ပြာခံပွဲအတွက်အသင့်ဖြစ်ပြီလား

ပြာခံပွဲအတွက်အသင့်ဖြစ်ပြီလား

ပြာခံပွဲနေ့ဟာ ၀ါတွင်းကာလစတင်တဲ့နေ့ဖြစ်ပါတယ်။

၀ါတွင်းကာလဆိုတာ သန့်ရှင်းသောရက်သတ္တပတ် အခါကြီးရက်ကြီး အတွက် ရက် ၄၀ ပြင်ဆင်ခြင်းဖြစ်တယ်

သန့်ရှင်းသောရက်သတ္တပတ်ဆိုတာကတော့ သခင်ခရစ်တော်ရဲ့ ဒုက္ခစရိယာခံခြင်း သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို အောက်​မေ့သတိယခြင်းဖြစ်ပါတယ်

ပြာခံပွဲနေ့မှာ ခရစ္ဆတူးအမှတ်အသားပုံသဏ္ဍာန်နဲ့ ပြာခံယူကြတယ်

ပြာကတော့ ပြီးခဲ့နှစ်က ကောင်းကြီးပေးထားတဲ့ မေတ္တာပန်းတွေကို မီးရှို့ထားတာပါ

ဒီပြာဟာ ခရစ်ယာန်တို့ရဲ့ မွေးဖွားခြင်းနဲ့ သေခြင်းကို သတိပေးခြင်းဖြစ်ပါတယ်

သင်သည်မြေမှုန့်မှလာ၍ မြေမှုန့်သို့ပြန်သွားရမည်။ (ကမ္ဘာဦးကျမ်း ၃:၁၉)

ဘုန်းတော်ကြီးက ဖြစ်စေ ဓမ္မတာ၀န်ခံကဖြစ်စေ ပြာတို့ပေးတဲ့အခါ နောင်တရ၍ ဧဝံဂေလိ တရားတော်ကိုယုံကြည်ပါလော့

ကက်သလစ်များပဲ မဟုတ်ပါဘူး မည်သူမဆိုပြာခံယူနိုင်ပါတယ်

ပြာခံပွဲနေ့ ဗုဒ္ဓဟူးနေ့မှာ မစ္ဆားတက်ရမယ်ဆိုတဲ့ ၀တ္တရားမရှိပေမဲ့လည်း

၀ါကြီး၀င်တဲ့ ဒီပြာခံပွဲနေ့ဟာ အစာရှောင် ၀ါရှောင်ခြင်း၊ ခြိုးခြံကျင့်ကြံခြင်းတွေကိုတော့ မဖြစ်မနေ ပြုကြရပါမယ်

#RVAMyanmarLentenSeason

Add new comment

5 + 8 =