ပြန်လည်သင့်မြတ်ရေးအတွက် နီကာရာဂွာ ရှိဆရာတော်ကြီးများမှ တောင်းဆိုခြင်း

ဆန်ကျင် နေကြသော အဖွဲ့များ

ပြန်လည်သင့်မြတ်ရေးအတွက် နီကာရာဂွာ ရှိဆရာတော်ကြီးများမှ တောင်းဆိုခြင်း
စက်တင်ဘာလ ၁၆၊ ၂၀၁၉

နီကာရာဂွာ နိုင်ငံတော်သမ္မတ ဒါနီအဲလ် အိုတေးဂါ ၏အစိုးရနှင့် ဆန်ကျင် နေကြသော အဖွဲ့များ အမြန်ဆုံးပြန်လည်သင့်မြတ်ကြပြီး ပိုမိုကောင်းမွန်သော တိုင်းပြည်အနာဂတ်ကိုတည်ထောင်ကြဖို့ရန် နီကာရာဂွာ ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ နိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့်အမှတ်တရ တနင်္ဂနွေ နေ့က တောင်းဆိုခဲ့ကြပါသည်။

နီကာရာဂွာရှိဆရာတော်ကြီးများမှ စည်းလုံးကြဖို့၊ နှစ်ဖက်အနာတရ ဒဏ်ရာများ မတိုးပွားစေဖို့၊ ရရှိခဲ့ပြီးသောဒဏ်ရာများကုသကြဖို့တောင်းဆိုရင်း၊ ပြသနာများဖြေရှင်းရာတွင် မီးကို မီးဖြင့်ငြိမ်းသတ်၍မရနိုင်ကြောင်းကိုလည်းသတိပေးခဲ့ပါသည်။

ပြည်သူလူထုကိုဦးစာပေးသော ကိုယ်စားပြုသော နိုင်ငံကို ရရှိအောင်ကြိုပမ်းကြဖို့၊ နိုင်ငံရေးလုပ်ရပ်များသည် မိမိတို့ချမ်းသာကြွယ်ဝဖို့မဟုတ်၊ တိုင်းသူပြည်သားများ ပျော်ရွှင်စွာနေနို်င်ရေး၊ မိသားစုဘဝများလုံခြုံရေး၊ အချင်းချင်းသင့်မြတ်သော နိုင်ငံဖြစ်ရေး တို့ကိုအလိုရှိကြောင်း၊ အမှန်တရား နှင့် ခွင့်လွတ်ခြင်းတရားသာ ငြိမ်းချမ်းရေးအတွက် စစ်မှန်သောလမ်းကြောင်းဖြစ်ကြောင်း ဆရာတော်ကြီးများ၏ တောင်းဆိုစာတွင် ထည့်သွင်းဖော်ပြထားပါသည်။

သာသနာတော်မှ နိုင်ငံတော်အစိုးရ နှင့် အတိုက်ခံအဖွဲ့များအကြား အပြန်အလှန်ဆွေးနွေးခွင့်ရရန် ကြိုးပန်းပေးနေကြောင်းကို ဖော်ပြထားပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kNQKDC

 

Zawgyi

ျပန္လည္သင္႔ျမတ္ေရးအတြက္ နီကာရာဂြာ ႐ွိဆရာေတာ္ႀကီးမ်ားမွ ေတာင္းဆုိျခင္း
စက္တင္ဘာလ ၁၆၊ ၂၀၁၉

နီကာရာဂြာ ႏုိင္ငံေတာ္သမၼတ ဒါနီအဲလ္ အုိေတးဂါ ၏အစုိးရႏွင့္ ဆန္က်င္ ေနၾကေသာ အဖြဲ႔မ်ား အျမန္ဆုံးျပန္လည္သင့္ျမတ္ၾကၿပီး ပုိမုိေကာင္းမြန္ေသာ တုိင္းျပည္အနာဂတ္ကုိတည္ေထာင္ၾကဖုိ႔ရန္ နီကာရာဂြာ ဆရာေတာ္ႀကီးမ်ား အဖြဲ႔ခ်ဳပ္မွ ႏုိင္ငံလြတ္လပ္ေရးရ႐ွိခဲ့သည့္အမွတ္တရ တနဂၤေႏြ ေန႔က ေတာင္းဆုိခဲ့ၾကပါသည္။

နီကာရာဂြာ႐ွိဆရာေတာ္ႀကီးမ်ားမွ စည္းလုံးၾကဖုိ႔၊ ႏွစ္ဖက္အနာတရ ဒဏ္ရာမ်ား မတုိးပြားေစဖုိ႔၊ ရ႐ွိခဲ့ၿပီးေသာဒဏ္ရာမ်ားကုသၾကဖုိ႔ေတာင္းဆုိရင္း၊ ျပသနာမ်ားေျဖ႐ွင္းရာတြင္ မီးကုိ မီးျဖင့္ၿငိမ္းသတ္၍မရႏုိင္ေၾကာင္းကုိလည္းသတိေပးခဲ့ပါသည္။

ျပည္သူလူထုကုိဦးစာေပးေသာ ကုိယ္စားျပဳေသာ ႏုိင္ငံကုိ ရ႐ွိေအာင္ၾကဳိပမ္းၾကဖုိ႔၊ ႏုိင္ငံေရးလုပ္ရပ္မ်ားသည္ မိမိတုိ့ခ်မ္းသာႂကြယ္ဝဖုိ႔မဟုတ္၊ တုိင္းသူျပည္သားမ်ား ေပ်ာ္ရႊင္စြာေနႏုိ္င္ေရး၊ မိသားစုဘဝမ်ားလုံျခဳံေရး၊ အခ်င္းခ်င္းသင့္ျမတ္ေသာ ႏုိင္ငံျဖစ္ေရး တုိ႔ကုိအလုိ႐ွိေၾကာင္း၊ အမွန္တရား ႏွင့္ ခြင့္လြတ္ျခင္းတရားသာ ၿငိမ္းခ်မ္းေရးအတြက္ စစ္မွန္ေသာလမ္းေၾကာင္းျဖစ္ေၾကာင္း ဆရာေတာ္ႀကီးမ်ား၏ ေတာင္းဆုိစာတြင္ ထည့္သြင္းေဖာ္ျပထားပါသည္။

သာသနာေတာ္မွ ႏုိင္ငံေတာ္အစုိးရ ႏွင့္ အတုိက္ခံအဖြဲ႔မ်ားအၾကား အျပန္အလွန္ေဆြးေႏြးခြင့္ရရန္ ၾကဳိးပန္းေပးေနေၾကာင္းကုိ ေဖာ္ျပထားပါသည္။
By Kyi Maung
Credit to Vatican News
https://bit.ly/2kNQKDC

Add new comment

2 + 3 =