ပြန်လည်ဖွင့်လှစ်တော့မည့်ဗာတီကန်ပြတိုက်

ပြန်လည်ဖွင့်လှစ်တော့မည့်ဗာတီကန်ပြတိုက်

ပြန်လည်ဖွင့်လှစ်တော့မည့်ဗာတီကန်ပြတိုက်

ကိုဗစ် (၁၉) ကူးစက်ရောဂါဆိုးကြီးကြောင့်ပိတ်ထားခဲ့ရသောရုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ကျောင်းများ အနက်သမိုင်း၀င်ပြတိုက်များလည်း ပါသည်။ ထိုပိတ်ထားသောသမိုင်း၀င်ပြတိုက်များတွင်ဗာတီကန်ပြ တိုက်လည်းပါသည်။

သို့သော်များမကြာမီလာရောက်လည်ပတ်သူ များ၀င် ထွက်လည်ပတ်ကြည့်ရှုလေ့ လာနိုင်ရန်ပြန်လည်ဖွင့်လှစ်တော့မည်။ သို့သော်ဗာတီကန်ပြည်နယ်ကျန်းမာရေး၀န်ကြီးဌာန၏လမ်း ညွှန်ချက်နှင့် အညီဖွင့်လှစ်မည်ဖြစ်သည်။

ပြတိုက်ကိုမတ်လ (၉) ရက်နေ့မှစတင်ပိတ်ခဲ့သည်မှာယခုဆို လျင်နှစ်လရှိပြီဖြစ်သည်။ ယခုဖွင့်လှစ်သည်မှာပုံမှန် အနေအထားဖြင့်လူကိုယ်တိုင်သွားရောက်ကြည့်ရှုရမည်မဟုတ်ဘဲ၊ ပြတိုက်ကိုဗွီဒီဖြင့်ရိုက်ကူးထားပြီး၊ ထိုဗွီဒီယိုကိုပြသပေးပြီး၊ တာ၀န်ရှိသူ မှ ရှင်းပြပေး မည်ဖြစ်သည်။

ဗာတီကန်ပြည်နယ်၏ အထွေ ထွေအတွင်းရေးမှူးဖြစ်သောဆရာတော်နှင့်တွေ့ဆုံမေး မြန်းချက်၌ပြတိုက်ကိုယခု ကဲ့သို့ လေ့လာလည်ပတ်ရခြင်းသည်အမှန်တကယ်ကိုယ်တိုင် ကိုယ်ကျလည် ပတ်လေ့လာခြင်းနှင့်လုံး၀တူမည်မဟုတ်။ ကိုယ်တိုင် ကိုယ်ကျလည်ပတ် ခြင်းသည်လာရောက်လည်ပတ် သူများအားအကျိုးပိုများစေသည်။ အနုပညာကိုခံစားရန်မှာမိမိ၏မျက်စိဖြင့်ထိထိမိမိကြည့်ရူလေ့လာ ရန်လိုသည် ဟုမှတ်ချက်ပြုခဲ့သည်။

ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်

ပြတိုက်ကိုပုံမှန်အနေအထားဖြင့်ပြန်လည်လေ့လာလည်ပတ်ခွင့်ပြုမည့်ရက်နီးကပ်လာသည်နှင့်အမျှလာရောက်လည်ပတ်သောသူတို့၏ကျန်းမာရေးအာမခံချက်ပေးနိုင်ရန်ပြင်ဆင်လျှက်ရှိသည်။

လာ ရောက်သူများ၏ကိုယ်ပူချိန်ကိုတိုင်းရန်စက်များတပ်ဆင်ခြင်းကိုပြုလုပ်နေသည်။ ပြတိုက်သို့လာရောက် လည်ပတ်ရန်ကြိုတင် ၍စာရင်းပေးသွင်းထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်စီစဉ်ထားသော အခန်းအကျယ် အ ၀န်းနှင့်လူဦးရေကိုထိန်းညှိရမည်ဖြစ်သည်။ ပြတိုက်သို့၀င်ရောက်ရာတွင်အခမဲ့ဖြစ် သည်။ လာရောက်လေ့လာလည်ပတ်သူများသည်နှာခေါင်း စီး ကိုတပ်ထားရမည်။ ယခုပြန်လည်ဖွင့်လှစ် မည့်အစီအစဉ်စတင်ချိန်တွင်လုပ်သား (၃၀) ဖြင့်သာစတင်လှည်ပတ်မည်ဖြစ်သည်။ ဤ၀န်ထမ်းဦးရေ သည်အလွန့်အလွန်နည်းပါးသည်။
အဘယ် ကြောင့်ဆိုသော်သာမန်အချိန်၌၀န်ထမ်းထောင်နှင့်ချီ၍ရှိခဲ့ သောကြောင့်ဖြစ်သည်။

စောင့်ဆိုင်းနေဆဲ

ဗာတီကန်ပြတိုက်ကိုစိတ်၀င်စားပြီး၊ ကိုယ်တိုင်၀င်ရောက်ကြည့်ရူလိုသူများအတွက်အောက်ပါ လင့်ခ်၌ ၀င်ရောက်ကြည့်ရူနိုင်ပါကြောင်း လည်းသတင်းကောင်းပေးလိုက်ပါသည်ဟုတာ၀န်ခံဆရာတော် ကပြောကြားခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2WM3jhO

Add new comment

1 + 0 =