ပြည်မြို့ သပိတ်စစ်ကြောင်း၌ ကျဆုံးသွားသော လူငယ်နှစ်ဦး၏ နာရေးသို့ ကက်သလစ်ဘာသာရေးခေါင်းဆောင်များသွားရောက်ဆုတောင်း

(၁၅.၁.၂၀၂၁)

ပြည်မြို့တွင် မတ်လ(၁၃) ရက်နေ့က စစ်အာဏာရှင် စနစ် ဆန့်ကျင်နေသည့် ဆန္ဒပြသပိတ်အား စစ်တပ်မှအကြမ်းဖက် ဖြိုခွင်းရာ လူငယ်နှစ်ဦး ကျည်အစစ် ထိမှန်၍ သေဆုံးခဲ့သည်ဟုသိရပါသည်။ သေဆုံးသွားသော လူငယ်နှစ်ဦးသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးများ ၊ သီလရှင်များနှင့် ဘာသာတူအချို့က ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ကာ ဆုတောင်းပေးခဲ့ကြသည်ဟု သိရှိရပါသည်။

‘’ ကိုးကွယ်မှု ဘာသာမတူညီကြပေမဲ့ ခံယူချက် ၊ ယုံကြည်ချက်တွေ တူညီသည့်အတွက် ကျွန်တော်တို့ ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးများ ၊ စ္စတာရ်များမှ သွားရောက်ဆုတောင်းပေး ‘’ ဟု ပြည်မြို့မှ ကက်သလစ် လူငယ်တစ်ဦးက ၎င်း၏ လူမှုစာမျက်နှာတွင် ရေးသားထားတာကိုလည်း တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ဆန့်ကျင် ဆန္ဒပြရင်း သေဆုံးသူပေါင်း မြောက်များစွာ ရှိနေပြီး ပြည်မြို့တွင်တော့ မတ်လ (၁၃) ရက်နေ့က မှ စတင်သွေးမြေကျခဲ့ခြင်းဖြစ်တယ်လို့သိရပါသည်။ သေဆုံးသွားသော လူငယ်နှစ်ဦးမှာ မောင်ထက်မြတ်အောင် ( ခ) အရှည်ကြီး အသက် (၁၉) နှစ် ရေကြောင်း တက္ကသိုလ် ပထမနှစ်ကျောင်းသား ဟုသိရပြီး ၊ နောက်တစ်ယောက်မှာ မောင်ဖြိုးဝေယံကျော် အသက်(၂၀) အရွယ်တို့ ဖြစ်တယ်လို့သိရပါသည်။ ၎င်းတို့၏ နာရေးကို မတ်လ(၁၅) ရက်နေ့တွင် ပြုလုပ်သွားမှာြဖစ်ကြောင်း ပြည်မြို့ သတင်းများအရသိရှိရပါသည်။

News : Pinky

#PhotoCreditToRespecfulOwner

#RVAMYANMAR #rvapastoralcare #SaveMyanmar #GODblessMyanmar #whatshappeninginmyamar

Add new comment

1 + 0 =