Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပြတ်သားသောဆုံးဖြတ်ချက်ကိုချမှတ်နိုင်သောလက္ခဏာများကိုပုပ်ဖရန်စစ်ချပြ
ပြတ်သားသောဆုံးဖြတ်ချက်ကိုချမှတ်နိုင်သောလက္ခဏာများကိုပုပ်ဖရန်စစ်ချပြ
ဆန်းစစ်ခြင်းသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့်ပြီးဆုံးမသွားပေ။ ချမှတ်လိုက်သောဆုံး ဖြတ်ချက်သည် မှန်ကန်သလော၊ သို့မဟုတ်ဆန့်ကျင်နေသလောဆိုသည်ကိုသိရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းသောဆုံးဖြတ်ချက်ချမှတ်ရန်လိုအပ်သည်။ ကောင်းသောဆုံး ဖြတ်ချက်ချမှတ်နိုင်ခြင်းဖြင့် အတွင်းစိတ်၏ငြိမ်းချမ်းခြင်းကိုဖြစ်စေသည်။
သင်တို့၌ဆုံးဖြတ်ချက်ရှိသည်။ ဆုံးဖြတ်ချက်သည် လမ်းကြောင်းဖြစ်သည်။ ထို့နောက်သင်တို့ဆုံးဖြတ်ချက်ချသည်။ ထိုဆုံးဖြတ်ချက်သည် အချိန်ကြာမြင့်စွာသင်တို့၏အတွင်းစိတ်အေးချမ်းခြင်းကိုပေးပါက ကောင်းသောဆုံးဖြတ်ချက်ဖြစ်သည့်လက္ခဏာဖြစ်ပါသည်။ ထိုငြိမ်းချမ်းခြင်းသည် သဟဇာတဖြစ်မှု၊ စည်းလုံးမှု၊ ကြံ့ခိုင်မှုနှင့်စိတ်အားထက်သန်မှုကိုဖြစ်စေသည်။
သင်တို့သည် စတင်၀င်ရောက်သွားသောလမ်းကြောင်းမှရုန်းထွက်ပြီး ပိုကောင်းသောလမ်းကြောင်းကိုပုံဖော်နိုင်သည်။ ခိုင်မာပြတ်သားသောဆုံးဖြတ်ချက်နှင့်အတူ ကျေးဇူးတရားနှင့်မှန်ကန်သောနေရာတစ်ခု၌ရှိနေသည့်ခံစားချက်ကိုသင်တို့ခံစားရပေမည်။ မှန်ကန်သောဆုံး ဖြတ်ချက်တစ်ခု၏အမှတ်လက္ခဏာကား မှားသည်မှန်သည်ကို ဘုရားသခင်မှပြညွှန်လာသည် ကိုပွင့်လင်းစွာလက်ခံယူခြင်းဖြစ်သည်။ မှားမှားမှန်မှန်ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကိုလက်ခံစေရန်မဟုတ်ပေ။ ဤစိတ်ခံယူချက်သည် ဇနီးမောင်နှံများနှင့်သက်ဆိုင်သည်။ အိမ်တွင်းအကြမ်းဖက်ခြင်းနှင့်နှီးနွယ်သည်။
ပိုင်ဆိုင်လိုစိတ်သည် ကောင်းမြတ်ခြင်း၏ရန်သူဖြစ်ပြီး ချစ်ခြင်းကိုသတ်ဖြတ်ပစ်လေ့ရှိ သည်။ စိတ်မကောင်းစွာဖြင့် ကျွန်ုပ်တို့မကြာခဏကြားနေရသော အိမ်တွင်းအကြမ်းဖက်မှုများစွာသည် အခြားတစ်ဦးတစ်ယောက်ကိုချစ်သည့်ကိစ္စမှဖြစ်လာသည်။ လုံး၀လုံခြုံမှုတစ်ခုကိုရယူရန်ကြိုးစားခြင်းဖြစ်သည်။ ထိုအခြေအနေသည် လွတ်လပ်မှုကိုသတ်၍ ဘ၀ကိုမွန်းကြပ်စေသည်။ နောက်ဆုံး၌ငရဲခန်းသမျှဖြစ်စေသည်။ အရာရာတိုင်းသည် ဘုရားသခင်ထံမှလာကြောင်းကိုနားလည်လက်ခံရမည်။ သို့မှသာဆုံးဖြတ်ချက်ကိုလွတ်လပ်စွာချနိုင်မည်ဖြစ်သည်။
လွတ်လပ်သောလူသားကား ကောင်းသောအရာများလက်ခံရရှိပါကကောင်းကြီးခံရသည်။ အကောင်းစားကြီးမဟုတ်သော်လည်း သူတို့ကောင်းကြီးခံစားရသည်။ ဤသို့ဖြင့်ရှေ့ဆက်ခရီးနင်ကြသည်။
ရဟန်းမင်းကြီးက အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ပွဲနေ့မတိုင်မှီတစ်ရက်အလို (ယမန်နေ့ ဗုဒ္ဓဟူးနေ့) ၌ စစ်ဘေးအန္တရာယ်ကြုံတွေ့နေကြရသောသူတို့အတွက် အထူးသဖြင့် ယူကရိန်းနိုင်ငံမှ ဓမ္မအာဇာနည်များခံထမ်းနေရသောဒုက္ခဝေဒနာအား နှစ်သိမ့်ပေးသောအရင်းအမြစ်ဖြစ်ရန်အမိမယ်တော်ထံပန်ကြားခဲ့သည်။
ရဟန်းမင်းကြီးသည် ယခုတစ်ကြိမ်ဘုရားဖူးများအားတွေ့ဆုံခြင်းကိုရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌ပြုလုပ်ခဲ့သည်။ ဆောင်းတွင်းကာလအအေးလွန်ကဲလွန်းသော ကြောင့် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်တွေ့ဆုံခြင်းကို ဤခန်းမ၌သာကျင်းပမည်ဖြစ်ပြီး၊ နွေရာသီ ရောက်မှသာ စိန့်ပီတာဟင်းလင်းပြင်တွင်ပြန်လည်ကျင်းပမည်ဖြစ်သည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment