ဖာတီမာမယ်တော့်ရင်ပြင်ရှိဆင်းတုတော်ကို ကမ္ဘာ့လူငယ်များနေ့ပွဲတော်အခမ်း အနားသို့ပင့်ချီလာမည်။

ဖာတီမာမယ်တော့်ရင်ပြင်ရှိဆင်းတုတော်ကို ကမ္ဘာ့လူငယ်များနေ့ပွဲတော်အခမ်း အနားသို့ပင့်ချီလာမည်။

ဖာတီမာမယ်တော်ထင်ရှားပြခဲ့သောနေရာ၌ တည်ဆောက်ထားသောဘုရားကျောင်း ဆောင်၌ပူဇော် ခံထားသောဖာတီမာမယ်တော်ဆင်းတုတော်ကို လွန်ခဲ့သည် (၁၀) နှစ်ခန့်က (၂၀၁၃) တွင်တစ်ကြိမ် ပင့်ယူပူဇော်ခံခဲ့ဖူးသည်။

လာမည့်ဩဂုတ်လ၌ပေါ်တူဂီနိုင်ငံ၏ မြို့တော် လစ်ဘွန်း၌ ဩဂုတ်လ (၁-၆) ရက်နေ့အထိကျင်းပမည့်ကမ္ဘာ့လူငယ်ပွဲတော်သို့ရောက်ရှိလာမည့်လူငယ်များလည်း ဖာတီမာသို့အရောက်သွားခွင့်မရှိသော်လည်း မယ်တော်အားဖူးခွင့်ရစေရန် မြို့တော်သို့ ကမ္ဘာ့လူငယ်များနေ့နောက်ဆုံးနေ့ မစ္ဆားပူဇော်ခြင်း၌ ပင့်ဆောင်လာမည်ဖြစ်သည်။

ယုံကြည်ခြင်းနှစ်အဖြစ်သတ်မှတ်ကျင်းပ သော (၂၀၁၃) ခုနှစ် ရဟန်းမင်းကြီးဖရန်စစ် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သောနှစ်၌လည်း အဆိုပါဘုရာကျောင်းဆောင်မှမယ်တော့်ဆင်းတုတော်ကို ရောမသို့ပင့်ဆောင်သွားခဲ့သည်။

ယခုတစ်ကြိမ် ကမ္ဘာ့လူငယ်များနေ့အခမ်းအနားသို့ထုတ်ယူပင့်ဆောင်သွားခြင်းသည် ဤဘုရားကျောင်းဆောင်မှထုတ်ဆောင်သည့် (၁၃) ကြိမ်မြောက်ဖြစ်ပါသည်။

ရောမသို့ (၃) ကြိမ်၊ ပေါ်တူဂီနိုင်ငံ၏မြို့ တော်အတွင်း၌လည်း (၃) ကြိမ်၊ ခရစ္စတူးဘုရင်၏ဗိမာန်တော်ရှိရာ Almada သို့ (၂) ကြိမ်၊ Leiria သသနာသို့ (၂) ကြိမ်၊ အဆိုပါသာသနာသည် ဖာတီမာမြို့တည်ရှိသောသာသနာဖြစ်သည်။ ထို့နောက် မာဒရစ်သို့လည်းကောင်း၊ Vila Vicosa မှ Evora ဂိုဏ်းချုပ်သာသနာသို့လည်းကေင်းပင့်ဆောင်ပူဇော်ခံခဲ့သည်။

ကမ္ဘာ့လူငယ်များနေ့အခမ်းအနားပိတ်ပွဲမစ္ဆားတရားပူဇော်ခြင်း၌ ဖာတီမာမယ်တော်ထင်ရှားပြခဲ့သော ဗိမာန်တော်မှဆင်းတု တော်ကိုပူဇော်ထားရှိခြင်းသည် ပေါ်တူဂီသည်မယ်တော်ပေါ်သောကောင်းချီးကိုခံစားရသည့်မြေဟုပြသလိုက်ခြင်းဖြစ် ကြောင်း ဖာတီမာမယ်တော့်ဗိမာန်တော်၏ လူမှုကွန်ရက်၌ရေးတင်ထားသည်။

ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးဒေသခံကော်မတီအနေဖြင့် ယခုကဲ့သို့ပင့်ဆောင်ပူဇော်ခွင့် ပြုရန်အတွက်အခွင့်ထူးကိုတောင်းခံခဲ့သည်။ မယ်တော်အားပင့် ဆောင်ပူဇော်ချိန်၌ ကြည်ညိုမှုနှင့်လုံခြုံမှုကြီးစွာဖြင့်ပင့်ဆောင်ပူဇော်ခံမည်ဖြစ် သည်။

ဤဆင်းတုတော်ကိုတစ်ရာစုခန့်ကထုဆစ်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ် လ (၆) ရက်နေ့ ကမ္ဘာ့လူငယ်များနေ့ပိတ်ပွဲမစ္ဆားပြီးစီးသွားသောအခါ ထိုနေ့မွန်းလွဲပိုင်း၌ မယ်တော်ဗိမာန်တော်၌ပြန်လည်ပင့်ဆောင်ပူဇော်ခံထားမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လစ်ဘွန်းသို့ဖာတီမာ မယ်တော်ဆင်းတုတော် ပင့် ဆောင်ခြင်းမပြုမှီ ဩဂုတ်လ (၅) ရက်နေ့၌ ဖာတီမာမယ်တော်၏ဗိမာန်တော်သို့ကြွရောက်၍ မယ်တော့်ဗိမာန်တော်၌ လူနာများ၊ မကျန်းမမာသူများနှင့်အတူဆုတောင်းမည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PcHV

Add new comment

1 + 0 =