ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် တိုက်နယ်သစ်တစ်ခု ထပ်မံရရှိ

ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် တိုက်နယ်သစ်တစ်ခု ထပ်မံရရှိ

ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်သာသနာအတွက် တိုက်နယ်သစ်တစ်ခု ထပ်မံရရှိ

မေလ (၄) ရက်နေ့က ဖယ်ခုံကက်သလစ် ဂိုဏ်းအုပ်သာသနာ၊ ဟန်ဘူးကျေးရွာ၊ ရီနွဲ့ကျေးရွာအုပ်စုတွင်  ဟန်ဘူးတိုက်နယ်သစ်ဖွင့်ပွဲနှင့် စိပ်ပုတီးစိတ်ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

မေလ (၅) ရက်နေ့တွင်  ဦးပဉ္စင်းကြီး သိက္ခာခံယူပွဲ မစ္ဆားကို ပြုလုပ်ခဲ့ပြီး ကိုရင်ကလဲမင်းသည် ဆရာတော် ပီတာလှ လက်တော်မှ ဦးပဉ္စင်းသိက္ခာကို ခံယူရရှိခဲ့ပါသည်။  

ဟန်ဘူးတိုက်နယ်သစ် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ပေါလ်သန်းက တိုက်နယ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်လိုက်ခြင်းအားဖြင့် ဘာသာဝင် သားသမီးများအတွက် ‘’ ဘာသာရေးအသိတရားများနှင့် ကျန်တဲ့အပိုင်းတွေမှာ Message ပိုပေးနိုင်မယ်။ အများကြီးဖြန့် ဝေနိုင်မယ်။ ပိုပြီးလုပ်ဆောင်နိုင်မယ်။ ကိုယ့်ရဲ့သားသမီး စက္ကရမင်တူးရယူတဲ့အပိုင်းမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဧဝံဂေလိ သတင်းကောင်းကို ဖြန့်ဝေတဲ့နေရာမှာပဲဖြစ်ဖြစ် အများကြီး ပိုလုပ်ဆောင်နိုင်မယ် ။ ဘာသာဝင်အတွက် စက္ကရမင်တူးအပိုင်းတွေမှာလည်း ပိုပြီးတော့လုပ်ဆောင်ပေးနိုင်မယ်။ ဧဝံဂေလိသတင်းကောင်းကို ဖြန့်ဝေတဲ့နေရာမှာလည်း  အများကြီး ပိုလုပ်ဆောင်နိုင်မယ်။ဒီဒေသမှာရှိတဲ့ ဘာသာဝင်သားသမီးတွေအားလုံးကို ဘာသာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ လူမှုရေးနဲ့ဆိုင်တဲ့အချက်အလက်တွေ အများကြီး ပိုလုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်တယ် ။ ‘’ ဟု တိုက်နယ်တစ်ခု ဖြစ်လာြခင်းဖြင့် ဘာသာဝင်သားသမီးများအတွက် ဘာသာရေးဆိုင်ရာများကို ပိုမိုလုပ်ဆောင် ပေးနိုင်ကြောင်းကို ပြောပြခဲ့ပါသည်။

ဟန်ဘူးတိုက်နယ်သစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး နေရန် ဘုန်းကြီးကျောင်းဆောင်သီးသန့် မရှိသေးဘဲ လောလောဆယ်တွင် ဘုရားကျောင်းအောက်ထပ်၌သာ ကျောင်းထိုင်ဘုန်းတော်ကြီး နေထိုင်ရမှာြဖစ်ပါတယ်။

“တိုက်နယ်အသစ်အတွက်လိုအပ်ချက်တွေကတော့များစွာရှိနေပါသေးတယ်။ လိုအပ်ချက်တွေဘယ်လောက်များများ တစ်ခုချင်းစီ လုပ်ဆောင်သွားမယ်ဆိုရင် နောက်ပိုင်းမှာ အဆင်ပြေသွားမှာပါ” ဟု ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Paul သန်း က OSC Pekhon နှင့် အင်တာဗျူးတွင် ဖြေကြားထားချက်အရ သိရပါသည်။

ဆက်လက်ပြီး Fr. Paul Than က  “ ဘဝအသက်တာမှာ ယုံကြည်ချက်နဲ့ပဲ “ အလုပ်လုပ်သွားတာများတယ်။ ဒီအတွက် ဘုရားသခင်ကူညီစောင်မသွားမယ်လို့ ယုံကြည်တယ် “ ဟု ပြောပြခဲ့ပါသည်။

ဖယ်ခုံကက်သလစ်သာသနာ အတွင်းရှိ ဟန်ဘူးကျေးရွာတွင် ဘာသာတူဦးရေ (၅၀၀)ကျော်ရှိပြီး အိမ်ခြေပေါင်း (၁၀၀) ဝန်းကျင်ရှိကာ ဟန်ဘူးတိုက်နယ်သစ် တစ်ခုလုံးတွင် အိမ်ခြေပေါင်း (၃၅၀) ခန့်ရှိသည်ဟုသိရပါသည်။

News By – Pinky 

Add new comment

6 + 0 =