ပြည်သာသနာမှ  ကက်သလစ်ရဟန်းတပါး ၌ ကိုဗစ် ပိုးတွေ့ရှိ

ပြည်သာသနာမှ  ကက်သလစ်ရဟန်းတပါး ၌ ကိုဗစ် ပိုးတွေ့ရှိ

ပြည်သာသနာမှ  ကက်သလစ်ရဟန်းတပါး ၌ ကိုဗစ် ပိုးတွေ့ရှိ

မြန်မာနိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးများထဲမှ ပထမဉီးဆုံး ကိုဗစ်ပိုး positive တွေ့ရှိရသူ အဖြစ် ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသ နာမှ ရဟန်းဝါတော် ၁ နှစ် ရှိပြီဖြစ်သော ပလက်ဝ လက် ထောက်ဘုန်းတော်ကြီး ဖာသာရ်စတီးဗင်းစိုးဘူ ဖြစ်ပါတယ်။

အထက်ပါဘုန်းတော်ကြီးအားအာဗီအေ မြန်မာ မှ ၁၅ မိနစ် ၄၅ စက္ကန့် အင်တာဗျူးခဲ့ပါတယ်။

သတင်းအစုံမှာ ၊ ဖာသာရ် စတီးဗင်း ဟာ သြဂုတ် လ ၁၁ ရက်နေ့မှာ ပလက်ဝ ကနေ ရန်ကုန်ကို ခရီးသွားခဲ့ရာ စစ်တွေ ရန်ကုန် လေယာဉ်ကို စီးနင်းလိုက်ပါခဲ့သူဖြစ်ကြောင်း

ထို့နောက် မကြာခင်မှာ သြဂုတ်လ ၁၀ မှ ၂၁ ရက်အတွင်း အထက်ပါ လေကြောင်း ခရီး စဉ် ဖြင့်လိုက်ပါခဲ့သည့် ခရီး သည်များ အနေဖြင့် အမြန်ဆုံးဆက်သွယ်ရန် အကြောင်း ကြား၍ သွားခဲ့ရာ Home Quarantine(HQ) အနေ
ဖြင့် ၇ ရက် ခန့် အရှေ့ဒဂုံရှိ OFM ကျောင်းတွင် သတင်းသုံးခဲ့တာဖြစ်ကြောင်း

Home Quarantine(HQ) နေစဉ် ၆ ရက်မြောက် နေ့မှာ Swab test ယူခဲ့ရာမှာ ပိုးမတွေ့ရှိကြောင်း သို့သော် swab test ယူရန် ခေါ်ဆောင် သွားသည့် လူနာတင်ယာဉ်ပေါ်မှာ အတူလိုက်ပါသူတစ်ဉီးတွင် ပိုးတွေ့ရှိသော​ကြောင့် လူနာတင်ယာဉ်ပေါ်ပါသူအား လုံးကို ၁၄ ရက် Quarantime ဝင်ရန် လှည်းကူး သို့ ခေါ်ဆောင်သွားခဲ့ပြီး ဒုတိယအကြိမ် ဆေးစစ်ချက် Swab test တွင်လည်း ပိုးမတွေ့သေးကြောင်းစက်တင်ဘာလ ၁၂ ရက်နေ့တွင် Swab test တတိ ယ အကြိမ်ယူခဲ့ပြီ စက်တင် ဘာ ၁၄ ရက် မှာတော့ တိုင်းကျန်းမာရေးက အကြောင်း ကြားရာမှာ Positive ပိုးတွေ့ရှိ သည်ဟု သိခဲ့ရတယ်လိုဆိုပါတယ်။

ပိုးတွေ့အပြီး စက်တင်ဘာ ၁၅ ရက်တွေ့တွင် လှိုင်မြို့နယ် Facilities Quarantine (FQ) တွင် ထားရှိကြောင်း နှင့် ဒီနေ့ ၁၆ ရက်နေ့အထိ တော့ ဘာမှ စစ်ဆေးချက်လာမယူသေးကြောင်း သို့သော် ထမင်း ၃ နပ် နှင့် အစစ အရာရာ အခမဲ့ စီစဉ်ပေးထားကြောင်း၊ အကျွေးအမွေး အလျှုရှင်များလည်း ရှိကြောင်း၊

လူနာတင်ယာဉ်ပေါ်မှ ပါလာသူ မိတ်ဆွေ နောက်တဉီး နှင့် အတူနေရကြောင်း ကျန်တဲ့ မိတ်ဆွေတွေကို ဘယ်ဌာန ပို့သည်ကိုတော့ ၄င်းအနေနဲ့ မသိလို့ ဆိုပါတယ်။

ဖာသာရ်ရဲ့ လက်ရှိကျန်းမာ ရေး အခြေအနေ ကိုမေးမြန်းရာမှာတော့

"ကျနော့ အနေနဲ့ ထူးထူးခြားခြား ခံစားရတာ မရှိပါဘူး၊ ကျနော် က နှာစေးနေတော့ နှာခေါင်းပိတ်တယ် အဲ့ဒါ ကြောင့် အနံ့မရတာလို့ပဲထင်တယ်။ အစာစားရင်လဲ ခံတွင်းတွေ့တယ် အကုန် အိုကေပါတယ်။ လက်ရှိ လှိုင်မှာတော့ ၁၄ ရက် နေရမယ်လို့သိရပါတယ်"

"လူမှုကွန်ယက်ကနေ ဖိုက်တင် နဲ့ အားပေးဆုတောင်း စကားပြောပေးကြတဲ့ မိတ် ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဖုန်းတွေလည်း အား လုံးမဖြေကြားပေးနိုင်ခဲ့ရင် နားလည်ပေးစေခြင်ပါတယ်။ တစ်ချို့လဲ အပြစ်ပြောတာလေးတွေ ကြားရတယ် ဒါပေမဲ့ ကျနော်လည်း ဒီလို ဖြစ်မယ်လို့ မထင်ခဲ့ဘူး မမျှော်လင့်ခဲ့ဘူးပေါ့နော်။ ဆုတောင်းပေးသံတွေ အားပေးသံတွေ ကြား သိရတာ အရမ်းအားရှိပါတယ်။ အားလုံးရဲ့ မေတ္တာဂရုဏာတွေကို အလေးအနက်တန်ဖိုးထားပြီး ကျနော် အမြန်ပြန်လည် ကျန်းမာအောင် ကြိုးစားနေထိုင်ပါ့မယ်။ အား လုံးအတွက်လည်း အထူးဆုတောင်းပေးနေပါ့မယ်" လို့ ဘုန်းတော်ကြီး ဖာသာရ်စတီးဗင်း စိုးဘူမှ အာဗီအေမြန်မာ နဲ့ ဖုန်းအင်တာဗျူးမှာ ဖြေ ကြားပေးခဲ့တာပါ။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Add new comment

6 + 10 =