ပြောရေးဆိုခွင့်မရှိသူတို့၏ အသံဖြစ်ပေးကြဖို့ အီတလီ နိုင်ငံ ကက်သလစ်သတင်းဌာနများကို ရဟန်းမင်းကြီး တိုက်တွန်း

အီတလီနိုင်ငံ ကက်သလစ် သတင်းဌာနများ အစည်းအရုံး အဖွဲ့ဝင်များ နှင့်ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခြင်း

ပြောရေးဆိုခွင့်မရှိသူတို့၏ အသံဖြစ်ပေးကြဖို့ အီတလီ နိုင်ငံ ကက်သလစ်သတင်းဌာနများကို ရဟန်းမင်းကြီး တိုက်တွန်း
စက်တင်ဘာလ ၂၃၊ ၂၀၁၉

အီတလီနိုင်ငံ ကက်သလစ် သတင်းဌာနများ အစည်းအရုံး အဖွဲ့ဝင်များ နှင့်ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခြင်းတွင် ငြိမ်းချမ်းသော စကားလုံးများဖြင့် သောတရှင်များ အမှားအမှန်ခွဲခြားနိုင်အောင် ကူညီပေးကြဖို့ နှင့် ပြောရေးဆိုခွင့်မရှိသူတို့၏ အသံဖြစ်ပေးကြဖို့ ကက်သလစ်သတင်းဌာနများကို ပုပ်ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။

သင်တို့ သတင်းဌာနကို တည်ထောင်သူရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့၊ အသင်​း​တော်ရဲ့သွန်သင်ချက်များ၊ သမ္မာကျမ်းစာ နှင့် လူတို့ကို အစေခံသော အသင်းတော်နှင့်ဆိုင်သည့် သတင်းဌာနများဖြစ်ကြဖို့ ရည်ရွယ်ချက်ကိုမမေ့လျောကြပါနဲ့၊ သတင်းသမားတွေ၊ ဂျာနယ်သမားတွေဟာ သမိုင်းမော်ကွန်းတင်ပေးကြသူတွေဖြစ်တယ်၊ ဒါကြောင့် သင်တို့သတင်းဌာနများအားဖြင့် လူမပီသသောလုပ်ရပ်များအတွက် လူပီသသော လုပ်ရပ်များ၊ သတင်းမှားများအတွက်အမှန်တရားများ ဖြင့် လူတို့ကို ခွဲခြားနားလည်နိုင်စေရန် ကူညီပေးကြရမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အကြမ်းဖက်ပုံစံမျိုးမဟုတ်ပဲ၊ ရိုသေလေးစားမှုရှိစွာနဲ့ အမှန်တရားကို ဖော်ထုတ်ကြပါ၊

ပေါ့ပေါ့တန်တန်၊ အရေးမပါတာတွေနဲ့ပြည့်နှက်နေတဲ့အရာတွေထဲမှာ လေးနက်တဲ့အမှန်တရားကိုဖော်ထုတ်ကြပါ၊ သင်တို့ရဲ့ စကားလုံးများဖြင့် ကမ္ဘာကြီးကို ကောင်းမွန်စွာပုံဖော်ပေးနိုင်ကြရမယ်။ သင်တို့ရဲ့လုပ်ရပ်အားဖြင့် တာဝန်ယူလိုစိတ်များဖြစ်ပေါ်စေရမယ်၊ ကျွန်ပြုခံနေရသော သူတို့၏ လွတ်လပ်မှုရှာဖွေပေးသောနေရာ၊ ကောင်းမွန်သော အရာတွေမွေးထုတ်ပေးရာ နေရာများ ဖြစ်ကြရမယ်၊

ငြိမ်းချမ်းသော၊ တရားမျှတသော၊ မှန်ကန်သော၊ စည်းလုံးညီညွတ်စေသောစကားလုံးများဖြင့်သာ သာယာအေးချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မယ်ဆိုတာမမေ့ကြပါနဲ့။

ယနေ့ ဒီဂျစ်တယ် ခေတ်ကြီးမှာ သတင်းသမားတွေရဲ့ဘဝဟာ တကယ်မလွယ်ကူပါဘူး၊ ဝက်ဆိုဒ်​တွကနေ့ ယုံကြည်စိတ်ချရသော အချက်အလက်များကို လူသားအကျိုးပြုရေးအတွက်အဓိကထား ဖြန့်ဝေကြဖို့၊ ပြောရေးဆိုခွင့်မရှိသူတို့၏ အသံဖြစ်ပေးကြဖို့ ရဟန်းမင်းကြီးမှ တိုက်တွန်းပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2mG0znT

 

Zawgyi

ေျပာေရးဆုိခြင့္မ႐ွိသူတုိ႔၏ အသံျဖစ္ေပးၾကဖုိ႔ အီတလီ ႏုိင္ငံ ကက္သလစ္သတင္းဌာနမ်ားကုိ ရဟန္းမင္းႀကီး တုိက္တြန္း
စက္တင္ဘာလ ၂၃၊ ၂၀၁၉

