ဖာတီမယ်တော်အားသဒ္ဒါကြည်ညိုမှုပွားများကြရန်ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ဖာတီမယ်တော်အားသဒ္ဒါကြည်ညိုမှုပွားများကြရန်ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

ဖာတီမယ်တော်အားသဒ္ဒါကြည်ညိုမှုပွားများကြရန်ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

အချို့ကက်သလစ်ဘာသာ၀င်များသည်အခြားဘာသာ၀င်တို့၏ဘာသာရေးအယူများ ၏လွှမ်းမိုး မှုများကြောင့်အမိမယ် တော်အားသဒ္ဒါ ကြည်ညိုမှုအား နည်း စွန့်လွတ်သည်များလည်းပြုလုပ်လာကြသည်။ ဤသို့ပြုလုပ်သောသူများသည်သမ္မာကျမ်းစာကိုမပိုင်၊ မနိုင်၊ မကျေသောသူ မျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ရဟန်းမင်းကြီးအဆက်ဆက်သည်အမိမယ်တော်အားသဒ္ဒါကြည်ညိုရန်အား ပေးတိုက်တွန်းလာခဲ့သည်။ သမ္မာကျမ်းစာထဲ၌လည်းအတိအ လင်း၊ အခိုင်အမာရှိမိန့်မြွတ်ထား သည်။

ယမန်နေ့ မေ (၁၃) ရက်နေ့သည်ဖာတီမာမြို့၌အမိမယ်တော်သိုးကျောင်း ကလေးသုံးဦးထံသို့ပေါ် လာသည့်နှစ်ပတ်လည်နေ့ဖြစ်သည်။ ထိုပွဲနေ့၌ရဟန်းမင်းကြီးကသူ့အားနားထောင်နေကြသောပိုလန် ဘာသာတူများအား ယနေ့ကျွန်ုပ်တို့သည်ဖာတီမာမယ် တော်၏နှစ်ပတ် လည် ပွဲကိုကျင်းပနေကြောင်း၊ မယ်တော်ထင်ရှားပြခဲ့သည်ကိုဆင်ခြင်၍ထိုထင်ရှားပြချိန်ပေးခဲ့သောသတင်း စကားကိုကမ္ဘာတစ်ဝှမ်းသို့ ကြားသိစေ ကြ ပါစို့ဟုတိုက်တွန်းခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျွန်ပေါလ် (၂) သေနတ်ပစ်ခံခဲ့ရသည့်အဖြစ်အပျက်ကိုပြန်လည် အမှတ် ရနေသည်။ စိန့်ဂျွန်ပေါလ် (၂) သည်အမိမယ်တော်၏အကာအကွယ်ကိုခံစားခဲ့ရသောကြောင့်အ သက်ဘေးမှကင်းလွှတ်ခဲ့သည်။ ယခုလာမည့်မေလ (၁၈) သည်လည်းစိန့်ဂျွန် ပေါလ် (၂) ၏ရာပြည့်မွေး နေ့နှင့်လည်းတိုက်ဆိုင်နေသည်။ ရဟန်းမင်းကြီးဖရန်စစ်ကထိုနေ့မစ္ဆားကိုစိန့်ပီတာဘုရားကျောင်းကြီး ၏အောက်ရှိ စိန့်ဂျွန်ပေါလ် (၂) ၏အုတ်ဂူတွင်ပူဇော်မည်။ အလွန်သန့်ရှင်းသောရဟန်းမင်းကြီး (ရောမ ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်) အားပေးသနား သောကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ကြပါစို့။ ထို့ အတူရောမဂိုဏ်းချုပ်သာသနာသည်လည်းအကျင့် ပြောင်းလဲလာပြီးရှေ့ဆက်ကြို စားသွား ရန်ကိုလည်း သူ၏ထပ်ဆင့်ဆုတောင်းပေးခြင်းကိုတောင်းခံကြပါစို့ဟုမိန့်ကြားခဲ့သည်။
ထို့နောက်ရဟန်းမင်းကြီးက ဖာတီမာမယ်တော်၏ကြား၀င်ဆုတောင်းပေးခြင်းဖြင့်ကမ္ဘာ့ငြိမ်း ချမ်းရေးအတွက်၊ လက်ရှိခံစားနေရသော ရောဂါကပ်ဆိုးကြီးအမြန်အဆုံး သတ်သွားရန်၊ ကမ္ဘာကြီး၏ အပြစ်ဒဏ်ဆပ်ဖြေခြင်းနှင့်နောင်တတရားယူလိုစိတ်များအတွက်ဆု တောင်းခဲ့သည်။

