ပြည်နင်ဒဏ်ပေးခံခဲ့ရသည့်နီဂါရာဂွာဆရာတော် ပထမဆုံးအကြိမ် လူမြင်ကွင်း၌ပေါ်လာသည့်ပုံများ ထွက်ပေါ်လာ

ပြည်နင်ဒဏ်ပေးခံခဲ့ရသည့်နီဂါရာဂွာဆရာတော် ပထမဆုံးအကြိမ် လူမြင်ကွင်း၌ပေါ်လာသည့်ပုံများ ထွက်ပေါ်လာ

နီဂါရာဂွာနိုင်ငံ၏အာဏာရှင်အစိုးရသည် ကက်သလစ်သာသနာတော်ကြီးအား ပစ်မှတ်ထား ၍တိုက်ခိုက်နေသည်မှာနှစ်အတော်ကြာပြီဖြစ်သည်။ ယခုနောင်းပိုင်းနှစ်များ၌အလွန်ဆိုး၀ါးသောအခြေ အနေသို့ရောက်ရှိနေပါသည်။

နီဂါရာဂွာ၏ကက်သလစ်ဆရာတော် Rolando Alvarez သည် အာဏာရှင်အစိုးရ၏မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် လွန်ခဲ့သော ဇန္န၀ါရီလ (၁၄) ရက်နေ့က အကျဉ်းကျခံနေရာမှ အာဏာရှင်အစိုးရ Ortega နှင့်ဗာတီကန်တို့ကြားညှိနှိုင်း၍ ဆရာတော် Rolando Alvarez အပါအ၀င် အခြားသောဆရာတော်တစ်ပါး၊ ဘုန်းတော်ကြီး (15) ပါးနှင့်ရဟန်းလောင်းကိုရင် (၂) ပါးတို့ကို ပြည်နင်ဒဏ် (နိုင်ငံသားဖြစ်ခွင့်များဆုံးရှုံးရ) ပေးခဲ့ရသည်။

လက်ရှိ၌ ဗာတီကန်၌ခိုလှုံနေကြသည်။ ဆရာတော်သည် နီဂါရာဂွာအာဏာရှင်အစိုးရ၏ ထောင်ဒဏ် (၂၆) နှစ်ချမှတ်ခံထားခဲ့ရာမှလွတ်မြောက်လာခြင်းဖြစ်သည်။ စွပ်စွဲခံရသောပြစ်မှုမှာ နိုင်ငံတော်အပေါ်သစ္စာဖောက်မှုဖြင့်ဖြစ်သည်။ ရောမသို့ရောက်ရှိနေခဲ့သည်မှာ (၅) ကျော်ခဲ့ပြီဖြစ်သော်လည်း လူ့မြင်ကွင်း၌လုံး၀ထွက်ပြခြင်းမရှိဘဲ ယခုမှသာပထမဦးဆုံးအကြိမ်ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ၌ဆရာတော်သည် စပိန်နိုင် Siville မြို့၌ရောက်ရှိနေပြီး ပြီးခဲ့သောမေလ (၂၉) ရက်နေ့ကသူ့အားချီးမြှင့်ခဲ့သော ဂုဏ်ပြုဆုတံဆိပ်ကိုကိုယ်စားယူပေးခဲ့သောဂိုဏ်းချုပ်ဆရာတော် Jesus Sanz Montes ထံမှပြန်လည်လက်ခံယူခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/pTVCO

Add new comment

13 + 0 =