ဖလော်ရီဒါပြည်နယ်မှ ကက်သလစ်စာသင်ကျောင်းအားဖျက်ဆီးသောအမျိုးသမီးဖမ်းစီးခံရ

ဖလော်ရီဒါပြည်နယ်မှ ကက်သလစ်စာသင်ကျောင်းအားဖျက်ဆီးသောအမျိုးသမီးဖမ်းစီးခံရ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် Miami-Dade ၌ဖွင့်လှစ်ထားသော စိန့်တီမောသီကက်သလစ်စာသင်ကျောင်းအားဖျက်ဆီးခဲ့သောအမျိုးသမီးအားရဲများက ဇွန်လ (၁၁) တနင်္ဂနွေနေ့ကဖမ်းစီးထားသည်။ သူသည် (၄၄) နှစ်ရှိသော Alfa Illescas ဆိုသူဖြစ်သည်။ အဆိုပါအမျိုးသမီးသည် စာသင် ကျောင်း၏နံရံပေါ်၌ပုံများရေးဆွဲနေသည်ကိုဘာသာတူများကမြင်တွေ့လိုက်၍သက်ဆိုင်ရာအားအကြောင်းကြားခဲ့ပြီး၊ ရိုက်ကူးထားသောဗွီဒီယိုမှတ်တမ်းအားပြန်လည်ကြည်ရူ၍ အဆိုပါတရားခံအမျိုးသ မီးအားဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သူသည်ကျောင်းနံရံနှင့်အခြားသောနေရာများအား ဆေးဖြန်းဗူးများဖြင့်ဖြန်းခြင်း၊ အမှိုက်ပုံးများအားကန်ကျောက်မှောက်လဲခြင်း၊ ပလ္လင်၏အစိတ်အပိုင်းအချို့ကိုလည်းရိုက်ချိုးဖျက်ဆီးထားသည်ကိုတွေ့ရှိခဲ့ရသည်။ သူသည် ဘုရားကျောင်းအားလည်းကောင်း၊ ၀တ်ပြုရာနေရာအား လည်းကောင်း မရိုမသေ၊ မဖွယ်မရာပြုသည့်အမှုဖြင့်တရားစွဲဆိုခံထားရသည်။

Miami ဂိုဏ်းချုပ်ဆရာတော်ကလည်း ယခုကဲ့သို့ကက်သလစ်ကျောင်းနှင့်ဘုရားကျောင်းအားမဖွယ်မရာ၊ မရိုမသေလုပ်ခံရခြင်းသည် လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းသည် မုန်းတီးစိတ်ဖြင့်ကျူးလွန်ခြင်းဖြစ်သည်ဟုမှတ်ချက်ပေးပြောကြားခဲ့သည်။

ကက်သလစ်အဖွဲ့အစည်းတစ်ခု၏ စစ်တမ်းများအရ (၂၀၂၀) မှစ၍ ကက်သလစ်ဘုရားကျောင်းစုစု ပေါင်း (၃၀၀) ခန့်ဖျက်ဆီးခံခဲ့ရကြောင်း၊ ဤသို့ဖြစ်လာရခြင်းမှာ (၄၀) ရာခိုင်နှုန်းသည် အထက်လွှတ်တော် ၏ အမျိုးသမီးကျန်းမာရေးနှင့်ဆိုင်သောကိုယ်၀န်ဖျက်ချခြင်းဥပဒေကိုပြုပြင်ပြောင်းလဲသည်မှစတင်ခဲ့ကြောင်း၊ အချို့ဖျက်ဆီးမှုများ၌ ပစ္စည်းများခိုးယူခြင်း၊ ရုပ်တု၊ ဆင်းတုများဖျက်ဆီးခြင်းများလည်းရှိခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/42JRAA5

Add new comment

5 + 10 =