ပြန်ပေးဆွဲခံဘုန်းတော်ကြီးနှင့်ရဟန်းလောင်းကိုရင်များပြန်လည်လွတ်မြောက်လာကြ

ပြန်ပေးဆွဲခံဘုန်းတော်ကြီးနှင့်ရဟန်းလောင်းကိုရင်များပြန်လည်လွတ်မြောက်လာကြ

နိုင်ဂျီးရီးယားနိုင်ငံသည် ခရစ်ယာန်များအတွက်အသက်အန္တရယ်လွန်စွာရှိသောနိုင်ငံဖြစ်သည်။ ခရစ်ယာန်ဟုဆိုလိုက်လျှင် ခရစ်ယာန်ဘာသာတူများကိုသာဆိုလိုသည်မဟုတ်။ သာသနာ့အမှုထမ်းများဖြစ်သော ဘုန်းကြီး၊ ရဟန်းလောင်းကိုရင်၊ သီလရှင်များကိုလည်းညွှန်းဆိုလိုပါသည်။ ၄င်းတို့အတွက်လည်းမလုံခြုံပေ။ မကြာခဏသတ်ဖြတ်ခံရ၊ ပြန်ပေးဆွဲခံရ၊ ဖမ်းဆီးထိန်းသိမ်းထားခံရသည့်အဖြစ်မျိုးနှင့်ကြုံနေရသည်။

ဩ ဂုတ်လ (၂) ရက်နေ့ကလည်း နိုင်ဂျီးရီးယားနိုင်ငံ ဂိုဏ်းအုပ်သာသနာတစ်ခုမှကက်သလစ်ဘုန်းတော်ကြီး (၁) ပါးနှင့်ရဟန်းလောင်းကိုရင် (၁) ပါးတို့ပြန်ပေးဆွဲခံခဲ့ရသည်။ သူတို့ (၂) ပါးသည်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောအဖြစ်ဆိုးနှင့်ကြုံသော်လည်း ကျန်းမာလျှက်ရှိသည်ဟုအာဖရိကသာသနာပြုသတင်းအရင်း အမြစ်ကဆိုပါသည်။

ဖမ်းဆီးခံရသူများမှာ တန်ဇားနီးယားနိုင်ငံမှရဟန်းလောင်းကိုရင် Melchior Mahinini နှင့်မာလီနိုင် ငံသားဖြစ်သော ဖာသာရ် Paul Sanogo တို့ဖြစ်ကြသည်။

၄င်းတို့သည် လွန်ခဲ့သော (၃) ပတ်ခန့်ကပင်ပျောက်ဆုံးနေခဲ့သည်။ သူတို့သည် နိုင်ဂျီးရီးယားနိုင်ငံ Minna ဂိုဏ်းအုပ်သာသနာတွင်သာသနာပြုနေစဉ်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်သည်။ (၃) ပတ်ခန့်ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ဩဂုတ်လ (၂၃) ရက်နေ့က သူတို့နှစ်ပါးသည်ပြန်လည်လွတ် မြောက်လာကြောင်း ၄င်းတို့အသင်း၏ ဒေသန္တရအကြီးအကဲက တရား၀င်အသိ ပေးကြေညာထားသည်။

ယခုကဲ့သို့လွှတ်မြောက်လာခြင်းသည် အားလုံး၏စိတ်ပူပန်ပြီး ဆု တောင်းခြင်း၏အသီးအပွင့်ပင်ဖြစ်ကြောင်း၊ ကျေးဇူးတင်ကြောင်းလည်းပြောကြားထားသည်။ သူတို့ပြန်ပေး ဆွဲသွားခဲ့သောသူများလက်ထဲ (၃) ပတ်ကြာရှိနေခဲ့သော်လည်းကျန်းမာလျှက်ရှိသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/TmyF

Add new comment

1 + 1 =