အီတလီႏုိင္ငံ ကက္သလစ္ သတင္းဌာနမ်ား အစည္းအ႐ုံး အဖြဲ႔ဝင္မ်ား ႏွင့္ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ အ႐ွင္သူျမတ္ ေတြ႕ဆုံျခင္းတြင္ ၿငိမ္းခ်မ္းေသာ စကားလုံးမ်ားျဖင့္ ေသာတ႐ွင္မ်ား အမွားအမွန္ခြဲျခားႏုိင္ေအာင္ ကူညီေပးၾကဖုိ႔ ႏွင့္ ေျပာေရးဆုိခြင့္မ႐ွိသူတုိ႔၏ အသံျဖစ္ေပးၾကဖုိ႔ ကက္သလစ္သတင္းဌာနမ်ားကုိ ပုပ္ရဟန္းမင္းႀကီးမွ တုိက္တြန္းခဲ့ပါသည္။

သင္တုိ႔ သတင္းဌာနကုိ တည္ေထာင္သူရဲ႕ ရည္ရြယ္ခ်က္ျဖစ္တဲ့၊ အသင္​း​ေတာ္ရဲ႕သြန္သင္ခ်က္မ်ား၊ သမၼာက်မ္းစာ ႏွင့္ လူတုိ႔ကုိ အေစခံေသာ အသင္းေတာ္ႏွင့္ဆုိင္သည့္ သတင္းဌာနမ်ားျဖစ္ၾကဖုိ႔ ရည္ရြယ္ခ်က္ကုိမေမ့ေလ်ာၾကပါနဲ႔၊ သတင္းသမားေတြ၊ ဂ်ာနယ္သမားေတြဟာ သမုိင္းေမာ္ကြန္းတင္ေပးၾကသူေတြျဖစ္တယ္၊ ဒါေၾကာင့္ သင္တုိ႔သတင္းဌာနမ်ားအားျဖင့္ လူမပီသေသာလုပ္ရပ္မ်ားအတြက္ လူပီသေသာ လုပ္ရပ္မ်ား၊ သတင္းမွားမ်ားအတြက္အမွန္တရားမ်ား ျဖင့္ လူတုိ႔ကုိ ခြဲျခားနားလည္ႏုိင္ေစရန္ ကူညီေပးၾကရမယ္။ ဘယ္လုိအေျခအေနမ်ဳိးမွာပဲ ျဖစ္ျဖစ္ အၾကမ္းဖက္ပုံစံမ်ဳိးမဟုတ္ပဲ၊ ႐ုိေသေလးစားမႈ႐ွိစြာနဲ႔ အမွန္တရားကုိ ေဖာ္ထုတ္ျကပါ၊

ေပါ့ေပါ့တန္တန္၊ အေရးမပါတာေတြနဲ႔ျပည့္ႏွက္ေနတဲ့အရာေတြထဲမွာ ေလးနက္တဲ့အမွန္တရားကုိေဖာ္ထုတ္ၾကပါ၊ သင္တုိ႔ရဲ႕ စကားလုံးမ်ားျဖင့္ ကမာၻႀကီးကုိ ေကာင္းမြန္စြာပုံေဖာ္ေပးႏုိင္ၾကရမယ္။ သင္တ့ုိရဲ႕လုပ္ရပ္အားျဖင့္ တာဝန္ယူလုိစိတ္မ်ားျဖစ္ေပၚေစရမယ္၊ ကြၽန္ျပဳခံေနရေသာ သူတုိ႔၏ လြတ္လပ္မႈ႐ွာေဖြေပးေသာေနရာ၊ ေကာင္းမြန္ေသာ အရာေတြေမြးထုတ္ေပးရာ ေနရာမ်ား ျဖစ္ၾကရမယ္၊

ၿငိမ္းခ်မ္းေသာ၊ တရားမွ်တေသာ၊ မွန္ကန္ေသာ၊ စည္းလုံးညီၫြတ္ေစေသာစကားလုံးမ်ားျဖင့္သာ သာယာေအးခ်မ္းေသာ လူ႔အဖြဲ႔အစည္းကုိ တည္ေဆာက္ႏုိင္မယ္ဆုိတာမေမ့ၾကပါနဲ႔။

ယေန႔ ဒီဂ်စ္တယ္ ေခတ္ႀကီးမွာ သတင္းသမားေတြရဲ႕ဘဝဟာ တကယ္မလြယ္ကူပါဘူး၊ ဝက္ဆုိဒ္​တြကေန႔ ယုံၾကည္စိတ္ခ်ရေသာ အခ်က္အလက္မ်ားကုိ လူသားအက်ဳိးျပဳေရးအတြက္အဓိကထား ျဖန္႔ေဝၾကဖုိ႔၊ ေျပာေရးဆုိခြင့္မ႐ွိသူတုိ႔၏ အသံျဖစ္ေပးၾကဖုိ႔ ရဟန္းမင္းႀကီးမွ တုိက္တြန္းေျပာၾကားခဲ့ပါသည္။
By Kyi Maung
Credit to Vatican News
https://bit.ly/2mG0znT

Add new comment

1 + 6 =