အီတလီဘာသာစကားပြောဘာသာတူများအားလည်း အမိမယ်တော်၏အစဉ်ကူညီစောင်မတတ်သည့် ကျေးဇူးကိုလည်းအစဉ်ကိုးစားတတ်ရန်၊ ဤသို့ဖြင့်လူတိုင်းသည်ဘုရားသခင်၏ချစ်ခြင်းနှင့်နီးစပ်သော သူများ၏ချစ်ခြင်း၌ဆက်လက်တည်မြဲမည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် လူငယ် များ၊ သက်ကြီးရွယ် အိုများ၊ နေထိုင်မကောင်းသူများနှင့်လော လောလတ်လတ်အိမ်ထောင်ပြုခဲ့ကြသူများအတွက်ဆုတောင်း ချွေပေးခဲ့သည်။

စိပ်ပုတီးစိပ်ရန်တိုက်တွန်းခြင်း

ပေါ်တူဂီစကားပြောသောဘာသာတူများအားနှုတ်ဆက်စဉ်၌ ယခုမယ်တော်၏လ၌ နေ့စဉ်ဆု တောင်းမေတ္တာကိုမပျက်မကွက်လုံ့လ စိုက်လုပ်ဆောင်ရန်၊ စိပ်ပုတီးစိပ်ခြင်းသည်ဖာတီမာမယ်တော်၏ အထပ်ထပ်တောင်းဆိုခဲ့သောဆုတောင်းမေတ္တာဖြစ်ကြောင်း၊ သူ၏ကာကွယ် စောင့်ရှောက်မှု၌ဘ၀၏နာကျင်မူ၊ ထိခိုက်မူများအားလုံးသည်ခံထမ်းလာနိုင်မည်ဖြစ်သည်ဟုတိုက်တွန်းအားပေးခဲ့သည်။

နီးစပ်သူများအားချစ်ပါ။

ဂျာမန်စကားပြောသောဘာသာတူများနှုတ်ဆက်စဉ်တွင်ပုပ်ရဟန်း မင်းကြီးက ဘုရားသခင်၏စံပြု ထိုက်သောအလွန်အင်အားကြီးမား သည်ချစ်သည်ကျွန်ုပ်တို့တွေ့ဆုံရသောသူများအားချစ်တတ်ရန်အ ကောင်းဆုံးသင်ခန်းစာဖြစ် ကြောင်း၊ အထူးသဖြင့်လက်ရှိကိုဗစ် (၁၉) ရောဂါ ဆိုးကြုံတွေ့နေရချိန်မျိုး တွင်ပို၍ချစ်ခြင်းကိုပြသရန်၊ ထို့နောက်သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည်ဘာသာတူတို့၏စိတ်နှလုံးထဲ၌ချစ် ခြင်း နှင့်ပျော်ရွှင်မူများဖြင့်ပြည့်စေပါမည့်အကြောင်းဆုတောင်းပေးခဲ့သည်။

ဖာတီမယ်တော်

(၁၉၁၇) ခုနှစ်၏မေလနှင့်အောက် တိုဘာလကြား အမိမယ်တော်သည်ပေါ်တူဂီသိုးကျောင်းသား သုံးဦးဖြစ်သော ဖရန်ချက်စကို၊ ဂျာစင်းတာနှင့်လူစီးယာတို့ထံ အကြိမ်ကြိမ်ကိုယ်ယောင်ထင်ရှားပြခဲ့ သည်။ ထိုသို့ထင်ရှားပြသည့်အချိန်တိုင်းကမ္ဘာကြီးအတွက်နှင့်အပြစ်ရှိသူများနောင်တရယူရန်ဆု တောင်းစေခဲ့သည်။ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါလ် (၂) သည်ဖာတီမာမယ်တော်ဂူသို့သုံးကြိမ်တိုင်တိုင် (၁၉၈၂၊ ၁၉၉၁၊ ၂၀၀၀) ကြွရောက်ဖူးမြှော်ခဲ့သည်။ သူ၏နောက်ဆုံးတစ်ကြိမ်ဘုရားဖူးဖြစ်သောမဟာ ဂျူဗလီနှစ် (၂၀၀၀) ၌မယ်တော့်ကိုဖူးတွေ့ခဲ့ရသောကလေးသုံးဦးအနက်ဖရန်ချက်စကိုနှင့်ဂျာစင်းတာ တို့နှင့်ဦးအားသူတော်စင်များအဖြစ်တင်မြောက်ခဲ့သည်။

ဖာတီမာမယ်တော်၏နှစ်ပတ်လည်အောက်မေ့ ဖွယ်ပွဲကိုနှစ်စဉ်မေလ (၁၃) ရက်နေ့တွင်ကျင်းပပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: ANSA

https://bit.ly/2LshIu9

Add new comment

3 + 16 =