ဖာတီမာမယ်တော်ပွဲကိုဘုရားဖူးများမပါဘဲပထမအဆုံးအကြိမ်ကျင်းပမည်။

ဖာတီမာမယ်တော်ပွဲကိုဘုရားဖူးများမပါဘဲပထမအဆုံးအကြိမ်ကျင်းပမည်။

ဖာတီမာမယ်တော်ပွဲကိုဘုရားဖူးများမပါဘဲပထမအဆုံးအကြိမ်ကျင်းပမည်။

ဘာသာတူများမပါစေချင်၍မဟုတ်။ ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်ဘာသာတူများပါ၀င်ခွင့် မပြု၍ဖြစ်ပါသည်။ နှစ်စဉ်ဘုရားဖူးများသိန်းသန်းဖြင့်ပြည့်လျှံနေခဲ့သောလမ်းဆုံ၊ လမ်းမကြီးများလူသူ ကင်းမဲ့ပြီး၊ တိတ်ဆိတ်ခြောက်ကပ်နေမည်။ နှစ်စဉ်မေလ (၁၃) ရက်မှစ၍ဘုရားဖူးရာသီကိုစတင်ကာ အောက်တိုဘာလအထိကျင်းပပါသည်။ အောက်တိုဘာလသည် (၁၉၁၇) မယ်တော်အားဖူးတွေ့ခဲ့ရ သောဖာတီမာမှကလေးသုံးဦးအားခြောက်ကြိမ်မြောက်အမိမယ်တော်ထင်ရှားပြခဲ့သောအချိန်ဖြစ်သည်။ ကပ်ရောဂါဘေးဆိုးကြီးကြောင့်ယခုနှစ်ဘုရားဖူးအဖွဲ့ပေါင်း (၃၅၀) ဖွဲ့သည်မိမိတို့၏အစီအစဉ်ဖျက် သိမ်းခဲ့ရသည်။ ဖာတီမာမယ်တော်ပွဲကိုနှစ်စဉ်ကဲ့သို့ကျင်းပမည်ဖြစ်သည်။ သို့သော်လည်းဘုရားဖူးများ၊ ဘာသာတူများမပါဘဲကျင်းပမည်ဖြစ်ကြောင်းကိုပေါ်တူဂီကက်သလစ်ဆရာတော်ကြီးများအဖွဲ့၏ဒုဥကဌလည်းဖြစ်ပြီး၊ Leiria-Fatima သာသနာ၏ကာဒီနယ် Antonio Marto ကပြီးခဲ့သောစနေနေ့ကတရား ၀င်ကြေငြာခဲ့သည်။

မေလ (၁၃) ရက်နေ့၏ပွဲတော်မစ္ဆားကိုအင်တာနက်လိုင်းမှသာထုတ်လွှင့်မည်ဖြစ် သည်။ ကိုယ်တိုင် ကိုယ်ကျမရောက်နိုင်၊ မပါ၀င်နိုင်သော်လည်း (၁၉၁၇) ခုကကလေးသူငယ်များအမိ မယ်တော်ကိုဖူးတွေ့ရခဲ့သကဲ့သို့ခံစားလျှက်ပါ၀င်ဆုတောင်းကြရန်တိုက်တွန်းခဲ့သည်။ ကိုယ်တိုင်မလာ ရောက်နိုင်သော်လည်းဝိညာဉ်အတွက် ၀တ်ပြုခြင်းကိုပြုနိုင်ရန်ဆုတောင်းမေတ္တာများကို၀တ်ဆိုင်များတွင် နေ့စဉ်တင်ပေးထားကြောင်း၊ ရောဂါကြောင့်အိမ်အောင်းကာလအလွန် မေလ (၃၀) နောက်ပိုင်း၌ဘုရား ဖူးများပါ၀င်သောမစ္ဆားတရားပူဇော်ခြင်းကိုဖြေးဖြေးချင်းစတင်သွားမည်ဟုလည်းစီစဉ်ထားကြောင်း၊ ဖာ တီမာမယ်တော်ပြခန်းကိုမေလ (၁၉) ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဘုရားဖူးသူများ၊ ဘုရားဖူးဌာနတွင်လုပ်အားပေးကြမည့်သူများရောဂါမကူးစက်စေရန်ကြိုတင်ကာကွယ်မူ၊ ပူးပူးကပ်ကပ် မဖြစ်စေရန်၊ ပိုးသတ်လက်ဆေးဆပ်ပြာများကိုလည်းစီစဉ်ထားပေးကြောင်း ဘုရားဖူးဌာန၏ တာ၀န်ခံ ဖာသာရ် Carlos Cabecinhas ကပြောကြားထား ပါသည်။

ဘာသာပြန်ဖာသာရ်ကလဲမင့်အားတယ်

Photo credit :ANSA

https://bit.ly/3bghO2o

Add new comment

5 + 1 =