့်အဝှမ်း၌ပျံ့နှံ့ရောက်ရှိနေသောသိန်းသန်းမကသည့်အာရှတိုက်သားများအားယေဇူးသခင်အကြောင်းသယ် ဆောင်ပေးရန်ဖြစ်ကြောင်း၊ သူအလွန်မြတ်နိုးတွယ် တာရသောအမှုတော်ကိုအာရှဆရာတော်ကြီးများအဖွဲ့ချုပ်နှင့်အာရှ သမ္မာတရားအသံလွှင့်ဌာနအားယုံကြည်စွာ၊ ကျေးဇူးတင်စွာအပ်နှံထားခဲ့မည်ဖြစ်ကြောင်း၊

ဤသို့ပုံဖော်လုပ်ဆောင်နိုင်ရန် သူ့အနေဖြင့်စိန်ခေါ်မှုများကိုလည်းရင်ဆိုင်ကျော်ဖြတ်ခဲ့ရကြောင်း၊ ယခင်လုပ်ဆောင်လာခဲ့သည်များကိုသာဆက်လက် လုပ်ဆောင်ကြရန်သာမဟုတ်ဘဲ၊ ခေတ်သစ်နည်းပညာများဖြင့်အသွင်သစ်၊ အမြင်သစ်များကိုလည်းဖန်တီးဖော်ဆောင်ကာ ၊ ယခုထက်မကအွန်လိုင်းမှသည်ကွန်ရက်ဖြန့်ကျက်လုပ်ဆောင်သွားကြရန်၊ သူ့အနေဖြင့်မိခင်တိုင်းပြည်သို့ပြန်သွားရ သည်မှားလည်း၄င်းတို့၏အမှားတစ်ခုမျှမပါဘဲဖြစ်လာသော အိုးမဲအိမ်မဲ့ (၄၂၀) ကျော်ကိုပြန်လည်ကြည့်ရူစောင့်ရှောက် ရန်တာ၀န်ပေးအပ်မူဖြင့်ဖြစ်ကြောင်း၊ အမိမယ်တော်ကဲ့သို့သူ၏စိတ်နှလုံးသည်လည်းကျေနပ်ပျော်ရွှင်မှုဖြင့်မယ်တော်၏ သီချင်း ‘မာညှီးဖီကပ်’ ကိုကျေးဇူးတင်စွာရွတ်ဆိုမည်ဖြစ်ကြောင်း၊

သူ့အားအာရှရေဒီယိုအသံလွှင့်ဌာန၏အတိုင်ပင်ခံအ အဖြစ် (၂၀၀၃-၂၀၀၉) အထိလည်းကောင်း၊ အာရှဆရာတော်ကြီးများအဖွဲ့လူထုဆက်သွယ်ရေးရုံး၏အထွေထွေအတွင်း ရေးမှူးအဖြစ်လည်း ယုံကြည်စွာခန့်အပ်ပေးသောဆရာတော်ကြီးများအားကျေးဇူးတင်ပါကြောင်း၊ ဉာဏ်ပညာအရာ၌မ ပြည့်စုံလှသော်လည်း ယခုကဲ့သိုအမှုတော်ထမ်းရန်ပေးအပ်ခံရခြင်းသည်ဘုရား သခင် ၏အစီအမံဖြစ်သည်ဟုယုံကြည် ကြောင်း၊ အဘယ်ကြောင့်ဆိုသော်သူသည်ဘုရားသခင်ကိုအစေခံနေခြင်းဖြစ်သောကြောင့်၊ ဘုရားသခင်သည်လည်းသူ့ အားပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း၊

ဘုရားသခင်ပေးအပ်လာသောအမှုတော်တိုင်း၌တော်တတ်လှ၍မဟုတ်ဘဲ ဘုရားသခင်၏အသုံးတော်ခံမှု၊ ဖြည့်ဆည်းပေးမှု၊ တန်ခိုးတော်ကိုယူတင်လွှမ်းခြုံပေးမှုတို့ကြောင့်ပြီးမြောက်အောင်လုပ် ဆောင်နိုင်မည်ဟုယုံကြည်ကြောင်း၊ အာရှရေဒီယိုအသံလွှင့်ဌာနကိုအထူးတလည်ကျေးဇူးတင်လိုကြောင်း၊ အဘယ်ကြောင့်ဆိုသော်နည်းပညာဆန်းသစ်မြှင့်တင်ရန်မဖြစ်မနေပြုပြင်ပြောင်းလဲရမည့်စိန်ခေါ်မူကိုကြုံတွေ့ခဲ့ရကြောင်း၊ ဤ ရုန်းကန်မှုတလျှောက်၌သူသာလျှင်အသုံး တော်ခံတန်ဆာတစ်ခုအဖြစ်ဘုရားသခင်၏လက်တော်၌ရှိနေခဲ့ကြောင်း၊ မြောက်များလှစွာသောနည်းလမ်းများဖြင့်ဘုရားသခင်သည်အမှုတော်များကိုပြီးပြည့်စုံအောင်ပြည့်ဆည်းပြီးမြောက်စေခဲ့ ကြောင်း’ ရေးသားခဲ့သည်။

မိခင်နိုင်ငံ၌ ဖာသာရ်အမ်ဘရိုစ့်သည် ရုပ်ပိုင်း၊ စိတ်ပိုင်းမူမမှန်သောအခြေအနေ၌ရှိနေသူများနှင့်လည်းကောင်း၊ ဖွံ့ဖြိုးမှုအလွန်အားနည်းသောရွာပေါင်း (၂၀၀၀) ကျော်မှလုပ်ကိုင်စားသောက်ရန်မြေယာမဲ့အမျိုးသမီးနှင့်လည်းကောင်း ချိပ်ဆက်၍စွမ်းဆောင်ရည်မြှင့်တက်လာရစေရန်လုပ်ဆောင်ပေးလျှက်ရှိသည်။ သူသည် Telegu ကက်သလစ်ဆရာတော် ကောင်စီအပိုင်ဖြစ်သော ရောင်စုံစာပုံနှိပ်လုပ်ငန်းကိုလည်းဦးစီးလုပ်ကိုင်ပြီး၊ Telegu ကက်သလစ်စာပေမြှင့်မားရေးကို လည်းလုပ်ကိုင်ခဲ့သည်။ သူ၏မိခင်နိုင်ငံ၌ဖာသာရ်အမ်ဘရိုစ့်သည် ဟိင်ဒီဘာသာ၊ တာမီးလ်ဘာသာ၊ တေလိဂုဘာသာများ ဖြင့်ရုပ်ရုင်ရိုက်ကူး ထုတ်လုပ်ရေး၌လည်းအကြံပေးသူအဖြစ်လည်းလုပ် ဆောင်နေသူဖြစ်သည်။

ဖာသာရ်အမ်ဘရိုစ့်သည် အာရှဆရာတော်ကြီးများအဖွဲ့ချုပ်မှလူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၏နာယကဖြစ်သော ဆရာတော်ကြီး Yvon Ambroise နှင့် ညီအစ်ကို တော်စပ်သည်။

RVA News
ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

 

 

Add new comment

8 + 11 =