Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဖလော်ရီဒါတွင် အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ခံစားရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေ
ဖလော်ရီဒါတွင် အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ခံစားရသူများအတွက် ပုပ်ဖရန်စစ်ဆုတောင်းပေ
ကြာသပတေးနေ့ နံနက်စောစောအချိန်တွင် ဖလော်ရီဒါပြည်နယ်၊ Surfside ရှိ ၁၂ ထပ်အမြင့်ရှိသော Champlain Towers ကမ်းခြေကွန်ဒိုမီနီယံအဆောက်အအုံကြီး ပြိုကျသွားခဲ့ရာ၊ လူ (၄) ဦး သေဆုံးပြီး (၁၅၉) ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း Miami-Dade မြို့တော်ဝန် Daniella Levine Cava မှ ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ၎င်းပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူများအား ထာဝရငြိမ်သက်ခြင်း ပေးသနားတော်မူပါရန်၊ ဆုံးရှုံးမှုအတွက်ဝမ်းနည်းပူဆွေးနေသူများအားနှစ်သိမ့်ပေးတော်မူပြီး ဤအဖြစ် ဆိုးကြောင့်ထိခိုက်ခံစားခဲ့ရသူအားလုံးကိုလည်း ခွန်အားပေးတော်မူပါရန် အနန္တတန်ခိုးတော်ရှင်ဘုရားသခင်ထံ ဆုတောင်းပေးခဲ့ကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသောမိသားစုများနှင့် ဒဏ်ရာရသူများအား ကူညီစောင့် ရှောက်ပေး နေသူများနှင့် ကယ်ဆယ်ရေးလုပ်သားများ အားလုံးကိုလည်း ရဟန်းမင်းကြီးမှ ကျေးဇူးတင်ရှိပါကြောင်း ဗာတီကန်သတင်းဌာနကဖော်ပြခဲ့သည်။
မြို့တော်ဝန် Cava မှ စနေနေ့နံနက်သတင်းစာရှင်းလင်းပွဲတွင် လူပေါင်း (၁၂၇) ဦး သေဆုံးခဲ့ကြောင်း၊ ပြိုကျမှုကြောင့်မီးလောင်ကျွမ်းပြီး မီးခိုးများကအမှိုက်ပုံများကြားထိပျံ့နှံ့သွားကာ ကယ်ဆယ်ရေး အဖွဲ့အတွက် အတားအဆီးတစ်ခုဖြစ်နေသော်လည်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကဦး စားပေး လုပ်ငန်းအဖြစ် မရပ်မနား ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ပြိုကျမှုတွင်ပျောက်ဆုံးနေသူအရေအတွက်မှာ (၁၅၉) ဦးဖြစ်ပြီး စနေနေ့နံနက်အထိ လူဦးရေပြောင်း လဲမှုမရှိ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
၎င်းအဆောက်အအုံအနီးရှိ စိန့်ဂျိုးဇက်ကက်သလစ်စီရင်စုမှ Fr. Juan Sosa က ကက်သလစ်မိသားစု (၉) စုသည် ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့်၊ ၎င်းပြိုကျမှုကြောင့်ထိခိုက်ခဲ့သူအားလုံးအတွက် သောကြာနေ့နံနက်ပိုင်းတွင် စိန့်ဂျိုးဇက်ဘုရားကျောင်း၌ မစ္ဆားတရားတော်ပူဇော်၍ဆုတောင်းပေးပြီး၊ စနေနေ့ညတွင်လည်း ပြိုကျခဲ့သည့်အဆောက်အအုံအနီး၌ ပန်းများနှင့်ဖယောင်းတိုင်များ ကိုင်ဆောင်လျက် စီတန်းလှည့်လည်၍ ဆုတောင်းပေးကြမည်ဖြစ်ကြောင်းကို သောကြာနေ့မွန်းလွဲပိုင်းတွင် CNA သတင်းဌာနသို့ပြောကြားခဲ့သည်။
“ကျွန်မက ဟာရီကိန်းတွေနဲ့ပတ်သက်ပြီး အချိန်အတော်ကြာအလုပ်လုပ်ခဲ့ပေမယ့် ဒီလောက်ထိပြင်းထန်တဲ့အဖြစ်အပျက်ကို မကြုံဖူးဘူး၊ လူတိုင်းရဲ့မျက်နှာပေါ်မှာ ဝမ်းနည်းမှုတွေပဲမြင်ရတယ်။ တကယ့်ကို ဝမ်းနည်းကြေကွဲစရာပဲ” လို့ လည်း ကက်သလစ်ဂိုဏ်းချုပ်သာသနာကရုဏာအဖွဲ့မှ ဝါရင့် ဝန်ထမ်းဖြစ်သူ Jackie Carrion က ဆိုရင်း ၎င်းပြိုကျမှုအတွက် ဖလော်ရီဒါကက်သလစ်သာသနာကို လည်းနှစ်သိမ့်စကားဆိုခဲ့ပါသည်။
ဘာသာပြန် - စစ္စတာရ်ဂါဘရီအဲလားအွမ်ပိုင် (SJA)
Photo courtesy of National Catholic Register
Add new comment