ဖမ်းဆီးခံထားရသောနီဂါရာဂွာဆရာတော်ထံ ကာဒီနယ်သွားရောက်လည်ပတ်ခဲ့

ဖမ်းဆီးခံထားရသောနီဂါရာဂွာဆရာတော်ထံ ကာဒီနယ်သွားရောက်လည်ပတ်ခဲ့

နီဂါရာဂွာနိုင်ငံ၊ Managua သာသနာ၏ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် Leopoldo Brenes က နီဂါ ရာဂွာနိုင်ငံ၏အာဏာရှင်အစိုးရဖြစ်သော Daniel Ortega ၏ ဖမ်းဆီးခံထားရသော Matagalpa သာသနာ၏ ဆရာတော် Rolando Álvarez အားသွားရောက်ကြည့်ရှုခဲ့သည်။

ဆရာတော်သည် ဩဂုတ်လ (၁၉) ရက်နေ့ ကဖမ်းဆီးခံခဲ့ရပြီး အတော်ကြာမှ ယခုကဲ့သို့သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံပြီးနောက် ဂိုဏ်းချုပ်ဆရာတော်မှကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ကြေညာချက်ထဲ၌ ယခုဖမ်းဆီးခံထားရ သောဆရာတော်၏ကျန်းမာရေးမှာဆိုးရွားနေပါသည်။ သို့သော် သူ၏စိတ်နှင့်ခံယူချက်မှာပြင်းထန်နေ လျှက်ရှိကြောင်း၊ ဂိုဏ်းချုပ်ဆရာတော်အနေဖြင့် ယခုကဲ့သို့ဖမ်းဆီးခံထားရသောဆရာတော်နှင့်အတူ ထပ်တူခံထမ်း‌ဝေမျှပြီး၊ ဆရာတော်၏သာသနာနှင့်လည်းနီးကပ်စွာရှိနေကြောင်းဖြင့်ရေးသားဖော်ပြ ထားသည်။ ဆရာတော်သည် အိမ်အကျယ်ချုပ်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။ ဂိုဏ်းချုပ်ဆရာတော်က လည်း ယခုကဲ့သို့မတရားမှုကိုပြတ်သားစွာ ထုတ်ဖော်ရပ်တည်သည့်အတွက်လည်း နီဂါရာဂွာနိုင်ငံ၏ ကက်သလစ်သာသနာအနေဖြင့်လည်း လေးစားဂုဏ်ယူကြောင်းဖော်ပြထားသည်။

ဖမ်းဆီးခံထားရသော ဆရာတော်၏သာသနာပိုင်မှဘာသာတူများက ဆုတောင်းခြင်းသည် ခရစ်ယာန်တို့၏အင်အားဖြစ်သည်။ ထို့ကြောင့် ခရစ္စတူးသခင်ထံ မပြတ်ဆုတောင်းကြရန်တိုက်တွန်းနိုးဆော် ပါကြောင်း၊ ဤသူ၏သိုးစုငယ်အားလည်း စောင့်ရှောက်ကာကွယ်ပေးပါမည့်အကြောင်း၊ ယခုကဲ့သို့ရှုပ်ထွေး နေသောအခြေအနေ၌ အာဏာရှင်ကိုအလျော့ပေးလိုက်လျောခြင်းလည်းမဟုတ်၊ အမှန်တရားကိုလည်း ကာကွယ်သည့်နည်းလမ်းမျိုးကိုရှာကြံဖြေရှင်းသင့်ကြောင်းဖြင့်လည်း ဘာသာတူများက ၄င်းတို့၏ဆန္ဒ ကိုလည်းထည့်သွင်းပြောကြားထားသည်။

ရဲတို့၏ပြောကြားချက်အရ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘုန်းတော်ကြီးများနှင့်ရဟန်း လောင်းကိုရင်များအား ‘El Chipote’ အကျဉ်းထောင်သို့ပို့ထားကြောင်း၊ အဆိုပါထောင်သည် နီးဂါရာဂွာ အာဏာရှင်သမ္မတအား ဆန့်ကျင်သူများကို ညှဉ်းပမ်းနှိပ်စက်ရာ၌ အလွန်နာမည်ကြီးသောအကျဉ်းထောင်ဖြစ်သည်။

ဆရာတော်၏အမှုကိစ္စနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ရာ၌ ပြစ်ဒဏ်နှစ်မျိုးဖြစ်နိုင် ကြောင်း တစ်ခုမှာ ပြည်နှင်ဒဏ်ပေးခြင်း၊ သို့မဟုတ် ထောင်ချခြင်းတို့ဖြစ်နိုင်ကြောင်းဖြင့် ရှေ့နေ Martha Patricia Molina Montenegro က ဩဂုတ်လ (၁၉) ရက်နေ့ကပြောကြားခဲ့သည်။ မည်သို့ပင်ဆိုစေ ဖမ်ဆီး ထိန်းသိမ်းခံထားရသောဆရာတော်အနေဖြင့် သူ့အားပြည်နှင်ဒဏ်ပေးသည့်အပြစ်ဒဏ်ကိုလုံး၀လက်ခံ မည်မဟုတ်ကြောင်း၊ ထို့အတူ သူနှင့်အတူဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ဘုန်းတော်ကြီးများ၊ ရဟန်း လောင်းကိုရင်များအား နှိပ်စက်ညှဉ်းဆဲရာ၌ အလွန်နာမည်ကြီးသော အကျဉ်းထောင်သို့ပို့လိုက်သည့်အ ကြောင်းကိုကြားသိရလျှင်ပိုဆိုးရွားသွားပေမည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3dToR8r

Add new comment

10 + 1 =